[Unicode]

ေဒၚလာ ၁ ဘီလီယံဖိုး အရႈံးေပၚေနလို႔ ညည္းတြားေနတဲ့ LG

ေတာင္ကိုးရီးယား အေျခစိုက္ နည္းပညာ ကုမၸဏီႀကီးတခုျဖစ္တဲ့ LG ကေတာ့ အရႈံးေတြနဲ႔ပဲ ႏွစ္ပါးသြားေနရတယ္ဆိုရမလား ဒီႏွစ္မွာလည္း စမတ္ဖုန္းတင္ပို႔ေရာင္းခ်ေနမႈကေန ေဒၚလာ ၁၇၁ သန္းဖိုးေလာက္ အရႈံးေပၚေနတယ္လို႔ သတင္းထုတ္ျပန္ေပးလိုက္ပါတယ္။ LG အေနနဲ႔ အခုလိုမ်ိဳး မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္သလိုျဖစ္ေနတာ ပထမဆုံးအႀကိမ္ မဟုတ္သလို ၂၀၁၆ တုန္းကလည္း ေဒၚလာ ၂၂၃ သန္းဖိုးေလာက္အထိ အရႈံးေပၚခဲ့ဖူးပါေသးတယ္။ ဒီလိုမ်ိဳး ၂၀၁၇ တုန္းကလည္း သန္း ၃၀၀ ဖိုးအထိ ဆုံးရႈံးခဲ့ရေသးလို႔ ဘယ္လိုပဲ အရႈံးေတြနဲ႔ ႏွစ္ပါးသြားေနရတယ္ပဲေျပာေျပာ ၃ လတႀကိမ္ စစ္တမ္းေကာက္လိုက္တိုင္း အႏႈတ္ပဲျပေနလို႔ CEO ကိုယ္တိုင္ေတာင္ အေတာ္ေလးညည္းတြားေနရပါၿပီ။

LG’s CEO Jo Seong-jin

LG အေနနဲ႔ စမတ္ဖုန္းေစ်းကြက္မွာ ၿပိဳင္ဖက္ကုမၸဏီေတြလို တန္းတူရင္ေဘာင္မတန္းႏိုင္တာ သိၿပီးသားျဖစ္ၾကမွာပါ။ ၂၀၁၈ တစ္ႏွစ္ထဲမွာကိုပဲ G7 ThinQ နဲ႔ V35 ThinQ လို Flagship စမတ္ဖုန္း ၂ မ်ိဳးကို ေမလတစ္လထဲမွာ ေၾကညာၿပီး ေရာင္းခ်ေပးခဲ့တယ္ဆိုေပမယ့္ သန္း ၁၇၀ ဖိုးေလာက္အထိ အရႈံးေပၚေနေသးတာပါ။ ေျပာရမယ္ဆိုရင္ ပရိသတ္အခိုင္အမာရထားၿပီးသား Apple နဲ႔ Samsung တို႔လို ကုမၸဏီေတြက ဘယ္လို သီခ်င္းမ်ိဳးပဲညည္းညည္း SE နဲ႔ J စီးရီးလို စမတ္ဖုန္းေတြကို အပ်င္းေျပထုတ္ေနတယ္ဆိုရင္ေတာင္ အားေပးမႈကရွိေနၿပီးသားပါ။ ဆိုလိုခ်င္တာ LG ဟာ တ႐ုတ္ကုမၸဏီေတြေလာက္ေတာင္ ေစ်းကြက္ရွိမေနတာပါ။ ကမာၻ႔ဒုတိယအႀကီးဆုံး Electronics ထုတ္လုပ္ေနတဲ့ ကုမၸဏီျဖစ္ေနေပမယ့္လည္း အခုခ်ိန္ထိ အပ်က္ပ်က္နဲ႔ႏွာေခါင္းေသြးထြက္ေနရတုန္းပါ။

