Mobile Division ရဲ႕ ေခါင္းေဆာင္ေနရာေတြကို အေရြ႕အေျပာင္းျပဳလုပ္ခဲ့တဲ့ LG

Mobile Division ရဲ႕ ေခါင္းေဆာင္ေနရာေတြကို အေရြ႕အေျပာင္းျပဳလုပ္ခဲ့တဲ့ LG

ယခုႏွစ္ျဖစ္တဲ့ ၂၀၁၇ ခုႏွစ္အတြက္လည္း LG Mobile Division က ထင္သေလာက္ မေအာင္ျမင္ခဲ့ျပန္ပါဘူး။ ႏွစ္စတုန္းက ထြက္ရွိခဲ့တဲ့ LG G6 ဖုန္းကလည္း ယခုႏွစ္အတြက္ Qualcomm က ထုတ္လုပ္ထားတဲ့ အေကာင္းဆံုး Snapdragon 835 Processor ကို အသံုးမျပဳႏုိင္ခဲ့သလုိ ႏွစ္လယ္ပိုင္းမွာ ထုတ္လုပ္ခဲ့တဲ့ LG V30 စမတ္ဖုန္းကလည္း Samsung Galaxy Note 8 နဲ႔ iPhone X ေတြၾကားထဲမွာ ေမွးမွိန္သြားခဲ့တယ္ပဲေျပာရမွာပါ။

အဲ့ဒီအတြက္ LG ကုမၸဏီကေန ေနာက္ႏွစ္မွာေတာ့ ယခုလုိမ်ိဳး ေရာင္းအားက်တာမ်ိဳး ၾကံဳေတြ႕ရတာမ်ိဳးမရွိေအာင္ ေဆာင္ရြက္ဖုိ႔ အစီအစဥ္တစ္ခုကို ျပဳလုပ္လုိက္ပါတယ္။ အဲ့ဒီအစီအစဥ္ကေတာ့ Mobile အပါအဝင္ နည္းပညာနဲ႔ Marketing ပိုင္းဆိုင္ရာ ဌာနေတြမွာရွိတဲ့ အၾကီးအကဲေနရာေတြအကုန္လံုးကို လူေတြေျပာင္းလဲလိုက္တာပါပါ။ ဒါတင္မကေသးပဲ ႏုိင္ငံရပ္ျခား B2B ေရာင္းခ်မႈေတြအတြက္ ေနာက္ထပ္ သီးျခားကုမၸဏီခြဲတစ္ခုကိုပါ တည္ေထာင္လုိက္တာျဖစ္ပါတယ္။

အဲ့ဒီအတြက္ လြန္ခဲ့တဲ့ ၂၀၀၉ ခုႏွစ္တုန္းက LG စမတ္ဖုန္းေတြ စတင္ထုတ္လုပ္တဲ့အခ်ိန္တုန္းထဲက R&D ဌာနမွာ အေတြ႕အၾကံဳရွိခဲ့တဲ့ Mr.Hwang Jeong-hwan က LG Mobile Communications ကုမၸဏီရဲ႕ President ေနရာကို ေျပာင္းလဲသြားမွာျဖစ္ပါတယ္။

Chief Technology Officer – CTO ေနရာလည္း ေျပာင္းလဲသြားျပီး လက္ရွိ Dr. Skott Ahn ကို LG Corp အေနနဲ႔ ရာထူးတိုးသြားတဲ့အတြက္ ယခင္ LG Software Center ရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ Dr. Park ll-pyung နဲ႔ အစားထုိးသြားမွာျဖစ္ပါတယ္။

အလားတူ Global Marketing Center ရဲ႕ ေခါင္းေဆာင္ေနရာမွာရွိေနတဲ့ Brain Na ကလည္း LG Western Europe ရဲ႕ President အျဖစ္ ရာထူးတုိးသြားျပီး Global Marketing Center ေနရာကို ယခင္ Appliance Marketing Communications ေနရာမွာရွိေနတဲ့ Han Chang-hee က ဝင္ေရာက္လာမွာျဖစ္ပါတယ္။

ဒါ့အျပင္ ယခင္ LG Business Solutions နဲ႔ LG India ကို ဦးေဆာင္ေနတဲ့ Kwon Soon-hwang ကလည္း ယခုအသစ္တည္ေထာင္လုိက္တဲ့ LG B2B ကုမၸဏီအသစ္ကို ဦးေဆာင္သြားမယ္လုိ႔ သိရပါတယ္။

