[Zawgyi]

LG ကေတာ့ အခုအခ်ိန္မွာ ၿငိမ္ေနတယ္လို႔ထင္ရေပမယ့္ သတင္းေပါက္တာသိပ္မရွိလိုက္တဲ့ ဖုန္းတစ္လံုးကို ထုတ္ျပလာပါၿပီ။ အဲ့တာကေတာ့ LG G7 One ျဖစ္ၿပီး Android One Project ေအာက္မွာ ပါဝင္ပါတယ္။ Android One ဖုန္းျဖစ္ေပမယ့္ Flagship Specification ေတြနဲ႔ပါ။ 

LG G7 One

G7 One မွာ Qualcomm Snapdragon 835 Processor ကိုသံုးေပးထားၿပီး RAM 4GB ပါဝင္မွာပါ။ Android One ျဖစ္တာေၾကာင့္ RAM မွာ အခုလို ေလွ်ာ့ထားတာပဲျဖစ္ပါတယ္။ Storage ကေတာ့ 32GB ရွိမွာျဖစ္ၿပီး microSD Card ထပ္ထည့္လို႔ရဦးမွာပါ။ 6.1Inch Full HD+ ရွိတဲ့ Super Bright Display ေနာက္မွာေတာ့ 3000mAh Battery ပါဝင္မွာျဖစ္ပါတယ္။ 3.5mm Headphone Port လည္းပါဝင္ေနေသးတာျဖစ္ၿပီး LG ရဲ႕ နာမည္ႀကီး Quad DAC ကိုလည္း ဆက္ထည့္ေပးထားပါတယ္။ 

LG G7 Fit

LG G7 မွာ Dual Camera ပါေပမယ့္ အခု G7 One မွာေတာ့ 16MP f/1.6 Camera ကိုပဲ သံုးေပးထားတာပါ။ Front Camera အေနနဲ႔ေတာ့ 8MP f/1.9 Camera ကို သံုးေပးထားပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ ေစ်းပါ။ LG က လက္ရွိအခ်ိန္မွာ ေရာင္းခ်မယ့္ ေစ်းကြက္အတိအက်နဲ႔ ေစ်းကို ေၾကညာထားတာမ်ိဳးမရွိေသးပါဘူူး။ ေမွ်ာ္လင့္မထားတဲ့ေစ်းမ်ိဳးနဲ႔ ေရာင္းေပးမယ္လို႔ပဲ အရိပ္အမြက္ေပးထားတာပါ။ LG G7 ထက္ေတာ့ အမ်ားႀကီး ေစ်းသက္သာမယ္လို႔ခန္႔မွန္းရၿပီး Android One ဖုန္းေတြထဲမွာလည္း လိုခ်င္စရာအေကာင္းဆံုးျဖစ္လာမယ္လို႔ ေျပာလို႔ရပါတယ္။ 

G7 One With notch Display

Android One ျဖစ္တာေၾကာင့္ Software UI ပိုင္းမွာ LG နဲ႔ပတ္သက္တာ ဘာမွပါလာမွာမဟုတ္ပါဘူး။ LG ဖုန္းကို Android One နဲ႔ သံုးခ်င္သူေတြအတြက္ေတာ့ အေကာင္းဆံုဖုန္းပါပဲ။ ဒါ့အျပင္ LG က G7 Fit ကိုလည္း ထပ္မိတ္ဆက္ထားပါေသးတယ္။ G7 Fit ကိုေတာ့ Qualcomm Snapdragon 821 Processor သံုးေပးထားတာျဖစ္ၿပီး တန္ဖိုးနည္း LG ဖုန္းအျဖစ္ထြက္လာတာပါ။ Android One မဟုတ္ဘဲ LG ရဲ႕ Software နဲ႔ပဲထြက္လာမွာျဖစ္ၿပီး LG ကေတာ့ Flaship ဖုန္းေတြနဲ႔ Mid-Range ဖုန္းေတြၾကားမွာ ဟေနတဲ့ ေစ်းကြက္ကို ျဖည့္ေပးဖို႔ အခုလိုထုတ္တာျဖစ္တယ္လို႔ဆိုပါတယ္။ G7 One နဲ႔ G7 Fit ကိုေတာ့ မၾကာခင္မွာက်င္းပေတာ့မယ့္ IFA 2018 မွာ LG က ေရာင္းခ်မယ့္ ေစ်းကြက္နဲ႔ အတူ ေရာင္းခ်မယ့္ ေစ်းႏႈန္းေတြကိုပါ မိတ္ဆက္ေပးသြားမယ္လို႔ သိရပါတယ္။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

