[Zawgyi]

က်စ္ဆံၿမီးေတြကို လြယ္လြယ္ကူကူ Level-up လုပ္ၿပီး ျပင္ဆင္ႏိုင္မယ့္ နည္းလမ္းမ်ား

က်စ္ဆံၿမီးေတြက ေကာင္မေလးေတြအတြက္ အၿမဲျပင္ဆင္ေနက် ဆံပင္ပံုစံေတြထဲက တစ္ခုပါ။ ေကာင္မေလးေတြက မ်ားေသာအားျဖင့္ေတာ့ ငါးရိုးက်စ္က်စ္တာ၊ ႏွစ္ဖက္ခြဲၿပီးက်စ္တာ၊ တစ္ေခ်ာင္းတည္းက်စ္တာေတြပဲ က်စ္ေလ့ရွိၾကပါတယ္။ ဒါေပမယ့္လည္း ၾကာလာရင္ ဒီပံုစံေတြက ရိုးအီသြားႏုိင္တယ္ဆိုတာ သတိထားဖို႔ ေတာ့လိုပါတယ္။ ကိုယ္က်စ္ေနက် ပံုစံမဟုတ္ဘဲ က်စ္ဆံၿမီးဆန္းဆန္းေလးေတြကို စမ္းၾကည့္မယ္ဆုိရင္ သင့္အတြက္ အေျပာင္းအလဲေလးတစ္ခုျဖစ္သြားမွာမို႔ အခုေျပာျပေပးမယ့္ က်စ္ဆံၿမီးအသစ္ေလးေတြကို က်စ္ၾကည့္လုိက္ပါဦး။ Celebrities တစ္ခ်ိဳ႕ရဲ႕ ပံုေတြနဲ႔ပါအတူ တြဲျပေပးထားတာမို႔ ပိုၿပီးေတာ့ အဆင္ေျပမွာပါ။

Camila Cabello's French Braid

Camila Cabello’s French Braid

ေရွ႕မွာ Bang ညွပ္ထားတဲ့ေကာင္မေလးေတြအေနနဲ႔ Camila Cabello ရဲ႕ က်စ္ဆံၿမီးကုိ နမူနာယူလို႔ရပါတယ္။
သူမက်စ္ထားတာကေတာ့ ျပင္သစ္က်စ္ဆံၿမီးလို႔လည္းေခၚတဲ့French Braidsပါ။ ေရွ႕မွာ Bang ေလးေတြခ်ထားၿပီးေတာ့ ႏွစ္ဖက္ဘဲ ခြဲက်စ္က်စ္၊ တစ္ေခ်ာင္းတည္းပဲက်စ္က်စ္ မိန္းမဆန္တဲ့ က်စ္ဆံၿမီးေတြလည္း ျဖစ္ပါတယ္။ အထူးသျဖင့္ Office Lady ေတြ၊ တကၠသိုလ္ေက်ာင္းသူေကာင္မေလးေတြနဲ႔ လိုက္ဖက္ၿပီး ျမန္မာဆန္ဆန္ ၀တ္စံုေတြနဲ႔ တြဲဖက္ဖို႔ အဆင္ေျပပါတယ္။

GiGi Hadid's Long Braid

GiGi Hadid’s Long Braid

GiGi Hadid လို က်စ္ဆံၿမီးေလးကေတာ့ ေရွ႕က ၾကည့္ရင္ ေနာက္မွာ ဆံပင္ကို ရိုးရိုးစုစည္းထားသလိုပါပဲ။ ေရွ႕ႏွစ္ဘက္ကို အလယ္ခြဲထားၿပီး ဆံပင္ေလးကို ေရွ႕ခ်ထားတယ္..ၿပီးမွ ေနာက္မွာ က်စ္ဆံၿမီးတစ္ေခ်ာင္းတည္းကို က်စ္လိုက္တဲ့ ပံုစံပါ။ မရိုးမဆန္း ပံုစံေလးေပါ့။ ပြဲတက္အတြက္သာမကပဲ ေန႔စဥ္ျပင္ဆင္လို႔ပါ သံုးလို႔ရတဲ့ က်စ္ဆံၿမီးျဖစ္ပါတယ္။