V40 ThinQ

LG ကို ပိုၿပီး ၾကမၼာင္သြားေစတာ “နည္းပညာေရေႏွာက္ ငတ္တိုင္းေသာက္က ေသာက္ေလေသာက္ေလ မူးမေျပလို႔ ကုရာနတၳိေဆးမရွိ” လိုမ်ိဳး Apple လမ္းခင္းခဲ့တဲ့ Notch စစ္ပြဲမွာ ဝင္ပလူးေနခဲ့မိတာကိုက မလိုအပ္ဘဲ အရႈံးမ်ားသြားတယ္လို႔ေျပာႏိုင္ပါေသးတယ္။ အခုခ်ိန္မွာ OPPO Find X နဲ႔ Vivo Nex တို႔လို စမတ္ဖုန္းမ်ိဳးေတြက ေရွ႕ေျပးနည္းပညာေတြျဖစ္ေနၿပီဆိုေပမယ့္ LG ကေတာ့ နည္းပညာစုပ္ခြက္ထဲ လႊတ္ေအာင္ကူးႏိုင္မယ့္ပုံမေပၚေသးပါဘူး။ ေဒၚလာ ၁ ဘီလီယံဖိုးေလာက္အထိ အရႈံးေပၚသြားေစတဲ့အခ်က္က သုံးထားခဲ့တဲ့ေၾကာ္ျငာေတြအတြက္ စမတ္ဖုန္းေရာင္းရေငြနဲ႔ ျပန္မကာမိလို႔ အားျဖည့္အခ်ိဳရည္မေသာက္ႏိုင္ေတာ့တဲ့အထိ အေျခအေနဆိုးသြားခဲ့တာပါ။ အဲ့ဒါေၾကာင့္ Clapper မျဖစ္ခ်င္တဲ့ LG ကေတာ့ စမတ္ဖုန္းေရာင္းခ်မႈအပိုင္းမွာ Marketing အစီအစဥ္ ေျပာင္းလဲသြားပုံရွိေနၿပီး မၾကာခင္ ေအာက္တိုဘာလထဲ မိတ္ဆက္သြားေတာ့မယ့္ Bezel-less Display သုံးထားၿပီး ကင္မရာ ၅ လုံးပါလာမယ့္ V40 ThinQ လို စမတ္ဖုန္းမ်ိဳးက ကယ္တင္ရွင္ပဲျဖစ္လာမလား ဒါမွမဟုတ္ ေဘးကေန လက္ခုပ္တီးအားေပးေနတဲ့ LG ပဲျဖစ္ေနမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

2B (Akhayar)

www.akhayar.com

Credit: Engadget

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဒေါ်လာ ၁ ဘီလီယံဖိုး အရှုံးပေါ်နေလို့ ညည်းတွားနေတဲ့ LG

တောင်ကိုးရီးယား အခြေစိုက် နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ LG ကတော့ အရှုံးတွေနဲ့ပဲ နှစ်ပါးသွားနေရတယ်ဆိုရမလား ဒီနှစ်မှာလည်း စမတ်ဖုန်းတင်ပို့ရောင်းချနေမှုကနေ ဒေါ်လာ ၁၇၁ သန်းဖိုးလောက် အရှုံးပေါ်နေတယ်လို့ သတင်းထုတ်ပြန်ပေးလိုက်ပါတယ်။ LG အနေနဲ့ အခုလိုမျိုး မှန်းချက်နဲ့နှမ်းထွက်မကိုက်သလိုဖြစ်နေတာ ပထမဆုံးအကြိမ် မဟုတ်သလို ၂၀၁၆ တုန်းကလည်း ဒေါ်လာ ၂၂၃ သန်းဖိုးလောက်အထိ အရှုံးပေါ်ခဲ့ဖူးပါသေးတယ်။ ဒီလိုမျိုး ၂၀၁၇ တုန်းကလည်း သန်း ၃၀၀ ဖိုးအထိ ဆုံးရှုံးခဲ့ရသေးလို့ ဘယ်လိုပဲ အရှုံးတွေနဲ့ နှစ်ပါးသွားနေရတယ်ပဲပြောပြော ၃ လတကြိမ် စစ်တမ်းကောက်လိုက်တိုင်း အနှုတ်ပဲပြနေလို့ CEO ကိုယ်တိုင်တောင် အတော်လေးညည်းတွားနေရပါပြီ။

