စက်ဘီးတစ်စီးဝယ်တော့မယ်ဆိုရင် အရေးကြီးဆုံးသတိထားသင့်တဲ့အချက်ကတော့ စက်ဘီးကို ဘယ်လိုအသုံးပြု စီးနင်းမှာလဲဆိုတာပါပဲ။ အဲဒါမှ အံဝင်ခွင်ကျဖြစ်မယ့် စက်ဘီးကိုရွေးချယ်နိုင်မှာပါ။ နောက်တစ်ချက်က ရန်ကုန်မြို့ရဲ့ ဘယ်နေရာတွေမှာဘယ်လိုစက်ဘီးမျိုးကို ဝယ်ယူရရှိနိုင်သလဲဆိုတာ သိဖို့ပါပဲ။

 မြို့တွင်းစက်ဘီး (City Bike)

နိုင်ငံတကာမှာဒတ်ခ်ျ (Dutch) စက်ဘီးလို့လည်း သိကြပါတယ်။ အကြောင်းရင်းကတော့ နယ်သာလန်နိုင်ငံ အမ်မ်စတာဒမ် မြို့မှာဒတ်ခ်ျလူမျိုးတွေစီးတဲ့ စက်ဘီးတွေနဲ့ အရမ်းဆင်တူလို့ပါ။ တစ်ချို့ကလည်း ဒီ City Bike တွေဟာဒတ်ခ်ျလူမျိုးတွေဆီကဆင်းသက်လာတယ်လို့ ဆိုကြပြန်တယ်။ အခုရန်ကုန်မှာတော့ ဂျပန်ကနေတင်သွင်းတဲ့ ဂျပန်ဘီးတွေကပိုပြီးနေရာယူထားပါတယ်။ ပုံစံချင်းကတော်တော်လေးဆင်တူပြီး ရိုးရိုးရှင်းရှင်းလေးဆင်ထားတာပါ။ အဝတ်အစားပုံစံမရွေး၊ ယောင်္ကျားမိန်းမမရွေးစီးနှင်းနိုင်တဲ့အပြင် မြေနီလမ်းရော ကတ္တရာလမ်းတွေမှာလည်း အဆင်ပြေတဲ့အတွက် ဟိုနားဒီနားသွားရာမှာအထူးသင့်တော်ပါတယ်။ ဒီစက်ဘီးမျိုးကအလေးချိန်စီးအတွက် ခရီးဝေးသွားဖို့ လမ်းကြမ်းမှာစီးဖို့မသုံးသင့်ပါဘူး။ 
ဈေး – အနည်းဆုံးလေးသောင်းကနေအများဆုံးသုံးသိန်းအထိ 
ရရှိနိုင်သည့်နေရာ – အင်းစိန်ဈေးအနီး နံ့သာကုန်းစက်ဘီးရောင်းဝယ်ရေးဝင်း

 

တောင်တက်စက်ဘီး (Mountain Bike)

ကလေးဘဝတုန်းကစက်ဘီးကို ပလက်ဖောင်းပေါ်ကနေစီးချ၊ ဗွက်အိုင်ထဲကနေဖြတ်စီး၊ မညီညာတဲ့လမ်းပေါ်မှာ ပြိုင်စီး၊ စက်ဘီးကိုစွန့်စားမှုတစ်ရပ်အနေနဲ့ စီးချင်တဲ့သူတွေအတွက်ပါ။ နိုင်ငံခြားမှာ ဒီလိုစက်ဘီးတွေနဲ့ တောင်တက်လမ်းကြမ်းတွေမှာတစွန့်တစားနဲ့ အားကစားတစ်ရပ်အနေနဲ့ရော၊ ဝါတနာအနေနဲ့ရောစီးကြပါတယ်။ ရန်ကုန်မှာဒီလိုစီးနိုင်ဖို့နေရာမျိုးတွေမရှိပေမယ့် ရှမ်းပြည်၊ အင်းလေးဖက်နဲ့ ကချင်ပြည်နယ်ပူတာအိုဘက်တွေမှာ စမ်းသပ်စီးနှင်းနိုင်ပါတယ်။ ထိန်းသိမ်းရတာအတော်လေးလက်ဝင်ပြီးဂီယာ ကြီး၊ ငယ်စုံလင်စွာပါတဲ့အတွက် မတ်စောက်တဲ့တောင်တက်လမ်းကြမ်းတွေကိုအလွယ်တကူစီးနိုင်ပါတယ်။ အမြင့်ကကျရင် စက်ဘီးမနာအောင် Suspension တွေတတ်ထားတဲ့ စက်ဘီးအမျိုးအစားတွေလည်းရှိပါတယ်။ 
ဈေး – ၁၀ သိန်းအထက်
ရရှိနိုင်သည့်နေရာ – Bike World (ကန်လမ်း၊ အင်းစိန်)  1 Bike Showroom 
တိုက်အမှတ်- 5A, အခန်း-. C-o, အောင်ဇေယျလမ်းနှင့် တပင်ရွှေထီးလမ်း၊ ရန်ကင်း
၀၉၅၀၀၇၇၀၀
တံဆိပ် – Trek, Giant, Mongoose