Zoë Kravitz ‘s Micro Braid

က်စ္ဆံၿမီးေသးေသးေလးေတြက်စ္ေနက် Zoë Kravitz ကေတာ့ Micro Braid ေလးေတြကုိ အလယ္ခဲြက်စ္ထားၿပီးေတာ့ ေနာက္ဘက္မွာ စုထံုးထားတာေတြ႔ရမွာ ျဖစ္ပါတယ္။ သူမရဲ႕ ပံုစံကေတာ့ ရိုးရွင္းေပမယ့္ Micro Braid ေတြကို စုထံုးထားတာမို႔ တစ္မ်ိဳးဆန္းေစမွာပါ။ ပံုမွန္ Micro Braid က်စ္ၿပီး ခ်ထားတာထက္စာရင္ ဒီလိုေနာက္ဘက္မွာ သိမ္းၿပီး စုထံုးထားျခင္းအားျဖင့္ သပ္သပ္ရပ္ရပ္လည္း ျဖစ္သြားတယ္ေလ။

Crown Braid

Crown Braid

သရဖူက်စ္ဆံၿမီးလို႔ေခၚတဲ့ ဒီပံုစံကေတာ့ သင့္မ်က္ႏွာကုိ ေက်ာ့ရွင္းေစသလို မိန္းမလည္းဆန္ေစပါတယ္။ က်စ္ဆံၿမီးကို ထူထူႀကီးႀကီးျဖစ္ေအာင္ တစ္ေခ်ာင္းတည္းက်စ္လုိက္ၿပီးမွ ေခါင္းမွာ ျပန္ရစ္ပတ္လုိက္တဲ့ ပံုစံမ်ိဳးေပါ့။ ဒီလို က်စ္ဆံၿမီးပံုစံက ညပိုင္းပြဲေတြဘာေတြ သြားရင္ ျပင္ဆင္သြားလို႔ရသလို ရိုးရိုးရွင္းရွင္း Dress ေတြနဲ႔လည္း လုိက္ဖက္ပါတယ္။

Ariana Grande

Ariana Grande

တစ္ေခါင္းလံုး က်စ္ဆံၿမီးက်စ္ရတာ မႀကိဳက္ရင္ေတာ့ Ariana Grande လို ပိုနီေတးလ္ျမင့္ျမင့္စည္းထားၿပီးေတာ့
ထိပ္နားမွာမွ က်စ္ဆံၿမီးေသးေသးေလးေတြကုိ ထပ္ထည့္တဲ့ ပံုစံေလးကုိ စမ္းၾကည့္လိုက္ပါ။ က်စ္ဆံၿမီးေသးေသးေလးက လူေတြရဲ႕ အျမင္အာရံုကုိ ဖမ္းစားသြားမွာ အေသအခ်ာပါပဲ။

Bohemian Braid

Bohemian Braid

Bohemian ဆန္ဆန္ေလးျဖစ္ဖို႔ဆိုရင္ေတာ့ က်စ္ဆံၿမီးကို အဆံုးထိ မက်စ္ဘဲ အဖ်ားေတြကုိ ဖြထားတဲ့ ပံုစံကိုလည္း စမ္းၾကည့္သင့္ပါတယ္။ ဒီလိုက်စ္ဆံၿမီးေတြက သင္ေခါင္းေလွ်ာ္ဖုိ႔ အလ်င္မမွီတဲ့ေန႔ေတြ၊ ဦးေရျပား အဆီျပန္ေနတဲ့အခ်ိန္မွာ က်စ္သင့္ပါတယ္။ ဦးေရျပားနားကေန ကပ္က်စ္တာျဖစ္လုိ႔ ေခါင္းမေလ်ာ္ရေသးလို႔ ဆံပင္ကပ္ေနတာ၊ အဆီျပန္ေနတာေတြအတြက္ စိတ္ပူစရာမရွိေတာ့ဘူးေပါ့။

