Lenovo ဟာ သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ Tango-Enabled Phab2 PRO စမတ်ဖုန်းကို  အိန္ဒိယမှာ Launch လုပ်ခဲ့ ပြီး  ဒီဖုန်းရဲ့ ဈေးနှုန်းကတော့ INR 29,990 ( ဒေါ်လာ ၄၄၀ခန့်) ရှိကြောင်းသိရပါတယ်။

ဒီဖုန်းဟာ ၂၀၁၆ နိုဝင်ဘာမှာ စတင်ထုတ်လုပ်ခဲ့ပြီး US ၊ Europe နဲ့ China တို့မှာ အရင်Launch လုပ်ခဲ့တာဖြစ်ပါတယ်။ ဖုန်းရဲ့အလေးချိန်ဟာ 259g ရှိပြီး ၂ကဒ်ထိုး ဖုန်းအမျိုးအစားဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်အ၀န်းဟာ 6.4inches ကျယ်ဝန်းပြီး အထောက်အပံ့ပေးထားတဲ့ မြင်ကွင်းစွမ်းရည်ကတော့ 1440 x 2560 Pixels ဖြစ်ကာ တစ်လက်မ မှာပါဝင်တဲ့  သိပ်သည်းဆ ပမာဏကတော့ 459ppi ဖြစ်ပါတယ်။ မျက်နှာပြင်ဖန်သားကို IPS LCD Capacitive Touchscreen, 16M Colors အသုံးပြုထားပြီး Multi-Touch အသုံးပြုနိုင်ပါတယ်။

Android 6.0 Marshmallow Version အသုံးပြုထားပြီးChipset အနေနဲ့ Qualcomm MSM8976 Snapdragon 652 အသုံးပြုထားပါတယ်။ CPU ကို အထောက်အပံ့ပေးထားတာကတော့ Octa-Core (4×1.8 GHz Cortex-A72 & 4×1.4 GHz Cortex-A53) ဖြစ်ပြီး အသုံးပြုထားတဲ့ Graphic Processing Unit ကတော့ Adreno 510 ဖြစ်ပါတယ်။ MicroSD ကို SIM 2 Slot မှာ အသုံးပြုနိုင်ပြီး 256GB ထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။ RAM အနေနဲ့ 4GB ဖြစ်ပြီး Internal Storage အနေနဲ့ 64GB ပါဝင်ပါတယ်။

ရှေ့ကင်မရာဟာ 16MP ပါဝင်ပြီး Phase Detection Autofocus, Depth & Motion Tracking Sensors နဲ့ Geo-Tagging ၊ Touch Focus ၊ Face Detection  Features တို့ အသုံးပြုနိုင်ပါတယ်။

You May Also Like : ” Samsung က တနင်္လာနေ့မှာ Galaxy Note 7 ပေါက်ကွဲခြင်းအကြောင်းရင်းကို ထုတ်ဖော်မည်

ရှေ့ဘက်ကင်မရာကတော့ 8 MP f/2.2 ရှိပြီး Video ရိုက်ကူးနိုင်တဲ့ စွမ်းရည်ကတော့ 1080P ဖြစ်ပြီး နှုန်းကတော့ တစ်စက္ကန့်ကို 30 Frames ပါ။  Alert Types အနေနဲ့ပါဝင်တာကတော့ Vibration ၊ MP3 ၊ WAV Ringtones တို့ဖြစ်ပြီး Audio အနေနဲ့ 3.5mm jack ပါဝင်ပြီး Dolby Audio Capture 5.1 အသုံးပြုနိုင်ပါတယ်။ Data ကူးယူမှုအတွက် အထောက်အပံ့ပေးထား တာကတော့ MicroUSB Version 2.0 Port ဖြစ်ပါတယ်။ Fingerprint Sensor အသုံးပြုနိုင်ပြီး Document Viewer ၊ Photo/Video Editor ပါဝင်ပါတယ်။အသုံးပြုထားတဲ့ Battery အမျိုးအစားကတော့ Li-Ion 4050 mAh ဖြစ်ပြီး အားသွင်းရာမှာ မြန်ဆန်စေပါတယ်။ ရရှိနိုင်တဲ့ အရောင်တွေကတော့ Gunmetal Grey ၊ Champagne Gold တို့ဖြစ်ပါတယ်။

Jan ( Akhayar )

(www.akhayar.com)

Ref : GSM Arena