[Zawgyi]

Bezel-less Display နဲ႔ V40 စမတ္ဖုန္းကို ကင္မရာ ၅ လုံးနဲ႔ မိတ္ဆက္သြားဖြယ္ရွိေနတဲ့ LG

LG စမတ္ဖုန္းေတြကို အရည္ေသြးေကာင္းတယ္လို႔ေျပာႏိုင္ေပမယ့္ နာမည္ႀကီးထမင္းငတ္လို႔ပဲ ဆိုရမလား G7 ThinQ နဲ႔ V35 လို Flagship ဖုန္းမ်ိဳးပဲထုတ္ထုတ္ ထင္သေလာက္ ေအာင္ျမင္မႈမရေသးတာ အမွန္ပါ။ နည္းပညာေရွ႕ေျပး ကုမၸဏီျဖစ္သလို ေတာင္ကိုးရီးယားတစ္ႏိုင္ငံထဲ ပရိသတ္ အခိုင္အမာရထားတဲ့ LG အေနနဲ႔ Fortune Teller စမတ္ဖုန္းျဖစ္လာမယ့္ V40 ThinQ ကို ေအာက္တိုလာလထဲ မိတ္ဆက္ေပးသြားဖြယ္ရွိတယ္လို႔ ETNews ကေန သတင္းထြက္လာပါၿပီ။

LG V40 ThinQ Concept

ဘယ္လိုပဲ ေကာလာဟလ ထြက္ခဲ့ထြက္ခဲ့ V40 ကိုေတာ့ Notch မပါတဲ့ ဒီဇိုင္းနဲ႔ ေတြ႕ရမွာပါ။ ဒါဆိုရင္ G7 ThinQ ထက္ Screen-to-body Ratio ပိုမ်ားလာႏိုင္ၿပီး ဖုန္းကို မ်က္ႏွာျပင္အျပည့္သုံးထားေပးႏိုင္ပါတယ္။ အဲ့ဒါထက္ Photo/Video ပိုင္းမွာ သီးသန္႔ Function တခုစီအတြက္ ကင္မရာ ၅ မ်ိဳးတြဲသုံးထားမွာက တျခား Flagship ဖုန္းေတြထက္ Unique ျဖစ္သြားေစမွာပါ။ ေက်ာဘက္မွာ Triple Camera Setup ပါဝင္လာႏိုင္ၿပီး ETNews အဆိုရ Primary အတြက္ 20MP၊ Wide-angel အတြက္ 16MP နဲ႔ Telephoto သမားေတြအတြက္ 13MP ဆိုၿပီး ကင္မရာ ၃ မ်ိဳးေတြ႕ရမွာပါ။ ဒီလိုပဲ ေရွ႕ကင္မရာ ၂ လုံးကို Dual Setup လုပ္ထားၿပီး Function တမ်ိဳးက Facial Recognition အတြက္ သုံးဖက္ျမင္စနစ္ ေထာက္ပံ့ဖို႔အတြက္ျဖစ္မယ္လို႔ သိရပါတယ္။

LG Display looks gorgeous at the heart of it

အခုခ်ိန္မွာ ဘာ Specification တစ္ခုမွထြက္မလာေသးလို႔ Panel ပိုင္းမွာအရင္ ေမာ္ဒယ္ေတြလို Passive OLED Panel သုံးထားမယ္လို႔ ခန္႔မွန္းထားပါတယ္။ တကယ္လို႔သာ ဒီ OLED အမ်ိဳးအစားပဲ ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ Samsung သုံးေနတဲ့ OLED Panel ေတြထက္ ၂ နစ္ေလာက္ Date ေအာက္ေနၿပီလို႔ ကြၽမ္းက်င္သူေတြ ေျပာၾကားခဲ့ပါတယ္။

2B (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Bezel-less Display နဲ့ V40 စမတ်ဖုန်းကို ကင်မရာ ၅ လုံးနဲ့ မိတ်ဆက်သွားဖွယ်ရှိနေတဲ့ LG

LG စမတ်ဖုန်းတွေကို အရည်သွေးကောင်းတယ်လို့ပြောနိုင်ပေမယ့် နာမည်ကြီးထမင်းငတ်လို့ပဲ ဆိုရမလား G7 ThinQ နဲ့ V35 လို Flagship ဖုန်းမျိုးပဲထုတ်ထုတ် ထင်သလောက် အောင်မြင်မှုမရသေးတာ အမှန်ပါ။ နည်းပညာရှေ့ပြေး ကုမ္ပဏီဖြစ်သလို တောင်ကိုးရီးယားတစ်နိုင်ငံထဲ ပရိသတ် အခိုင်အမာရထားတဲ့ LG အနေနဲ့ Fortune Teller စမတ်ဖုန်းဖြစ်လာမယ့် V40 ThinQ ကို အောက်တိုလာလထဲ မိတ်ဆက်ပေးသွားဖွယ်ရှိတယ်လို့ ETNews ကနေ သတင်းထွက်လာပါပြီ။

LG V40 ThinQ Concept

ဘယ်လိုပဲ ကောလာဟလ ထွက်ခဲ့ထွက်ခဲ့ V40 ကိုတော့ Notch မပါတဲ့ ဒီဇိုင်းနဲ့ တွေ့ရမှာပါ။ ဒါဆိုရင် G7 ThinQ ထက် Screen-to-body Ratio ပိုများလာနိုင်ပြီး ဖုန်းကို မျက်နှာပြင်အပြည့်သုံးထားပေးနိုင်ပါတယ်။ အဲ့ဒါထက် Photo/Video ပိုင်းမှာ သီးသန့် Function တခုစီအတွက် ကင်မရာ ၅ မျိုးတွဲသုံးထားမှာက တခြား Flagship ဖုန်းတွေထက် Unique ဖြစ်သွားစေမှာပါ။ ကျောဘက်မှာ Triple Camera Setup ပါဝင်လာနိုင်ပြီး ETNews အဆိုရ Primary အတွက် 20MP၊ Wide-angel အတွက် 16MP နဲ့ Telephoto သမားတွေအတွက် 13MP ဆိုပြီး ကင်မရာ ၃ မျိုးတွေ့ရမှာပါ။ ဒီလိုပဲ ရှေ့ကင်မရာ ၂ လုံးကို Dual Setup လုပ်ထားပြီး Function တမျိုးက Facial Recognition အတွက် သုံးဖက်မြင်စနစ် ထောက်ပံ့ဖို့အတွက်ဖြစ်မယ်လို့ သိရပါတယ်။

LG Display looks gorgeous at the heart of it

အခုချိန်မှာ ဘာ Specification တစ်ခုမှထွက်မလာသေးလို့ Panel ပိုင်းမှာအရင် မော်ဒယ်တွေလို Passive OLED Panel သုံးထားမယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်လို့သာ ဒီ OLED အမျိုးအစားပဲ ရွေးချယ်ခဲ့မယ်ဆိုရင် Samsung သုံးနေတဲ့ OLED Panel တွေထက် ၂ နစ်လောက် Date အောက်နေပြီလို့ ကျွမ်းကျင်သူတွေ ပြောကြားခဲ့ပါတယ်။

2B (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။