Micro Braid

Micro Braid

ဆံပင္အရွည္က ခါးေလာက္ေက်ာ္သြားၿပီဆိုရင္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ဆံပင္ကို ရိုးရိုးပဲ ထားၾကေတာ့တာ မ်ားပါတယ္။ ဒါေပမယ့္ ဒီတိုင္းႀကီးထားရမွာ အရမ္းကို ရိုးတယ္ေလ။ သင့္အေနနဲ႔ ခါးေလာက္ အရွည္ရွိတဲ့ ဆံပင္ကို အရမ္းအမိုက္စား
ျဖစ္သြားခ်င္ရင္ေတာ့ Micro Braids လို႔ေခၚတဲ့ က်စ္ဆံၿမီးေသးေသးေလးေတြကို တစ္ေခါင္းလံုးက်စ္လိုက္ပါ။ အထာက်တဲ့ ေကာင္မေလးတစ္ေယာက္ျဖစ္သြားပါလိမ့္မယ္။ ဒီလို Braid ေတြနဲ႔ Festival ေတြသြားမယ္ဆိုလည္း ျဖစ္ပါေသးတယ္။

Festival Braid

Festival Braid

ဒီပံုစံကေတာ့ Festival Vibe ကိုေပးႏိုင္မယ့္ က်စ္ဆံၿမီးပံုစံပါ။ ငါးရိုးက်စ္လုိ႔လည္း ေခၚပါတယ္။ ဆံပင္ကို အလယ္ခြဲလုိက္ၿပီးမွ  ေအာက္ဆံုးအထိ က်စ္သြားတဲ့ က်စ္ဆံၿမီးမ်ိဳးေပါ့။ ခရီးေ၀းသြားရလုိ႔ ဆံပင္ကို မထိန္းသိမ္းခ်င္တာတို႔ ၊ ေခါင္းေလွ်ာ္ဖုိ႔ အခ်ိန္မရွိတဲ့ေန႔ေတြမွာဆို ဒီက်စ္ဆံၿမီးေတြက ေကာင္းေကာင္းအလုပ္ျဖစ္ပါတယ္။ အခုေနာက္ပိုင္း Festival ေတြမွာလည္း ေကာင္မေလးေတြေတာ္ေတာ္မ်ားမ်ား က်စ္လာၾကတဲ့ပံုစံပါ။

Beyoncé 's Braid

Beyoncé ‘s Braid

အမိုက္စား Dress နဲ႔ က်စ္ဆံၿမီးတြဲမယ္ဆုိရင္ေတာ့ Beyoncé ကို အတုယူဖုိ႔ပါပဲ။ ဆံပင္ေတြ အကုန္လံုးကို ထိပ္နားမွာ စုစည္းထားလုိက္ၿပီးမွ က်စ္ဆံၿမီး အရွည္ႀကီးခ်ထားလုိက္တာက သူမကို အမုိက္စားျဖစ္သြားသလို Dress နဲ႔လည္း လုိက္ဖက္ပါလားဆိုၿပီး လူေတြ Wow ခနဲ ျဖစ္ေစမယ့္ စတုိင္လ္ပါ။ တစ္ခါေလာက္ေတာ့ မျဖစ္မေန ျပင္ဆင္ၾကည့္သင့္ပါတယ္။

Braid Bun

Braid Bun

က်စ္ဆံၿမီးအေျပာင္က်စ္ၿပီး ေနာက္မွာ Bun အေနနဲ႔ထားမယ္ဆိုရင္ေတာ့ အေျမွာင္းေလးေတြက်စ္ၿပီးမွ ေနာက္မွာ ထံုးတာ၊ ေခြတာမ်ိဳး လုပ္လုိ႔ရႏိုင္ပါတယ္။ အလယ္ခြဲၿပီးေတာ့ပဲ က်စ္က်စ္၊ အေျမွာင္းစိပ္စိပ္ေလးေတြ ေဖာ္ၿပီးပဲက်စ္က်စ္ အကုန္က်စ္ၿပီးမွ ေနာက္မွာ ေခြၿပီး ထံုးလိုက္တာမ်ိဳးျဖစ္ပါတယ္။ ပိုၿပီးအထာက်သြားခ်င္ရင္ေတာ့ ဆံပင္အတြက္ သံုးတဲ့ Accessories ေလးေတြနဲ႔ အလွဆင္လိုက္ရံုပါပဲ။ Party သြားတဲ့အခါမိ်ဳးဆို ေတာ္ေတာ္ေလး မိုက္ေနမွာပါ။

