Dell ရဲ့ Alienware၊ HP ရဲ့ Omen၊ Acer ရဲ့ Predator နဲ့ Asus ရဲ့ Republic ဆိုတာတွေက ဂိမ်းမာ တွေရဲ့အသည်းစွဲလက်တော့ပ်တွေဖြစ်ပါတယ်။ Lenovo ကလည်း Gaming လက်တော့ပ်လောကမှာ ငြိမ်နေတာကနေပြီးတော့ ၂၀၁၇ ခုနှစ်ရဲ့ CES (Consumer Electronic Show) ပွဲမှာ Razor နဲ့တွဲဖက်ထုတ်လုပ်ထားတဲ့ သူ့ရဲ့ Gaming လက်တော့ပ်တွေကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Gaming လက်တော့ပ်တွေကို Legion လို့အမည်ပေးထားပြီး Y720 နဲ့ Y520 ဆိုတဲ့အမျိုးအစားနှစ်မျိုး ပါ။ (အရင် Y Series Gaming လက်တော့ပ်တွေရဲ့ ဒီဇိုင်းကိုပြန်လည်ဆန်းသစ်ထားတာပါ။)

Legion ဆိုတာဘာလဲ?

 

Legion ဆိုတာကတော့ အတူတကွတိုက်ပွဲဝင်ဖို့အသင့်ရှိနေတဲ့ရောမစစ်တပ်ကြီးလို့ အဓိပ္ပာယ်ရပါတယ်။ အခုမိုဒယ်ကအရင် Y Series လက်တော့ပ်တွေထက်ပိုမိုပါးလွှာပါတယ်။ ကိုယ်ထည်ကို နီဖန့်ဖန့်အရောင်နဲ့ထုတ်လုပ်ထားပြီးတော့ ကီးဘုတ်တွေမှာလည်းနောက်ခံ မီးရောင်တွေပါဝင်ပါတယ်။ (၁၅လက်မမျက်နှာပြင်မှာတော့မီးရောင်က အနီတစ်မျိုးပဲရမှာဖြစ်ပြီး ၁၇လက်မမျက်နှာပြင်မှာမှ မီးရောင်စုံရရှိမှာပါ။) ကိုယ်ထည်နဲ့မျက်နှာပြင်ကိုတော့ ပတ္တာပုံစံဒီဇိုင်း နဲ့ချိတ်ဆက်ထားပါတယ်။

Legionမှာဘာတွေပါလာမှာလဲ?

လက်တော့နှစ်မျိုးစလုံးမှာ Intel ရဲ့ 7th Generation Core i7 ပရိုဆက်ဆာ (Kaby Lake) တပ်ဆင်ပေးထားပြီး တန်ဖိုးပိုမြင့်တဲ့ Y720 မှာတော့ Quard-Core i7 7700HQ အမျိုးအစားပါဝင်မှာပါ။ အဆိုပါလက်တော့ပ်အမျိုးအအစားမှာ matte 4K Display ကိုအထောက်အပံ့ပေးထားတဲ့အပြင် ရုပ်ထွက်က (3840 x 2160 ) ပါ။ Y720 မှာပိုမိုကြီးမားတဲ့ 60WHrဘတ္ထရီပါဝင်လာပါတယ်။ Y720 မှာက Nvidia GeforceGTX 1060 နဲ့ဖြစ်ပြီး တော့ Y520 မှာက GTX 1050 နဲ့ပါ။နောက်ပြီးတော့ Y720 က Dolby Atoms အသံထွက်စနစ်ပါဝင်လာတဲ့ ပထမဆုံးလက်တော့ဖြစ်ပါတယ်။ ဘတ္ထရီသက်တမ်းကတော့ ဆက်တိုက်အသုံးပြုမယ်ဆိုရင် Y720 က ငါးနာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး Y520 ကတော့ လေးနာရီသုံးလို့ရပါတယ်။

ကျွန်တော်နှစ်သက်တဲ့အချက်တစ်ခုကတော့ Y720 မှာ Xbox One ရဲ့ Wireless Receiver ပါဝင်လာတာဖြစ်ပြီးတော့ Virtual Reality (VR) ကိုအပြည့်အဝအထောက်အပံ့ပေးပါတယ်။

You May Also Like: နည်းပညာထိပ်သီးတွေရဲ့ Business ကတ် စတိုင်များ

 ဘယ်အချိန်ဝယ်လို့ရမှာလဲ?

ဘယ်လိုပြောပြော Lenovo ရဲ့Gaming Laptop တွေက ဆွဲဆောင်မှုရှိပြီးတော့ သူ့ဈေးနဲ့သူတော့ သင့်တော်ပါတယ်။  Y520 ကို 899.99 ဒေါ်လာနဲ့ ဖေဖော်ဝါရီလမှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ Y720 ကိုတော့ 1,399.99 ဒေါ်လာနဲ့ ဧပြီလမှာဝယ်ယူလို့ရပါတယ်။

Min Thu Kha (အခရာ)

www.akhayar.com