အခုလုိမ်ိဳး Mobile Division ရဲ႕ အဓိကက်တဲ့ ေနရာေတြကို ေျပာင္းလဲမႈေတြျပဳလုပ္ခဲ့တဲ့ LG က ေနာက္ႏွစ္မွာေတာ့ ေအာင္ျမင္လာႏုိင္မလားဆိုတာက ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

ယခုနှစ်ဖြစ်တဲ့ ၂၀၁၇ ခုနှစ်အတွက်လည်း LG Mobile Division က ထင်သလောက် မအောင်မြင်ခဲ့ပြန်ပါဘူး။ နှစ်စတုန်းက ထွက်ရှိခဲ့တဲ့ LG G6 ဖုန်းကလည်း ယခုနှစ်အတွက် Qualcomm က ထုတ်လုပ်ထားတဲ့ အကောင်းဆုံး Snapdragon 835 Processor ကို အသုံးမပြုနိုင်ခဲ့သလို နှစ်လယ်ပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ LG V30 စမတ်ဖုန်းကလည်း Samsung Galaxy Note 8 နဲ့ iPhone X တွေကြားထဲမှာ မှေးမှိန်သွားခဲ့တယ်ပဲပြောရမှာပါ။

အဲ့ဒီအတွက် LG ကုမ္ပဏီကနေ နောက်နှစ်မှာတော့ ယခုလိုမျိုး ရောင်းအားကျတာမျိုး ကြုံတွေ့ရတာမျိုးမရှိအောင် ဆောင်ရွက်ဖို့ အစီအစဉ်တစ်ခုကို ပြုလုပ်လိုက်ပါတယ်။ အဲ့ဒီအစီအစဉ်ကတော့ Mobile အပါအဝင် နည်းပညာနဲ့ Marketing ပိုင်းဆိုင်ရာ ဌာနတွေမှာရှိတဲ့ အကြီးအကဲနေရာတွေအကုန်လုံးကို လူတွေပြောင်းလဲလိုက်တာပါပါ။ ဒါတင်မကသေးပဲ နိုင်ငံရပ်ခြား B2B ရောင်းချမှုတွေအတွက် နောက်ထပ် သီးခြားကုမ္ပဏီခွဲတစ်ခုကိုပါ တည်ထောင်လိုက်တာဖြစ်ပါတယ်။

အဲ့ဒီအတွက် လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက LG စမတ်ဖုန်းတွေ စတင်ထုတ်လုပ်တဲ့အချိန်တုန်းထဲက R&D ဌာနမှာ အတွေ့အကြုံရှိခဲ့တဲ့ Mr.Hwang Jeong-hwan က LG Mobile Communications ကုမ္ပဏီရဲ့ President နေရာကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။

Chief Technology Officer – CTO နေရာလည်း ပြောင်းလဲသွားပြီး လက်ရှိ Dr. Skott Ahn ကို LG Corp အနေနဲ့ ရာထူးတိုးသွားတဲ့အတွက် ယခင် LG Software Center ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Dr. Park ll-pyung နဲ့ အစားထိုးသွားမှာဖြစ်ပါတယ်။

အလားတူ Global Marketing Center ရဲ့ ခေါင်းဆောင်နေရာမှာရှိနေတဲ့ Brain Na ကလည်း LG Western Europe ရဲ့ President အဖြစ် ရာထူးတိုးသွားပြီး Global Marketing Center နေရာကို ယခင် Appliance Marketing Communications နေရာမှာရှိနေတဲ့ Han Chang-hee က ဝင်ရောက်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် ယခင် LG Business Solutions နဲ့ LG India ကို ဦးဆောင်နေတဲ့ Kwon Soon-hwang ကလည်း ယခုအသစ်တည်ထောင်လိုက်တဲ့ LG B2B ကုမ္ပဏီအသစ်ကို ဦးဆောင်သွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး Mobile Division ရဲ့ အဓိကကျတဲ့ နေရာတွေကို ပြောင်းလဲမှုတွေပြုလုပ်ခဲ့တဲ့ LG က နောက်နှစ်မှာတော့ အောင်မြင်လာနိုင်မလားဆိုတာက ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com