Ciara's Fishtail Braid

Ciara’s Fishtail Braid

ေလ်ာ့တိေလ်ာ့ရဲ Ciara ရဲ႕ ငါးၿမီးပံုက်စ္ဆံၿမီးပံုစံကလည္း တစ္မ်ိဳးေတာ့ ဆန္းေနတာအမွန္ပါပဲ။ အထူးသျဖင့္ ေပါ့ေပါ့ပါးပါး ဟိုဟုိဒီဒီသြားတဲ့အခါ က်စ္သြားလို႔ရသလို ေႏြရာသီလို အခ်ိန္မ်ိဳးနဲ႔ သင့္ေတာ္တဲ့ က်စ္ဆံၿမီးတစ္မ်ိဳးပါ။ အေပၚပိုင္းမွာေတာ့ ဆံပင္ကို ပြေယာင္းေယာင္းေလးပဲထားထားၿပီး ေအာက္နားမွာမွ ယွက္က်စ္ထားတဲ့ ငါးၿမီးပံု က်စ္ဆံၿမီးကို က်စ္မယ္ဆိုရင္ Office Wear ေတြ၊ ပြင့္ရုိက္ Dress ေလးေတြ၊ Coat ေတြနဲ႔ တြဲၾကည့္သင့္ပါတယ္။

Runway Braid

Runway Braid

အရိုးဆံုးက အဆန္းဆံုးဆိုသလိုေပါ့။ ဆံပင္ကို ေနာက္မွာ က်စ္ဆံၿမီးတစ္ေခ်ာင္းတည္းက်စ္ၿပီး ျပန္ေခါက္ထံုးလိုက္တာမ်ိဳးက ရိုးေနေပမယ့္လည္း Runway ေတြေပၚမွာ ပါေနစၿမဲပါ။ ဒီပံုစံကေတာ့ လူလတ္ပိုင္းေတြနဲ႔ ပိုလိုက္ဖက္ပါတယ္။ လူငယ္ေကာင္မေလးေတြ လုပ္ၾကည့္မယ္ဆိုရင္ေတာ့ ဆံပင္ကို ဖဲျပားေလးနဲ႔ ပတ္ခ်ည္လိုက္တာမ်ိဳး၊ ေခါင္းစည္းႀကိဳးလွလွနဲ႔ စည္းလိုက္တာမ်ိဳးကို လုပ္ၾကည့္သင့္တယ္လို႔ အႀကံေပးပါရေစ။

Su Yi Htet (Akhayar)

[Unicode]

ကျစ်ဆံမြီးတွေကို လွယ်လွယ်ကူကူ Level-up လုပ်ပြီး ပြင်ဆင်နိုင်မယ့် နည်းလမ်းများ

ကျစ်ဆံမြီးတွေက ကောင်မလေးတွေအတွက် အမြဲပြင်ဆင်နေကျ ဆံပင်ပုံစံတွေထဲက တစ်ခုပါ။ ကောင်မလေးတွေက များသောအားဖြင့်တော့ ငါးရိုးကျစ်ကျစ်တာ၊ နှစ်ဖက်ခွဲပြီးကျစ်တာ၊ တစ်ချောင်းတည်းကျစ်တာတွေပဲ ကျစ်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း ကြာလာရင် ဒီပုံစံတွေက ရိုးအီသွားနိုင်တယ်ဆိုတာ သတိထားဖို့ တော့လိုပါတယ်။ ကိုယ်ကျစ်နေကျ ပုံစံမဟုတ်ဘဲ ကျစ်ဆံမြီးဆန်းဆန်းလေးတွေကို စမ်းကြည့်မယ်ဆိုရင် သင့်အတွက် အပြောင်းအလဲလေးတစ်ခုဖြစ်သွားမှာမို့ အခုပြောပြပေးမယ့် ကျစ်ဆံမြီးအသစ်လေးတွေကို ကျစ်ကြည့်လိုက်ပါဦး။ Celebrities တစ်ချို့ရဲ့ ပုံတွေနဲ့ပါအတူ တွဲပြပေးထားတာမို့ ပိုပြီးတော့ အဆင်ပြေမှာပါ။

