[Zawgyi] 


LG Q Stylus


LG Q Stylus

LG Q Stylus


Ref: LG

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

LG က ထပ်မိတ်ဆက်လိုက်တဲ့ Q Stylus Series စမတ်ဖုန်း သုံးမျိုး

LG ကတော့ ဖုန်းတွေမိတ်ဆက်နေတာ တခြားကုမ္ပဏီတွေထက်ပိုပြီး စိတ်သလိုဖြစ်နေပါပြီ။ မကြာသေခင်ကပဲ LG ရဲ့ Flagship ဖြစ်တဲ့ G7 ThinQ ကိုမိတ်ဆက်သွားပါတယ်။ G7 ကိုမိတ်ဆက်ပြီးနောက်ပိုင်းမှာတော့ LG V35 ကိုထပ်မိတ်ဆက်ခဲ့ပါတယ်။  

LG Q Stylus

အခုလည်း LG က Stylus ပါတဲ့ ဖုန်းအသစ်တွေ ထပ်မိတ်ဆက်လာပြန်ပါပြီ။ LG Q Stylus Series အသစ်တွေပါ။ LG Q Stylus+ ၊ Q Stylus နဲ့ Q Stylus a ဆိုပြီး သုံးမျိုးမိတ်ဆက်သွားတာပဲဖြစ်ပါတယ်။ ဖုန်းသုံးမျိုးလုံးမှာ တူညီတဲ့အချက်တွေကတော့ 6.2 Inch 18:9 Ratio Full HD Display ၊ microSD Card Slot ၊ 3300mAh Battery နဲ့ Android 8.1 Oreo ပါဝင်မှာဖြစ်ပါတယ်။ LG Q Stylus+ ကတော့ Spec အမြင့်ဆုံး Model ဖြစ်တာကြောင့် 4GB RAM ၊ 64GB Storage နဲ့ 16MP Rear Camera ၊ 8MP or 5MP Front Camera ပါဝင်ပါတယ်။ ကျန်တဲ့ဖုန်းတွေမှာတော့ 3GB RAM နဲ့ 32GB Storage ပဲပါဝင်ပါတယ်။ Q Stylus မှာ 16MP Rear Camera နဲ့ 8MP or 5MP Front Camera ပါဝင်ပြီး Q Stylus a မှာတော့ 13MP Rear Camera နဲ့ 5MP Front Camera တွေပါဝင်ပါတယ်။ 

LG Q Stylus

LG Q Stylus

Q Stylus ဖုန်းတွေမှာ နောက်ထပ်အားသာချက်တစ်ခုအနေနဲ့ DTS:X ပါဝင်တာပဲဖြစ်ပါတယ်။ နားကြပါအသုံးပြုပြီးနားထောင်တဲ့အချိန်မှာ 3D Surround Sound ကိုခံစားနားဆင်နိုင်မှာဖြစ်တယ်လို့ LG ကဆိုပါတယ်။ Q Stylus + နဲ့ Q Stylus မှာတော့ IP68 Rating ပါဝင်တာကြောင့် သာမန် ရေစိုတာလောက်ကိုတော ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ Q Stylus + ကို Aurora Black ၊ Moroccan Blue ၊ Lavender Violet ဆိုတဲ့ အရောင်သုံးရောင်ရနိုင်မှာဖြစ်ပြီး Q Stylus ကိုတော့ Aurora Black ၊ Moroccan Blue နှစ်ရောင်နဲ့ Q Stylus a ကိုတော့ Moroccan Blue တစ်ရောင်တည်းသာရနိုင်မှာဖြစ်ပါတယ်။ ရောင်းချမယ့်ဈေးနဲ့ ဖုန်းမှာအသုံးပြုသွားတဲ့ Processor အကြောင်း အသေးစိတ်ကိုတော့ LG ကမပြောသေးပါဘူး။ 

Ref: LG

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။