[Zawgyi]



Messi

Messi


Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လာလီဂါ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ မက်ဆီ Messi

ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှုး မက်ဆီ Messi ဟာ စက်တင်ဘာလရဲ့ လာလီဂါ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ စက်တင်ဘာလထဲမှာ ဘာစီလိုနာအသင်းဟာ ရလဒ်တွေဆိုးခဲ့ပေမယ့် မက်ဆီက ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ဒီဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ မက်ဆီဟာ စက်တင်ဘာလထဲမှာ ကစားခဲ့တဲ့ လာလီဂါ(၅)ပွဲမှာ (၃)ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

Messi

Messi

မက်ဆီဟာ ဒီဆုကို ကစားသမားဘဝတစ်လျှောက် (၄)ကြိမ်မြောက်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီဆုကို အကြိမ်အများဆုံးရရှိထားတဲ့ သူကတော့ အက်သလက်တီကို တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Griezmann ဖြစ်ပြီး (၅)ကြိမ်ထိရရှိထားတာပဲ ဖြစ်ပါတယ်။ မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ လက်ရှိအချိန်ထိ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၁၁)ပွဲကစားထားပြီး (၁၁)ဂိုးသွင်းယူထားပါတယ်။

Ref: Bleacher Report Football
Photo: Messi Twitter , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com