Camila Cabello's French Braid

Camila Cabello’s French Braid

ရှေ့မှာ Bang ညှပ်ထားတဲ့ကောင်မလေးတွေအနေနဲ့ Camila Cabello ရဲ့ ကျစ်ဆံမြီးကို နမူနာယူလို့ရပါတယ်။
သူမကျစ်ထားတာကတော့ ပြင်သစ်ကျစ်ဆံမြီးလို့လည်းခေါ်တဲ့French Braidsပါ။ ရှေ့မှာ Bang လေးတွေချထားပြီးတော့ နှစ်ဖက်ဘဲ ခွဲကျစ်ကျစ်၊ တစ်ချောင်းတည်းပဲကျစ်ကျစ် မိန်းမဆန်တဲ့ ကျစ်ဆံမြီးတွေလည်း ဖြစ်ပါတယ်။ အထူးသဖြင့် Office Lady တွေ၊ တက္ကသိုလ်ကျောင်းသူကောင်မလေးတွေနဲ့ လိုက်ဖက်ပြီး မြန်မာဆန်ဆန် ဝတ်စုံတွေနဲ့ တွဲဖက်ဖို့ အဆင်ပြေပါတယ်။

GiGi Hadid's Long Braid

GiGi Hadid’s Long Braid

GiGi Hadid လို ကျစ်ဆံမြီးလေးကတော့ ရှေ့က ကြည့်ရင် နောက်မှာ ဆံပင်ကို ရိုးရိုးစုစည်းထားသလိုပါပဲ။ ရှေ့နှစ်ဘက်ကို အလယ်ခွဲထားပြီး ဆံပင်လေးကို ရှေ့ချထားတယ်..ပြီးမှ နောက်မှာ ကျစ်ဆံမြီးတစ်ချောင်းတည်းကို ကျစ်လိုက်တဲ့ ပုံစံပါ။ မရိုးမဆန်း ပုံစံလေးပေါ့။ ပွဲတက်အတွက်သာမကပဲ နေ့စဉ်ပြင်ဆင်လို့ပါ သုံးလို့ရတဲ့ ကျစ်ဆံမြီးဖြစ်ပါတယ်။

Zoë Kravitz ‘s Micro Braid

ကျစ်ဆံမြီးသေးသေးလေးတွေကျစ်နေကျ Zoë Kravitz ကတော့ Micro Braid လေးတွေကို အလယ်ခွဲကျစ်ထားပြီးတော့ နောက်ဘက်မှာ စုထုံးထားတာတွေ့ရမှာ ဖြစ်ပါတယ်။ သူမရဲ့ ပုံစံကတော့ ရိုးရှင်းပေမယ့် Micro Braid တွေကို စုထုံးထားတာမို့ တစ်မျိုးဆန်းစေမှာပါ။ ပုံမှန် Micro Braid ကျစ်ပြီး ချထားတာထက်စာရင် ဒီလိုနောက်ဘက်မှာ သိမ်းပြီး စုထုံးထားခြင်းအားဖြင့် သပ်သပ်ရပ်ရပ်လည်း ဖြစ်သွားတယ်လေ။

Crown Braid

Crown Braid

သရဖူကျစ်ဆံမြီးလို့ခေါ်တဲ့ ဒီပုံစံကတော့ သင့်မျက်နှာကို ကျော့ရှင်းစေသလို မိန်းမလည်းဆန်စေပါတယ်။ ကျစ်ဆံမြီးကို ထူထူကြီးကြီးဖြစ်အောင် တစ်ချောင်းတည်းကျစ်လိုက်ပြီးမှ ခေါင်းမှာ ပြန်ရစ်ပတ်လိုက်တဲ့ ပုံစံမျိုးပေါ့။ ဒီလို ကျစ်ဆံမြီးပုံစံက ညပိုင်းပွဲတွေဘာတွေ သွားရင် ပြင်ဆင်သွားလို့ရသလို ရိုးရိုးရှင်းရှင်း Dress တွေနဲ့လည်း လိုက်ဖက်ပါတယ်။

