[Zawgyi]
Ref: Engadgeta
Min Than Htike (Akhayar)
www.akhayar.com
LG ရဲ့နောက်ထွက်မယ့် Flagship
[Unicode]
Smartphone ဈေးကွက်ထဲမှာ စိတ်ဝင်စားမှုသိပ်မရရှိတဲ့ LG Mobile အကြောင်းကို သိချင်သူအရမ်းနည်းပါတယ်။ ဒါပေမယ့် LG ကတော့ သူတို့ရဲ့အောင်မြင်တဲ့အပိုင်းဖြစ်တဲ့ Display ထုတ်လုပ်မှုမှာ စိတ်ဝင်စားမှုများပြားစွာရရှိထားပါသေးတယ်။ 2018 အတွက် LG Flagship ဖုန်းအသစ်တွေအတွက် မေ ျှာ်လင့်စရာတွေအများကြီးရှိနေပါသေးတယ်။
LG G6 နဲ့ LG V30 မှာသုံးသွားတဲ့ Display နှင့် Design တွေကတော်တော်ကောင်းပါတယ်။ ဒါပေမယ့် လူအများစိတ်ဝင်စားမှုသိပ်မရခဲ့ပါဘူး။ 2018 အတွက်တော့ LG G6 ရဲ့နောက် Version အသစ်ဖြစ်လာမယ့် G7 နေရာအတွက်ပြင်ဆင်နေပါပြီ။ LG G7 ကိုနာမည်ပေးဖို့မသေချာပဲ နာမည်အသစ်နဲ့လာဖို့ကပိုများတယ်လို့သိရပါတယ်။ LG G6 ထက်ပိုကြီးတဲ့ 6.1 Inch Display နဲ့လာဖို့ရှိပြီး သာမန် LCD မဟုတ်ပဲ နည်းပညာအသစ်ကိုသုံးမှာဖြစ်ပါတယ်။ Display နာမည်ကို MLCD+ လို့နာမည်ပေးထားပါတယ်။ MLCD+ ကအရင်က LCD တွေမှာပါနေကျ RGB သုံးရောင်တင်မဟုတ်ပဲ White အတွက်ပါသတ်သတ်ထည့်ပေးထားတဲ့အတွက် Battery အသုံးပြုမှုသက်သာစေမှာဖြစ်ပါတယ်။ Brightness များများရပြီး စွမ်းအင်သုံးစွဲမှုကို ၃၅% အထိလေ ျှာ့ချပေးလို့ Phone ကိုကြာကြာပိုသုံးနိုင်လာမှာဖြစ်ပါတယ်။
LG က Display အပိုင်းကိုပဲပိုဦးစားပေးထားတာလိုဖြစ်နေပါသေးတယ်။ Feature အသစ်နဲ LG UX အတွက် Feature အသစ်တွေ၊ ဆန်းသစ်မှုတွေလိုနေသေးတယ်လို့ယူဆပါတယ်။ Flagship အသစ်ကို Qualcomm Snapdragon 845 နဲ့ပဲတွေ့ရမှာဖြစ်ပြီး RAM ကို 4GB ပဲသုံးမှာဆိုတော့ Software Optimization လိုမှာပါ။ Dual Camera ပိုင်းမှာတော့ LG ရဲ့  Wide Angle Mode ဆက်လက်ပါဝင်ပြီး Portrait Mode ကိုတော့ ခန့်မှန်းရခက်နေပါသေးတယ်။ Build-In Speaker ပိုင်းမှာတော့ တိုးတက်မှုအနေနဲ့ Stereo Speaker တွေပါဝင်လာဖို့ရှိပြီး Boombox လို့နာမည်ပေးထားပါတယ်။ IP68 Rating ရှိပြီး Military Standard အထိရှိတယ်လို့သိရပါတယ်။ Wireless Charging ကိုလည်း Fast Charging Update ရလာနိုင်ပါတယ်။
Ref: Engadgeta
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။