[Zawgyi] 


LG G7 ThinQ in Silver



Ref: The Verge 

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

LG G7 ThinQ ရဲ့ဓာတ်ပုံတွေ Online မှာ သတင်းပေါက်သွားခဲ့

LG ရဲ့ပထမဦးဆုံး Notch ပါတဲ့ဖုန်းဖြစ်လာမယ့် LG G7 ThinQ Flagship ရဲ့ဓာတ်ပုံတွေ Online မှာပြန့်သွားခဲ့ပါတယ်။ LG အနေနဲ့လည်း Notch နဲ့ပတ်သက်လို့ သူတို့ရဲ့ပရိတ်သတ်ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ 

LG G7 ThinQ in Silver

ပုံပါအတိုင်း LG G7 ThinQ ကို Notch ပါတဲ့ Display နဲ့အတူ LG ရဲ့ပြောင်းလဲမှုသိပ်မရှိတဲ့ Design ကိုပဲသုံးထားပါတယ်။  LG ရဲ့ ThinQ AI ကိုသုံးထားတဲ့ Dual Camera နဲ့အတူ Laser Focus Sensor ကိုတွေ့ရပါတယ်။ အပေါ်ဖက်မှာတော့ SIM Slot ကိုတွေ့ရမှာဖြစ်ပြီး အောက်မှာတော့ Fingerprint Scanner ကိုထည့်ပေးထားပေမယ့် LG G6 မှာလိုမျိုး Power Button အနေနဲ့မဟုတ်တော့ပါဘူး။ Power Button ကိုဘေးမှာပဲထည့်ပေးထားပါတယ်။ 

ဖုန်းရဲ့ဘယ်ဖက်မှာတော့ Volume Button တွေအပြင် နောက်တစ်ခု အပိုပါလာတာကတော့ Google Assistant Button ပဲဖြစ်ပါတယ်။ Google Assistant Button သီးသန့်ပါလာတာက ကောင်းပေမယ့် Power Button နဲ့မှားနှိပ်မိနိုင်သလို လက်တွေ့အသုံးပြုတဲ့အချိန်မှာတော့ မလိုအပ်ပါဘူး။ Google Assistant ကိုမသုံးတဲ့သူတွေအတွက်လည်း ခလုတ်အပိုကြီးဖြစ်နေဦးမှာပါ။ LG ရဲ့ Design အယူအဆက ဒီနှစ်မှာတော့ ဝေဖန်မှုတွေအများကြီးနဲ့ ကြုံရနိုင်ပါတယ်။ Display ကိုလည်း Notch ထည့်ထားပေမယ့် အောက်ဖက်က ဘောင်က ထူနေပါသေးတယ်။ 

Ref: The Verge 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။