Ariana Grande

Ariana Grande

တစ်ခေါင်းလုံး ကျစ်ဆံမြီးကျစ်ရတာ မကြိုက်ရင်တော့ Ariana Grande လို ပိုနီတေးလ်မြင့်မြင့်စည်းထားပြီးတော့
ထိပ်နားမှာမှ ကျစ်ဆံမြီးသေးသေးလေးတွေကို ထပ်ထည့်တဲ့ ပုံစံလေးကို စမ်းကြည့်လိုက်ပါ။ ကျစ်ဆံမြီးသေးသေးလေးက လူတွေရဲ့ အမြင်အာရုံကို ဖမ်းစားသွားမှာ အသေအချာပါပဲ။

Bohemian Braid

Bohemian Braid

Bohemian ဆန်ဆန်လေးဖြစ်ဖို့ဆိုရင်တော့ ကျစ်ဆံမြီးကို အဆုံးထိ မကျစ်ဘဲ အဖျားတွေကို ဖွထားတဲ့ ပုံစံကိုလည်း စမ်းကြည့်သင့်ပါတယ်။ ဒီလိုကျစ်ဆံမြီးတွေက သင်ခေါင်းလျှော်ဖို့ အလျင်မမှီတဲ့နေ့တွေ၊ ဦးရေပြား အဆီပြန်နေတဲ့အချိန်မှာ ကျစ်သင့်ပါတယ်။ ဦးရေပြားနားကနေ ကပ်ကျစ်တာဖြစ်လို့ ခေါင်းမလျော်ရသေးလို့ ဆံပင်ကပ်နေတာ၊ အဆီပြန်နေတာတွေအတွက် စိတ်ပူစရာမရှိတော့ဘူးပေါ့။

Micro Braid

Micro Braid

ဆံပင်အရှည်က ခါးလောက်ကျော်သွားပြီဆိုရင် မိန်းကလေးတော်တော်များများက ဆံပင်ကို ရိုးရိုးပဲ ထားကြတော့တာ များပါတယ်။ ဒါပေမယ့် ဒီတိုင်းကြီးထားရမှာ အရမ်းကို ရိုးတယ်လေ။ သင့်အနေနဲ့ ခါးလောက် အရှည်ရှိတဲ့ ဆံပင်ကို အရမ်းအမိုက်စား
ဖြစ်သွားချင်ရင်တော့ Micro Braids လို့ခေါ်တဲ့ ကျစ်ဆံမြီးသေးသေးလေးတွေကို တစ်ခေါင်းလုံးကျစ်လိုက်ပါ။ အထာကျတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားပါလိမ့်မယ်။ ဒီလို Braid တွေနဲ့ Festival တွေသွားမယ်ဆိုလည်း ဖြစ်ပါသေးတယ်။

Festival Braid

Festival Braid

ဒီပုံစံကတော့ Festival Vibe ကိုပေးနိုင်မယ့် ကျစ်ဆံမြီးပုံစံပါ။ ငါးရိုးကျစ်လို့လည်း ခေါ်ပါတယ်။ ဆံပင်ကို အလယ်ခွဲလိုက်ပြီးမှ အောက်ဆုံးအထိ ကျစ်သွားတဲ့ ကျစ်ဆံမြီးမျိုးပေါ့။ ခရီးဝေးသွားရလို့ ဆံပင်ကို မထိန်းသိမ်းချင်တာတို့ ၊ ခေါင်းလျှော်ဖို့ အချိန်မရှိတဲ့နေ့တွေမှာဆို ဒီကျစ်ဆံမြီးတွေက ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။ အခုနောက်ပိုင်း Festival တွေမှာလည်း ကောင်မလေးတွေတော်တော်များများ ကျစ်လာကြတဲ့ပုံစံပါ။

