[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕အဆုိးရြားဆုံးအသင္းမွာ ဂ်ာမနီနဲ႔ပုိလန္ကစားသမား အမ်ားဆုံးပါ၀င္ခဲ့တယ္

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ အဆုိးရြားဆုံးကစားသမား(၁၁)ဦး (Worst XI)စာရင္းကုိ နာမည္ေက်ာ္ျပင္သစ္မဂၢဇင္းျဖစ္တဲ့ L’Equipe က ထုတ္ျပန္ခဲ့ၿပီး ဂ်ာမနီနဲ႔ပုိလန္အသင္းက ကစားသမားအမ်ားဆုံးပါ၀င္ခဲ့တယ္။ ဂ်ာမနီအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ လက္ရွိခ်န္ပီယံအသင္းအျဖစ္ ပါ၀င္ကစားခဲ့ၿပီး သူတို႔အုပ္စုထဲမွာ အလယ္အလတ္အသင္းေတြျဖစ္တဲ့ မကၠဆီကုိ၊ ေတာင္ကုိရီးယား၊ ဆြီဒင္အသင္းတို႔နဲ႔သာ ရင္ဆုိင္ခဲ့ရေပမယ့္ (၁)ပဲြႏုိင္၊ (၂)ပဲြ႐ႈံးရလဒ္နဲ႔ အုပ္စုအဆင့္က ေစာေစာစီးစီလွည့္ျပန္ခဲ့ရတယ္။

Mesut-Ozil

Mesut-Ozil

ဂ်ာမနီအသငး္အုပ္စုက ထြက္ခဲ့ရတဲ့အတြက္ တိုနီက႐ူးစ္ Toni Kroos ၊ ခီဒီရာ Khedira ၊ ေသာမတ္စ္မူလာ Thomas Muller စတဲ့ကစားသမားေတြဟာ ေ၀ဖန္မႈေတြနဲ႔ရင္ဆုိင္ခဲ့ရသလုိ အထူးသျဖင့္ အာဆင္နယ္ကြင္းလယ္လူ အုိေဇးလ္ Ozil ကုိ ဂ်ာမန္ပရိသတ္ေတြက ပစ္မွတ္ထားေ၀ဖန္ခဲ့ၾကတယ္။ အုိေဇးလ္ဆုိရင္ L’Equipe မဂၢဇင္းက စြမ္းေဆာင္ရည္(၁၀)မွတ္ေပးထားတာမွာ (၃)မွတ္သာရရွိတဲ့အထိ ဆုိးရြားခဲ့တယ္။ အခုစာရငး္မွာေတာ့ တိုနီက႐ူးစ္မပါခဲ့ဘဲ ခီဒီရာ၊ မူလာ၊ အုိေဇးလ္တို႔သာ ပါ၀င္ခဲ့ၿပီး ခီဒီရာက (၂)မွတ္၊ မူလာ က (၂.၅)မွတ္သာရရွိခဲ့ပါတယ္။ ဂ်ာမနီအသင္းနဲ႔အတူ ပုိလန္အသင္းက ကစားသမား(၃)ဦးပါ၀င္ခဲ့ၿပီး ေနာက္ခံလူေတြျဖစ္တဲ့ ေရးဘတ္စ္ Rybus ၊ ပစ္ဇ္ခ်က္ Piszczek တို႔အျပင္ ကြင္းလယ္လူ ေဂၚရယ္လ္စကီး Goralski တို႔လည္း ပါ၀င္ခဲ့တယ္။ လက္ရွိပရီးမီးယားလိဂ္ကစားသမားေတြျဖစ္တဲ့ ကာဘယ္လာ႐ုိ Caballero(ခ်ယ္လ္ဆီး/အာဂ်င္တီးနား)၊ အီဟီယာနာခ်ိဳ Iheanacho (လက္စတာ/ႏုိက္ဂ်ီးရီးယား)တို႔လည္း အဆုိးရြားဆုံး ကစားသမား(၁၁)ဦးစာရင္းမွာ ပါ၀င္ခဲ့ၾကတယ္။

L’Equipe က ထုတ္ျပန္ခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ အဆုိးရြားဆုံးကစားသမား(၁၁)ဦး
ဂုိး – ကာဘယ္လာ႐ုိ (အာဂ်င္တီးနား)- ၂.၅ မွတ္
ေနာက္တန္း – ပစ္ဇ္ခ်က္(ပုိလန္) ၃မွတ္၊ အယ္လ္ဗာရက္ဇ္ (မကၠဆီကုိ) ၃ မွတ္၊
ဒူရာေတး (ေကာ္စတာရီကာ) ၃မွတ္၊ ေရးဘတ္စ္(ပုိလန္) ၃မွတ္
အလယ္တန္း – ခီဒီရာ (ဂ်ာမနီ) ၂မွတ္၊ ေဂၚရယ္လ္စကီး (ပုိလန္) ၃.၅မွတ္၊ အုိေဇးလ္(ဂ်ာမနီ)၃မွတ္
ေရွ႕တန္း – မူလာ(ဂ်ာမနီ) ၂.၅မွတ္၊ အီဟီယာနာခ်ိဳ (ႏုိက္ဂ်ီးရီးယား)၃.၅မွတ္၊ ဆစ္စတို(ဒိန္းမတ္) ၃.၇မွတ္