 

မြို့တွင်း၊ မြို့ပြင်စီးစက်ဘီး (Hybrid Bike)

City Bike နဲ့ Mountain Bike တို့ရဲ့အားသာချက်တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် မြို့တွင်းကတ္တရာလမ်းတွေမှာရော၊ မြို့ပြင်တောလမ်း (သို့) ကတ္တရာမရှိတဲ့လမ်း (Off- Road) တွေမှာလည်းသုံးနိုင်ပါတယ်။ လက်ကိုင်ကဖြောင့်ပြီးထိုင်ခုံနေရာကဗျက်ကျယ်တဲ့အတွက် စက်ဘီးစီးရာမှာ တော်တော်လည်းသက်သောင့်သက်သာရှိပါတယ်။ ဒီစက်ဘီးမျိုးကအတော်လေးပေါ့တဲ့အတွက် သယ်ယူရလွယ်ကူပါတယ်။ရန်ကုန်မြို့ပြင်ဖက်ကို စက်ဘီးစီးထွက်မယ်ဆိုရင်လည်း ကားပေါ်မှာချိတ်ပြီးယူသွားလို့ရပါတယ်။ အခုနောက်ပိုင်းရန်ကုန်မှာခေတ်စားလာတာက ထိုင်ဝမ်ကနေ တင်သွင်းတဲ့ ဒီလိုစက်ဘီးအမျိုးအစားပါပဲ။
ဈေး- ၃ သိန်းမှ ၁၀ သိန်း
ရရှိနိုင်သည့်နေရာ – နံ့သာကုန်းစက်ဘီးနှင့် ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးစခန်း၊ အင်းစိန် ၀၉ ၃၃၃၀၈၀၀၈
– GTM (အင်းစိန်စက်ဘီးဝင်း)
တံဆိပ် – Diamondback, Schwinn, Nashbar

စက်ဘီးစီးတော့မယ်ဆိုရင်

  • အရေးအကြီးဆုံးနဲ့ အရင်ဦးစားပေးရမှာက စက်ဘီးစီးကျွမ်းကျင်အောင်သင်ပါ။
  • ကိုယ်ဝယ်ချင်တဲ့စက်ဘီးပုံစံနဲ့ ကိုယ်စီးချင်တဲ့ပုံစံ ကိုက်မကိုက်စစ်ဆေးပါ။(မြို့တွင်းမှာစီးမှာလား၊ တောလမ်းမှာစီးမှာလား)
  •  ပေါချောင်ကောင်းမလိုက်ပါ နဲ့။ စက်ဘီး Body ကို အနည်းဆုံး အလူမီနီယံနဲ့လုပ်ထားတာဝယ်ပါ။ ဒါမှ ကြာရှည်ခံပြီး နေပူမိုးရွာမရှောင် စီးနိုင်မှာပါ။
  • လမ်းပေါ်မှာဘေးကင်းစွာ စီးနိုင်ဖို့ Safety Light တွေနဲ့ Helmet တွေကိုပါ တစ်ပါတည်း ၀ယ်ယူပါ။
  • အနှေးယာဉ်မ၀င်ရတဲ့ လမ်းတွေကို သတိပြုပါ။
  •  စက်ဘီးပေါ်မှာ ကိုယ့်အရေးကြီး ဖုန်းနံပါတ်ကို စတစ်ကာကပ်ထားပါ။ ဒါမှ အရေးကြုံလာရင် တခြားလူမှ လွယ်ကူစွာ ဆက်သွယ်နိုင်မှာပါ။