LG’s CEO Jo Seong-jin

LG အနေနဲ့ စမတ်ဖုန်းစျေးကွက်မှာ ပြိုင်ဖက်ကုမ္ပဏီတွေလို တန်းတူရင်ဘောင်မတန်းနိုင်တာ သိပြီးသားဖြစ်ကြမှာပါ။ ၂၀၁၈ တစ်နှစ်ထဲမှာကိုပဲ G7 ThinQ နဲ့ V35 ThinQ လို Flagship စမတ်ဖုန်း ၂ မျိုးကို မေလတစ်လထဲမှာ ကြေညာပြီး ရောင်းချပေးခဲ့တယ်ဆိုပေမယ့် သန်း ၁၇၀ ဖိုးလောက်အထိ အရှုံးပေါ်နေသေးတာပါ။ ပြောရမယ်ဆိုရင် ပရိသတ်အခိုင်အမာရထားပြီးသား Apple နဲ့ Samsung တို့လို ကုမ္ပဏီတွေက ဘယ်လို သီချင်းမျိုးပဲညည်းညည်း SE နဲ့ J စီးရီးလို စမတ်ဖုန်းတွေကို အပျင်းပြေထုတ်နေတယ်ဆိုရင်တောင် အားပေးမှုကရှိနေပြီးသားပါ။ ဆိုလိုချင်တာ LG ဟာ တရုတ်ကုမ္ပဏီတွေလောက်တောင် စျေးကွက်ရှိမနေတာပါ။ ကမ္ဘာ့ဒုတိယအကြီးဆုံး Electronics ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်နေပေမယ့်လည်း အခုချိန်ထိ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်နေရတုန်းပါ။

V40 ThinQ

LG ကို ပိုပြီး ကြမ္မာင်သွားစေတာ “နည်းပညာရေနှောက် ငတ်တိုင်းသောက်က သောက်လေသောက်လေ မူးမပြေလို့ ကုရာနတ္ထိဆေးမရှိ” လိုမျိုး Apple လမ်းခင်းခဲ့တဲ့ Notch စစ်ပွဲမှာ ဝင်ပလူးနေခဲ့မိတာကိုက မလိုအပ်ဘဲ အရှုံးများသွားတယ်လို့ပြောနိုင်ပါသေးတယ်။ အခုချိန်မှာ OPPO Find X နဲ့ Vivo Nex တို့လို စမတ်ဖုန်းမျိုးတွေက ရှေ့ပြေးနည်းပညာတွေဖြစ်နေပြီဆိုပေမယ့် LG ကတော့ နည်းပညာစုပ်ခွက်ထဲ လွှတ်အောင်ကူးနိုင်မယ့်ပုံမပေါ်သေးပါဘူး။ ဒေါ်လာ ၁ ဘီလီယံဖိုးလောက်အထိ အရှုံးပေါ်သွားစေတဲ့အချက်က သုံးထားခဲ့တဲ့ကြော်ငြာတွေအတွက် စမတ်ဖုန်းရောင်းရငွေနဲ့ ပြန်မကာမိလို့ အားဖြည့်အချိုရည်မသောက်နိုင်တော့တဲ့အထိ အခြေအနေဆိုးသွားခဲ့တာပါ။ အဲ့ဒါကြောင့် Clapper မဖြစ်ချင်တဲ့ LG ကတော့ စမတ်ဖုန်းရောင်းချမှုအပိုင်းမှာ Marketing အစီအစဥ် ပြောင်းလဲသွားပုံရှိနေပြီး မကြာခင် အောက်တိုဘာလထဲ မိတ်ဆက်သွားတော့မယ့် Bezel-less Display သုံးထားပြီး ကင်မရာ ၅ လုံးပါလာမယ့် V40 ThinQ လို စမတ်ဖုန်းမျိုးက ကယ်တင်ရှင်ပဲဖြစ်လာမလား ဒါမှမဟုတ် ဘေးကနေ လက်ခုပ်တီးအားပေးနေတဲ့ LG ပဲဖြစ်နေမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

2B (Akhayar)

www.akhayar.com

Credit: Engadget

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။