REF: L’Equipe
Photo:Yahoo Sport UK,cms-bucket.nosdn.127.net
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အဆိုးရွားဆုံးအသင်းမှာ ဂျာမနီနဲ့ပိုလန်ကစားသမား အများဆုံးပါဝင်ခဲ့တယ်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဆိုးရွားဆုံးကစားသမား(၁၁)ဦး (Worst XI)စာရင်းကို နာမည်ကျော်ပြင်သစ်မဂ္ဂဇင်းဖြစ်တဲ့ L’Equipe က ထုတ်ပြန်ခဲ့ပြီး ဂျာမနီနဲ့ပိုလန်အသင်းက ကစားသမားအများဆုံးပါဝင်ခဲ့တယ်။ ဂျာမနီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံအသင်းအဖြစ် ပါဝင်ကစားခဲ့ပြီး သူတို့အုပ်စုထဲမှာ အလယ်အလတ်အသင်းတွေဖြစ်တဲ့ မက္ကဆီကို၊ တောင်ကိုရီးယား၊ ဆွီဒင်အသင်းတို့နဲ့သာ ရင်ဆိုင်ခဲ့ရပေမယ့် (၁)ပွဲနိုင်၊ (၂)ပွဲရှုံးရလဒ်နဲ့ အုပ်စုအဆင့်က စောစောစီးစီလှည့်ပြန်ခဲ့ရတယ်။

Mesut-Ozil

Mesut-Ozil

ဂျာမနီအသင်းအုပ်စုက ထွက်ခဲ့ရတဲ့အတွက် တိုနီကရူးစ် Toni Kroos ၊ ခီဒီရာ Khedira ၊ သောမတ်စ်မူလာ Thomas Muller စတဲ့ကစားသမားတွေဟာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရသလို အထူးသဖြင့် အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် Ozil ကို ဂျာမန်ပရိသတ်တွေက ပစ်မှတ်ထားဝေဖန်ခဲ့ကြတယ်။ အိုဇေးလ်ဆိုရင် L’Equipe မဂ္ဂဇင်းက စွမ်းဆောင်ရည်(၁၀)မှတ်ပေးထားတာမှာ (၃)မှတ်သာရရှိတဲ့အထိ ဆိုးရွားခဲ့တယ်။ အခုစာရင်းမှာတော့ တိုနီကရူးစ်မပါခဲ့ဘဲ ခီဒီရာ၊ မူလာ၊ အိုဇေးလ်တို့သာ ပါဝင်ခဲ့ပြီး ခီဒီရာက (၂)မှတ်၊ မူလာ က (၂.၅)မှတ်သာရရှိခဲ့ပါတယ်။ ဂျာမနီအသင်းနဲ့အတူ ပိုလန်အသင်းက ကစားသမား(၃)ဦးပါဝင်ခဲ့ပြီး နောက်ခံလူတွေဖြစ်တဲ့ ရေးဘတ်စ် Rybus ၊ ပစ်ဇ်ချက် Piszczek တို့အပြင် ကွင်းလယ်လူ ဂေါ်ရယ်လ်စကီး Goralski တို့လည်း ပါဝင်ခဲ့တယ်။ လက်ရှိပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ ကာဘယ်လာရို Caballero(ချယ်လ်ဆီး/အာဂျင်တီးနား)၊ အီဟီယာနာချို Iheanacho (လက်စတာ/နိုက်ဂျီးရီးယား)တို့လည်း အဆိုးရွားဆုံး ကစားသမား(၁၁)ဦးစာရင်းမှာ ပါဝင်ခဲ့ကြတယ်။

L’Equipe က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အဆိုးရွားဆုံးကစားသမား(၁၁)ဦး
ဂိုး – ကာဘယ်လာရို (အာဂျင်တီးနား)- ၂.၅ မှတ်
နောက်တန်း – ပစ်ဇ်ချက်(ပိုလန်) ၃မှတ်၊ အယ်လ်ဗာရက်ဇ် (မက္ကဆီကို) ၃ မှတ်၊
ဒူရာတေး (ကော်စတာရီကာ) ၃မှတ်၊ ရေးဘတ်စ်(ပိုလန်) ၃မှတ်
အလယ်တန်း – ခီဒီရာ (ဂျာမနီ) ၂မှတ်၊ ဂေါ်ရယ်လ်စကီး (ပိုလန်) ၃.၅မှတ်၊ အိုဇေးလ်(ဂျာမနီ)၃မှတ်
ရှေ့တန်း – မူလာ(ဂျာမနီ) ၂.၅မှတ်၊ အီဟီယာနာချို (နိုက်ဂျီးရီးယား)၃.၅မှတ်၊ ဆစ်စတို(ဒိန်းမတ်) ၃.၇မှတ်

REF: L’Equipe
Photo:Yahoo Sport UK,cms-bucket.nosdn.127.net
Naing Linn(Akhayar)
www.akhayar.com