[Zawgyi] 



LG Watch



Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Hybrid Smartwatch ကို LG ကထုတ်လုပ်တော့မယ်လို့ သတင်းထွက်နေ

လက်တလော ကောလဟာလတွေအရ LG က Smartwatch အသစ်ကိုထုတ်လုပ်နေတယ်လို့ သိရပါတယ်။ LG Watch Timepiece လို့ နာမည်ပေးနိုင်ပါတယ်။ Google ရဲ့ Wear OS ကိုပဲအသုံးပြုထားမှာဖြစ်တယ်လို့ သတင်းထွက်ထားပါတယ်။ 

LG ကအရင်ကလည်း Smartwatch ကိုထုတ်ခဲ့ဖူးပါတယ်။ လက်ရှိပြည်တွင်းဈေးကွက်မှာတော့ သိပ်ပြီးလူသိမများပေမယ့် အခြားနိုင်ငံတွေမှာတော့ လူငယ်ပရိတ်သတ်ကို ဆိုင်ထားပါတယ်။ LG လက်ရှိရောင်းချနေတဲ့ Smartwatch လေးတွေကတော့ LG Watch Style နဲ့ LG Watch Sport တွေပါ။ နောက်ထပ်ထုတ်မယ့် Smartwatch ကတော့ လက်ရှိ LG Watch တွေလိုမျိုး မဟုတတ်ပဲ နာရီလက်တံအစစ်တွေကိုသုံးပေးထားမှာပါ။ 

LG Watch

နာရီလက်တံတွေနဲ့ Wear OS တို့ပေါင်းလိုက်တော့ Hybrid Smartwatch စာရင်းဝင်သွားပါတယ်။ Timepiece အတွက် အချိန်တိကျမှုရှိအောင် Quartz Movement ကို သုံးပေးထားပါတယ်။ Stainless Steel Body နဲ့ ထုတ်လုပ်ထားမှာဖြစ်လို့ Analog နာရီချစ်သူတွေကိုတော့ သေခြာပေါက်ဆွဲဆောင်နိုင်မှာပါ။ IP68 အဆင့်အထိ ရေဒဏ်၊ ဖုန်ဒဏ်ခံနိုင်အောင်လုပ်ပေးထားတာကြောင့် မိုးရွာတာလောက်ကတော့ LG Timepiece ကဂရုစိုက်မှာမဟုတ်ပါဘူး။

Analog နဲ့. Digital ပေါင်းလိုက်တော့ Smart ဖြစ်သွားတာပေါ့။ ဒါပေမယ့် LG က Analog နဲ့တင်ရပ်မနေပါဘူး။ နာရီလက်တံတွေရဲ့နောက်မှာ LCD Display ကြီးကို နာရီမျက်နှာပြင်အပြည့်ထည့်ပေးဦးမှာပါ။ နာရီလက်တံတွေက Dispaly ထဲကဖောက်ထွက်နေတာမျိုးပါ။ 360×360 Resolution ရှိတဲ့ LCD Display ကိုတပ်ပေးထားမှာဖြစ်ပြီးတော့ အရွယ်အစားကတော့ 1.2 Inch ရှိမှာပါ။ Dispaly နဲ့ Analog နာရီကို Power ပေးဖို့အတွက် 240 mAh Battery ကိုအသုံးပြုပေးထားပါတယ်။ 4GB Storage ပါဝင်မှာဖြစ်ပြီး Qualcomm ရဲ့ Snapdragon 2100 Chipset ကိုအသုံးပြုမှာပါ။ 802.11n WiFi နဲ့ Blutetooth 4.2 ပါဝင်မှာဖြစ်ပေမယ့် Cellular Data တော့ သုံးလို့ရမှာမဟုတ်ပါဘူးလို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ အချက်အလက်တွေအားလုံးက သေခြာပေါက်ဖြစ်လာမယ်လို့ ပြောလို့မရသေးပါဘူး။ ကောလဟာလနဲ့ သတင်ပေါက်ကြားထားတာတွေက ရလာတဲ့အချက်အလက်တွေဖြစ်တာကြောင့် တစ်ကယ် မိတ်ဆက်တော့မှပဲ အမှန်ဖြစ်မှာပါ။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။