[Zawgyi]
Min Than Htike (Akhayar)
www.akhayar.com
[Unicode]
Fingerprint ၁၀ ခုအထိ ထည့်လို့ရမယ့် Flash Drive တွေကို Lexar ထုတ်ပြပြီ
လူတိုင်းမှာ ကိုယ့်အတွက် အရေးပါတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေရှိကြပါတယ်။ အရေးပါတဲ့အချက်အလက်တွေက လူသိခံလို့ရတာရှိသလို လုံခြုံဖို့လိုအပ်တာတွေလည်း ရှိပါတယ်။ လုံခြုံဖို့လိုအပ်သူတွေအတွက်တော့ Lexar က ထုတ်ထားတဲ့ USB Flash Drive လေးတွေက သဘောကျဖို့ကောင်းပါတယ်။ 
Lexar ထုတ်ပြလိုက်တဲ့ USB Flash Drive ကိုတော့ JumpDrive Fingerprint F35 လို့ပဲ ရိုးရိုးရှင်းရှင်း နာမည်ပေးထားပါတယ်။ USB 3.0 ကို သုံးပေးထားတာဖြစ်ပြီး Speed အနေနဲ့တော့ 150MB/s အထိရနိုင်မယ်လို့ သိရပါတယ်။ Fingerprint အတွက်တော့ ၁၀ ခုအထိ ထည့်ထားပေးလို့ရတာကြောင့် ကိုယ့်လက်ဆယ်ချောင်း ဒါမှမဟုတ် ကိုယ်ယုံကြည်သူတွေကို ထည့်ပေးထားလို့ရမှာပါ။ Fingerprint Speed ကိုလည်း ဖုန်းတွေမှာတွေ့ရသလိုပဲ မြန်မြန်ဆန်ဆန်ရှိအောင် လုပ်ပေးထားတာဖြစ်ပါတယ်။
လုံခြုံရေးအတွက်တော့ 256-Bit AES Encryption ကို အသုံးပြုပေးထားတာပါ။ Storage တွေအနေနဲ့တော့ 32GB ၊ 64GB ၊ 128GB နဲ့ 256GB ဆိုပြီး ရွေးလို့ရမှာပါ။ ဈေးတွေကတော့ $32.99 ၊ $50 ၊ $90 နဲ့ $170 နဲ့ Amazon မှာ Preorder မှာလို့ရနေပါပြီ။ 
Lexar ကြော်ငြာထားတာကတော့ Flash Drive တွေက Windows PC တွေနဲ့ရော Mac တွေနဲ့ပါ သုံးလို့ရတယ်ဆိုတာပါ။ ဒါပေမယ့် အခုအချိန်အထိ USB-A ပဲဖြစ်နေသေးတာကြောင့် MacBook သုံးသူတွေအတွက်တော့ USB-C To USB-A Dongle နဲ့တွဲသုံုးမှပဲ အဆင်ပြေမှာပါ။ Personal Data တွေကို သေချာသိမ်းချင်တာ၊ ရုံး၊ အလုပ်နဲ့ပတ်သက်တဲ့ အရေးကြီး File တွေကို သေချာသိမ်းချင်သူတွေအတွက်တော့ ဒီ Flash Drive လေးတွေက သဘောကျဖို့ကောင်းပါတယ်။ 
Ref: Lexar | The Verge | 9To5 Mac
Min Than Htike (Akhayar)
www.akhayar.com