Beyoncé 's Braid

Beyoncé ‘s Braid

အမိုက်စား Dress နဲ့ ကျစ်ဆံမြီးတွဲမယ်ဆိုရင်တော့ Beyoncé ကို အတုယူဖို့ပါပဲ။ ဆံပင်တွေ အကုန်လုံးကို ထိပ်နားမှာ စုစည်းထားလိုက်ပြီးမှ ကျစ်ဆံမြီး အရှည်ကြီးချထားလိုက်တာက သူမကို အမိုက်စားဖြစ်သွားသလို Dress နဲ့လည်း လိုက်ဖက်ပါလားဆိုပြီး လူတွေ Wow ခနဲ ဖြစ်စေမယ့် စတိုင်လ်ပါ။ တစ်ခါလောက်တော့ မဖြစ်မနေ ပြင်ဆင်ကြည့်သင့်ပါတယ်။

Braid Bun

Braid Bun

ကျစ်ဆံမြီးအပြောင်ကျစ်ပြီး နောက်မှာ Bun အနေနဲ့ထားမယ်ဆိုရင်တော့ အမြှောင်းလေးတွေကျစ်ပြီးမှ နောက်မှာ ထုံးတာ၊ ခွေတာမျိုး လုပ်လို့ရနိုင်ပါတယ်။ အလယ်ခွဲပြီးတော့ပဲ ကျစ်ကျစ်၊ အမြှောင်းစိပ်စိပ်လေးတွေ ဖော်ပြီးပဲကျစ်ကျစ် အကုန်ကျစ်ပြီးမှ နောက်မှာ ခွေပြီး ထုံးလိုက်တာမျိုးဖြစ်ပါတယ်။ ပိုပြီးအထာကျသွားချင်ရင်တော့ ဆံပင်အတွက် သုံးတဲ့ Accessories လေးတွေနဲ့ အလှဆင်လိုက်ရုံပါပဲ။ Party သွားတဲ့အခါမျိုးဆို တော်တော်လေး မိုက်နေမှာပါ။

Ciara's Fishtail Braid

Ciara’s Fishtail Braid

လျော့တိလျော့ရဲ Ciara ရဲ့ ငါးမြီးပုံကျစ်ဆံမြီးပုံစံကလည်း တစ်မျိုးတော့ ဆန်းနေတာအမှန်ပါပဲ။ အထူးသဖြင့် ပေါ့ပေါ့ပါးပါး ဟိုဟိုဒီဒီသွားတဲ့အခါ ကျစ်သွားလို့ရသလို နွေရာသီလို အချိန်မျိုးနဲ့ သင့်တော်တဲ့ ကျစ်ဆံမြီးတစ်မျိုးပါ။ အပေါ်ပိုင်းမှာတော့ ဆံပင်ကို ပွယောင်းယောင်းလေးပဲထားထားပြီး အောက်နားမှာမှ ယှက်ကျစ်ထားတဲ့ ငါးမြီးပုံ ကျစ်ဆံမြီးကို ကျစ်မယ်ဆိုရင် Office Wear တွေ၊ ပွင့်ရိုက် Dress လေးတွေ၊ Coat တွေနဲ့ တွဲကြည့်သင့်ပါတယ်။

Runway Braid

Runway Braid

အရိုးဆုံးက အဆန်းဆုံးဆိုသလိုပေါ့။ ဆံပင်ကို နောက်မှာ ကျစ်ဆံမြီးတစ်ချောင်းတည်းကျစ်ပြီး ပြန်ခေါက်ထုံးလိုက်တာမျိုးက ရိုးနေပေမယ့်လည်း Runway တွေပေါ်မှာ ပါနေစမြဲပါ။ ဒီပုံစံကတော့ လူလတ်ပိုင်းတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ လူငယ်ကောင်မလေးတွေ လုပ်ကြည့်မယ်ဆိုရင်တော့ ဆံပင်ကို ဖဲပြားလေးနဲ့ ပတ်ချည်လိုက်တာမျိုး၊ ခေါင်းစည်းကြိုးလှလှနဲ့ စည်းလိုက်တာမျိုးကို လုပ်ကြည့်သင့်တယ်လို့ အကြံပေးပါရစေ။

Su Yi Htet (Akhayar)