LG ရဲ့ Android One ဖုန်းအနေနဲ့ G7 One ထွက်လာပြီ

LG ကတော့ အခုအချိန်မှာ ငြိမ်နေတယ်လို့ထင်ရပေမယ့် သတင်းပေါက်တာသိပ်မရှိလိုက်တဲ့ ဖုန်းတစ်လုံးကို ထုတ်ပြလာပါပြီ။ အဲ့တာကတော့ LG G7 One ဖြစ်ပြီး Android One Project အောက်မှာ ပါဝင်ပါတယ်။ Android One ဖုန်းဖြစ်ပေမယ့် Flagship Specification တွေနဲ့ပါ။ 

LG G7 One

G7 One မှာ Qualcomm Snapdragon 835 Processor ကိုသုံးပေးထားပြီး RAM 4GB ပါဝင်မှာပါ။ Android One ဖြစ်တာကြောင့် RAM မှာ အခုလို လျှော့ထားတာပဲဖြစ်ပါတယ်။ Storage ကတော့ 32GB ရှိမှာဖြစ်ပြီး microSD Card ထပ်ထည့်လို့ရဦးမှာပါ။ 6.1Inch Full HD+ ရှိတဲ့ Super Bright Display နောက်မှာတော့ 3000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ 3.5mm Headphone Port လည်းပါဝင်နေသေးတာဖြစ်ပြီး LG ရဲ့ နာမည်ကြီး Quad DAC ကိုလည်း ဆက်ထည့်ပေးထားပါတယ်။ 

LG G7 Fit

LG G7 မှာ Dual Camera ပါပေမယ့် အခု G7 One မှာတော့ 16MP f/1.6 Camera ကိုပဲ သုံးပေးထားတာပါ။ Front Camera အနေနဲ့တော့ 8MP f/1.9 Camera ကို သုံးပေးထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ ဈေးပါ။ LG က လက်ရှိအချိန်မှာ ရောင်းချမယ့် ဈေးကွက်အတိအကျနဲ့ ဈေးကို ကြေညာထားတာမျိုးမရှိသေးပါဘူူး။ မျှော်လင့်မထားတဲ့ဈေးမျိုးနဲ့ ရောင်းပေးမယ်လို့ပဲ အရိပ်အမွက်ပေးထားတာပါ။ LG G7 ထက်တော့ အများကြီး ဈေးသက်သာမယ်လို့ခန့်မှန်းရပြီး Android One ဖုန်းတွေထဲမှာလည်း လိုချင်စရာအကောင်းဆုံးဖြစ်လာမယ်လို့ ပြောလို့ရပါတယ်။ 

G7 One With notch Display

Android One ဖြစ်တာကြောင့် Software UI ပိုင်းမှာ LG နဲ့ပတ်သက်တာ ဘာမှပါလာမှာမဟုတ်ပါဘူး။ LG ဖုန်းကို Android One နဲ့ သုံးချင်သူတွေအတွက်တော့ အကောင်းဆုံဖုန်းပါပဲ။ ဒါ့အပြင် LG က G7 Fit ကိုလည်း ထပ်မိတ်ဆက်ထားပါသေးတယ်။ G7 Fit ကိုတော့ Qualcomm Snapdragon 821 Processor သုံးပေးထားတာဖြစ်ပြီး တန်ဖိုးနည်း LG ဖုန်းအဖြစ်ထွက်လာတာပါ။ Android One မဟုတ်ဘဲ LG ရဲ့ Software နဲ့ပဲထွက်လာမှာဖြစ်ပြီး LG ကတော့ Flaship ဖုန်းတွေနဲ့ Mid-Range ဖုန်းတွေကြားမှာ ဟနေတဲ့ ဈေးကွက်ကို ဖြည့်ပေးဖို့ အခုလိုထုတ်တာဖြစ်တယ်လို့ဆိုပါတယ်။ G7 One နဲ့ G7 Fit ကိုတော့ မကြာခင်မှာကျင်းပတော့မယ့် IFA 2018 မှာ LG က ရောင်းချမယ့် ဈေးကွက်နဲ့ အတူ ရောင်းချမယ့် ဈေးနှုန်းတွေကိုပါ မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။