[Zawgyi] 
LG G7 ThinQ Teaser
Ref: Engadget
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
DTS:X ပါဝင်တဲ့ ကမ္ဘာ့ပထမဦးဆုံးဖုန်းဖြစ်လာမယ့် LG G7 ThinQ
LG က Audio ပိုင်းနဲ့ပတ်သက်လာရင် သူတို့ဖုန်းတွေမှာ Feature ကောင်းတွေထည့်ပေးတတ်ပါတယ်။ LG ရဲ့ Media ပိုင်းကို ဦးစားပေးထားတဲ့ LG V Series တွေမှာဆိုရင် အသံပိုင်း၊ Camera ပိုင်း၊ Dispaly ပိုင်းတွေမှာ ဦးစားပေးပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးထားပါတယ်။ 
LG G7 ThinQ Teaser
LG က မကြာခင်မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ LG G7 ThinQ ရဲ့ Speaker ပိုင်းဆိုင်ရာအချက်အလက်တွေကို LG ကအနည်းငယ်ထုတ်ပြလိုက်ပါြ့ပီ။ ဖုန်းမှာပါတဲ့ Speaker ကို အသံပိုကျယ်အောင်လုပ်ပေးထားပါတယ်။ အဲ့ဒီ Speaker Feature ကိုတော့ Boombox လို့နာမည်ပေးထားပါတယ်။ Boombox အလုပ်လုပ်ပုံကိုတော့ LG ကအပြည့်အစုံမပြောသေးပေမယ့် အပေါ်က ပုံအရတော့ ဖုန်းရဲ့အတွင်းပိုင်းက နေရာလွတ်အားလုံးကို Speaker အိမ်အနေနဲ့ သုံးထားပြီး အသံကိုပိုနက်နက်ဖြစ်သွားအောင် လုပ်ပေးထားတယ်လို့ ယူဆရပါတယ်။ 
သာမန်ဖုန်းတွေထက် အသံဆယ်ဆလောက်ပိုကျယ်လာမယ်လို့ ခန့်မှန်းရပါတယ်။ စားပွဲပေါ်မှာ ဖုန်းကိုတင်ထားရင် Bass အသံပိုကျယ်လာနိုင်မှာဖြစ်ပါတယ်။ Speaker Vibration အချို့ကိုလည်း သုံးထားမယ်လို့ ယူဆရပါတယ်။ LG ကတော့ Speaker နဲ့ပတ်သက်လို့ အသေးစိတ်ပြောထားခြင်းမရှိသေးတဲ့အတွက် Boombox အလုပ်လုပ်ပုံကို ခန့်မှန်းရခက်ပါတယ်။ Sony ကလည်း မကြာသေးခင်ကမှ Speaker ပိုင်းအဆင့်မြှင့်ထားတဲ့ Xperia Flagship တွေကိုမိတ်ဆက်ထားတာကြောင့် LG အနေနဲ့တော့ ယှဉ်ပြိုုင်မှုကို အရှုံ့မပေးတဲ့သဘောပါ။ 
Headphone ၊ IEM တွေနဲ့ သီချင်းနားထောင်သူတွေသဘောကျမယ့် အခြား Feature တွေကိုလည်းထည့်ပေးထားပါသေးတယ်။ HI-Fi Quad DAC အပြင် DTS:X ကိုပါထည့်ပေးထားပါတယ်။ DTS:X ဆိုတာကတော့ ဖုန်းတွေမှာ 3D Surround Sound ရအောင်အလုပ်လုပ်ပေးမယ့် Feature တစ်ခုပါ။ 7.1 Channel Surround Sound ကိုတောင် သာမန် Headphone နဲ့ရအောင်လုပ်ပေးနိုင်မယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ တစ်ကယ် ပွဲထုတ်လာမှပဲ အခုကြော်ငြာထားတဲ့ Feature တွေဘယ်လောက် ကောင်းတယ် မကောင်းဘူးဆိုတာ သိဖို့ကတော့ Akhayar ပရိတ်သတ်ကြီးနဲ့ အတူစောင့်ကြည့်ရမှာပါ။ 
Ref: Engadget
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။