[Zawgyi]

ပရီးမီးယားလိဂ္ဆုဖလားကုိ မန္စီးတီးနဲ႔အၿပိဳင္ စိန္ေခၚႏုိင္စြမ္းရွိတဲ့အသင္းကုိ ခန္႔မွန္းခဲ့တဲ့ ဆာေနး Sane

မန္စီးတီး Manchester City အသင္းရဲ႕ ဂ်ာမန္လူငယ္ေတာင္ပံကစားသမား ဆာေနး Sane က လာမယ့္ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြမွာ ခ်န္ပီယံဆုဖလားကုိ မန္စီးတီးနဲ႔အၿပိဳင္ စိန္ေခၚႏုိင္စြမ္းရွိတဲ့အသငး္ဟာ ခ်ယ္လ္ဆီး Chelsea အသင္းျဖစ္တယ္လုိ႔ ခန္႔မွန္းခဲ့တယ္။ ဆာေနးက တျခားထိပ္သီးအသင္းေတြထက္ ခ်ယ္လ္ဆီးအသင္းကုိ ဘာျဖစ္လုိ႔ သူတို႔ရဲ႕ၿပိဳင္ဘက္အျဖစ္ သတ္မွတ္ခဲ့လဲဆုိေတာ့ နည္းျပသစ္ ဆာရီ Sarri ရဲ႕ အရည္အေသြးေၾကာင့္ ျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီက အဆင့္(၅)ရခဲ့ေပမယ့္ ဆာရီကုိ နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ့တဲ့အတြက္ မန္စီးတီးကုိ ဒုကၡေပးႏုိင္စြမ္းရွိေနၿပီလုိ႔ ဆာေနးက ယုံၾကည္ေနတာပါ။

2016-17-Premier-League-Champion-Chelsea

2016-17-Premier-League-Champion-Chelsea

Sky Sports ႐ုပ္သံနဲ႔ အင္တာဗ်ဴးမွာ ဆာေနးက “ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီးအသင္းရဲ႕ အဓိကၿပိဳင္ဘက္ျဖစ္လာမွာပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတို႔မွာ ဆာရီလုိ ထိပ္တန္းနည္းျပတစ္ဦးကုိ ပုိင္ဆုိင္ထားလုိ႔ပါပဲ။ ၿပီးခဲ့တဲ့ရာသီက နာပုိလီအသင္းရဲ႕ေျခစြမ္းကုိ ခင္ဗ်ားတို႔လည္း ျမင္ေတြ႕ခဲ့ရမွာေပ့ါ။ သူတို႔ကစားပုံက အရမ္းအရမ္းဆြဲေဆာင္မႈရွိတဲ့အျပင္ အရမ္းလည္းေကာင္းမြန္ပါတယ္။ နာပုိလီနဲ႔ ရင္ဆုိင္ခဲ့ရတဲ့ပဲြေတြမွာ ကၽြန္ေတာ္တို႔ ခက္ခက္ခဲခဲကစားခဲ့ရတယ္”လုိ႔ ဆုိခဲ့တယ္။ ခ်ယ္လ္ဆီးၿပီးရင္ မန္စီးတီးကုိ ဒုကၡေပးႏုိင္တဲ့အသင္းကုိေတာ့ လီဗာပူးလ္အသင္းျဖစ္တယ္လုိ႔ ဆာေနးက ေျပာၾကားခဲ့ပါေသးတယ္။ “ထိပ္သီးအသင္းေတြကေတာ့ အသင္းကုိအေကာင္းဆုံးျဖစ္ေအာင္ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္ေနၾကပါတယ္။ လီဗာပူးလ္အသင္းကလည္း ကစားသမားေကာင္းေတြ ေခၚယူထားတာေၾကာင့္ လာမယ့္ရာသီမွာ သူတို႔အသင္းက ပုိၿပီးေတာင့္တင္းလာမွာပါ”လုိ႔ ေျပာခဲ့တယ္။ ဆာေနးေျပာသလုိ ဒီႏွစ္သင္းက ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီးအသင္းရဲ႕ ၿပိဳင္ဘက္ျဖစ္လာမလားဆုိတာကေတာ့ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

REF:The Sun
Photo:Goal.com,Premier League
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်ဆုဖလားကို မန်စီးတီးနဲ့အပြိုင် စိန်ခေါ်နိုင်စွမ်းရှိတဲ့အသင်းကို ခန့်မှန်းခဲ့တဲ့ ဆာနေး Sane

မန်စီးတီး Manchester City အသင်းရဲ့ ဂျာမန်လူငယ်တောင်ပံကစားသမား ဆာနေး Sane က လာမယ့် ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုဖလားကို မန်စီးတီးနဲ့အပြိုင် စိန်ခေါ်နိုင်စွမ်းရှိတဲ့အသင်းဟာ ချယ်လ်ဆီး Chelsea အသင်းဖြစ်တယ်လို့ ခန့်မှန်းခဲ့တယ်။ ဆာနေးက တခြားထိပ်သီးအသင်းတွေထက် ချယ်လ်ဆီးအသင်းကို ဘာဖြစ်လို့ သူတို့ရဲ့ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့လဲဆိုတော့ နည်းပြသစ် ဆာရီ Sarri ရဲ့ အရည်အသွေးကြောင့် ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အဆင့်(၅)ရခဲ့ပေမယ့် ဆာရီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့အတွက် မန်စီးတီးကို ဒုက္ခပေးနိုင်စွမ်းရှိနေပြီလို့ ဆာနေးက ယုံကြည်နေတာပါ။

2016-17-Premier-League-Champion-Chelsea

2016-17-Premier-League-Champion-Chelsea

Sky Sports ရုပ်သံနဲ့ အင်တာဗျူးမှာ ဆာနေးက “ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးအသင်းရဲ့ အဓိကပြိုင်ဘက်ဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ဆာရီလို ထိပ်တန်းနည်းပြတစ်ဦးကို ပိုင်ဆိုင်ထားလို့ပါပဲ။ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းရဲ့ခြေစွမ်းကို ခင်ဗျားတို့လည်း မြင်တွေ့ခဲ့ရမှာပေ့ါ။ သူတို့ကစားပုံက အရမ်းအရမ်းဆွဲဆောင်မှုရှိတဲ့အပြင် အရမ်းလည်းကောင်းမွန်ပါတယ်။ နာပိုလီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ပွဲတွေမှာ ကျွန်တော်တို့ ခက်ခက်ခဲခဲကစားခဲ့ရတယ်”လို့ ဆိုခဲ့တယ်။ ချယ်လ်ဆီးပြီးရင် မန်စီးတီးကို ဒုက္ခပေးနိုင်တဲ့အသင်းကိုတော့ လီဗာပူးလ်အသင်းဖြစ်တယ်လို့ ဆာနေးက ပြောကြားခဲ့ပါသေးတယ်။ “ထိပ်သီးအသင်းတွေကတော့ အသင်းကိုအကောင်းဆုံးဖြစ်အောင် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်နေကြပါတယ်။ လီဗာပူးလ်အသင်းကလည်း ကစားသမားကောင်းတွေ ခေါ်ယူထားတာကြောင့် လာမယ့်ရာသီမှာ သူတို့အသင်းက ပိုပြီးတောင့်တင်းလာမှာပါ”လို့ ပြောခဲ့တယ်။ ဆာနေးပြောသလို ဒီနှစ်သင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးအသင်းရဲ့ ပြိုင်ဘက်ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

REF:The Sun
Photo:Goal.com,Premier League
Naing Linn(Akhayar)
www.akhayar.com