[Zawgyi]

ေမလ ၃ရက္ေန႔မွာ မိတ္ဆက္မယ့္ LG G7 ThinQ

LG ဟာ G7 ဟာ ၂၀၁၈ ခုႏွစ္အတြက္ LG ရဲ႕ Flagship စမတ္ဖုန္းတစ္လံုးအျဖစ္ထြက္ရွိလာေတာ့မွာပါ။LG G7 ThinQ အမည္နဲ႔ စမတ္ဖုန္းတစ္လံုးကို ေမလ ၃ရက္ေန႔မွာမိတ္ဆက္ဖို႔ရွိေနပါတယ္။ G7 နဲ႔ပတ္သက္ၿပီး ေကာလဟာလသတင္းေတြအစကတည္းကထြက္ခဲ့သလို အဆိုပါဖုန္းကိုလည္း G7 လို႔အမည္ေပးမွာမဟုတ္ဖူးလို႔ေတာင္ျငင္းခုန္ခဲ့ၾကရပါေသးတယ္။ ဒါေပမယ့္ အခုလက္ရွိသတင္းေတြအရေတာ့ ၂၀၁၈ ခုႏွစ္အတြက္ LG ရဲ႕ Flagship စမတ္ဖုန္းဟာ G7 ဆိုတဲ့အမည္နဲ႔ထြက္လာဖို႔ေသခ်ာသြားၿပီျဖစ္ပါတယ္။

ဒီဘက္ႏွစ္ထဲမွာထြက္တဲ့ စမတ္ဖုန္းေတြေတာ္ေတာ္မ်ားမ်ား Notch ပါလာၿပီဆိုေတာ့ G7 မွာလည္း Notch ပါတာသိပ္အထူးအဆန္းေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ LG G6 အထိ Power ခလုတ္ကို Fingerprint နဲ႔တြဲထားခဲ့ရာကေန ခု G7 မွာေတာ့ ေဘးဘက္မွာပံုမွန္အတိုင္းသီးသန္႔ေျပာင္းတပ္ေပးလိုက္ပါတယ္။ဒါဟာ ၅ႏွစ္တာအတြင္း LG စမတ္ဖုန္းေတြအတြက္ ထူးျခားတဲ့ေျပာင္းလဲမႈပါ။

LG G7 မွာ မ်က္ႏွာျပင္အက်ယ္ 6.1 လက္မရွိ 19:9 QHD+ M+ LCD Display၊ Snapdragon 845 Chipset၊ Storage 64GB နဲ႔ RAM 4GB ပါဝင္မယ္လို႔ဆိုပါတယ္။ အဆိုပါဖုန္းမွာ AI နည္းပညာပိုင္းကိုအထူးေကာင္းမြန္ေအာင္ထည့္သြင္းေပးထားၿပီး Google ကသီးသန္႔ဖန္တီးေပးထားတဲ့ Assistant Commands ေတြပါအသံုးျပဳႏိုင္မွာျဖစ္တယ္လို႔ဆိုပါတယ္။

Ref;GSMArena
Phone hay Ko (Akhayar)
www.akhayar.com

[Unicode]

မေလ ၃ရက်နေ့မှာ မိတ်ဆက်မယ့် LG G7 ThinQ

LG ဟာ G7 ဟာ ၂၀၁၈ ခုနှစ်အတွက် LG ရဲ့ Flagship စမတ်ဖုန်းတစ်လုံးအဖြစ်ထွက်ရှိလာတော့မှာပါ။LG G7 ThinQ အမည်နဲ့ စမတ်ဖုန်းတစ်လုံးကို မေလ ၃ရက်နေ့မှာမိတ်ဆက်ဖို့ရှိနေပါတယ်။ G7 နဲ့ပတ်သက်ပြီး ကောလဟာလသတင်းတွေအစကတည်းကထွက်ခဲ့သလို အဆိုပါဖုန်းကိုလည်း G7 လို့အမည်ပေးမှာမဟုတ်ဖူးလို့တောင်ငြင်းခုန်ခဲ့ကြရပါသေးတယ်။ ဒါပေမယ့် အခုလက်ရှိသတင်းတွေအရတော့ ၂၀၁၈ ခုနှစ်အတွက် LG ရဲ့ Flagship စမတ်ဖုန်းဟာ G7 ဆိုတဲ့အမည်နဲ့ထွက်လာဖို့သေချာသွားပြီဖြစ်ပါတယ်။

ဒီဘက်နှစ်ထဲမှာထွက်တဲ့ စမတ်ဖုန်းတွေတော်တော်များများ Notch ပါလာပြီဆိုတော့ G7 မှာလည်း Notch ပါတာသိပ်အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် LG G6 အထိ Power ခလုတ်ကို Fingerprint နဲ့တွဲထားခဲ့ရာကနေ ခု G7 မှာတော့ ဘေးဘက်မှာပုံမှန်အတိုင်းသီးသန့်ပြောင်းတပ်ပေးလိုက်ပါတယ်။ဒါဟာ ၅နှစ်တာအတွင်း LG စမတ်ဖုန်းတွေအတွက် ထူးခြားတဲ့ပြောင်းလဲမှုပါ။

LG G7 မှာ မျက်နှာပြင်အကျယ် 6.1 လက်မရှိ 19:9 QHD+ M+ LCD Display၊ Snapdragon 845 Chipset၊ Storage 64GB နဲ့ RAM 4GB ပါဝင်မယ်လို့ဆိုပါတယ်။ အဆိုပါဖုန်းမှာ AI နည်းပညာပိုင်းကိုအထူးကောင်းမွန်အောင်ထည့်သွင်းပေးထားပြီး Google ကသီးသန့်ဖန်တီးပေးထားတဲ့ Assistant Commands တွေပါအသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

Ref;GSMArena
Phone hay Ko (Akhayar)
www.akhayar.com