[Zawgyi] 

Lenovo ကေတာ့ ဖုန္းကိုထုတ္မျပခင္အခ်ိန္မွာကတည္းက Teaser ဓာတ္ပံုေတြကို တင္ေနခဲ့ပါတယ္။ Teaser ဓာတ္ပံုေတြထဲမွာေတာ့ Z5 စမတ္ဖုန္းကို လွပတဲ့ Full Screen Display နဲအတူ ပါးလႊာတဲ့ Body ကိုေတြ႕ရပါတယ္။ 

Notch မပါဘူးဆိုတာ ပထမဦးဆံုး Teaser ဓာတ္ပံုမွာကတည္းက ပရိတ္သတ္ေတာ္ေတာ္မ်ားမ်ားက လက္ခံထားခဲ့ၾကပါတယ္။ ဒါေပမယ့္ Lenovo ကေတာ့ Z5 ကို အမွန္တကယ္မိ္တ္ဆက္လာတဲ့အခ်ိန္မွာ Notch ပါတဲ့ Display ကိုအသံုးျပဳထားတာေတြ႕ရတဲ့အတြက္ ပရိတ္သတ္ေတြက မေက်နပ္ၾကပါဘူး။ Lenovo အေနနဲ႔ေတာ့ ဒီကိစၥကိုျပန္ေျဖရွင္းတာမ်ိဳးမလုပ္ထားပါဘူး။

Lenovo Z5

Trailer မွာျဖစ္သြားတဲ့အျဖစ္အပ်က္နဲ႔ တစ္ကယ့္ဇာတ္ဝင္ခန္းမွာျဖစ္သြားတဲ့အျဖစ္အပ်က္ေတြက လြဲေနတတ္သလိုပဲ Lenovo ရဲ႕ Z5 Design Teaser ေတြက ပရိတ္သတ္ကိုေတာ့ အမွန္တကယ္ ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ စမတ္ဖုန္းကုမၸဏီေတြေတာ္ေတာ္မ်ားမ်ားကေတာ့ Teaser ဓာတ္ပံုထုတ္ရင္ အခုေလာက္ လြဲမွားေနတာမ်ိဳးကိုေတာ့ အသံုးျပဳေလ့မရွိပါဘူး။ အဲ့ဒီအတြက္ Lenovo ဟာ ပ႐ိတ္သတ္ေတြကို လိမ္ညာလွည့္ဖ်ားတဲ့သေဘာ သက္ေရာက္သြားခဲ့ပါတယ္။ 

Teaser Sketch and Actual Product

Lenovo Z5 ကေတာ့ 2018 မွာ အေကာင္းဆံုးဖုန္းစာရင္းထဲမွာပါႏိုင္မလားဆိုတာမေသခ်ာေသးေပမယ့္ ပ႐ိတ္သတ္ကို လွည့္စားႏုိင္ဆံုးဖုန္းအေနနဲ႔ေတာ့ သမို္င္းတြင္သြားႏိုင္ပါတယ္။ Lenovo Z5 ကိုေတာ့ 6.2 Inch 19:9 Ratio ရွိတဲ့ Full HD Display ကို Notch Design နဲ႔ေတြ႕ရပါတယ္။ Spec ေတြကိုေတာ့ အေသးစိတ္မသိရေသးေပမယ့္ Qualcomm Snapdragon 600 Series Processor ကို အသံုးျပဳေပးထားတာျဖစ္ႏိုင္ပါတယ္။ 16 MP Dual Camera ပါဝင္ၿပီး RAM 6GB ၊ Storage 64GB Version ကို $200 ဝန္းက်င္နဲ႔ေရာင္းခ်မွာျဖစ္ၿပီး RAM 6GB ၊ Storage 128GB Version ကိုေတာ့ $280 ဝန္းက်င္နဲ႔ ေရာင္းခ်ေပးသြားမယ္လို႔သိရပါတယ္။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Teaser ထဲက Design နဲ့လုံးဝမတူပဲ ထွက်လာခဲ့တဲ့ Lenovo ရဲ့ Z5

Lenovo ကတော့ ဖုန်းကိုထုတ်မပြခင်အချိန်မှာကတည်းက Teaser ဓာတ်ပုံတွေကို တင်နေခဲ့ပါတယ်။ Teaser ဓာတ်ပုံတွေထဲမှာတော့ Z5 စမတ်ဖုန်းကို လှပတဲ့ Full Screen Display နဲအတူ ပါးလွှာတဲ့ Body ကိုတွေ့ရပါတယ်။ 

Notch မပါဘူးဆိုတာ ပထမဦးဆုံး Teaser ဓာတ်ပုံမှာကတည်းက ပရိတ်သတ်တော်တော်များများက လက်ခံထားခဲ့ကြပါတယ်။ ဒါပေမယ့် Lenovo ကတော့ Z5 ကို အမှန်တကယ်မိတ်ဆက်လာတဲ့အချိန်မှာ Notch ပါတဲ့ Display ကိုအသုံးပြုထားတာတွေ့ရတဲ့အတွက် ပရိတ်သတ်တွေက မကျေနပ်ကြပါဘူး။ Lenovo အနေနဲ့တော့ ဒီကိစ္စကိုပြန်ဖြေရှင်းတာမျိုးမလုပ်ထားပါဘူး။

Lenovo Z5

Trailer မှာဖြစ်သွားတဲ့အဖြစ်အပျက်နဲ့ တစ်ကယ့်ဇာတ်ဝင်ခန်းမှာဖြစ်သွားတဲ့အဖြစ်အပျက်တွေက လွဲနေတတ်သလိုပဲ Lenovo ရဲ့ Z5 Design Teaser တွေက ပရိတ်သတ်ကိုတော့ အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းကုမ္ပဏီတွေတော်တော်များများကတော့ Teaser ဓာတ်ပုံထုတ်ရင် အခုလောက် လွဲမှားနေတာမျိုးကိုတော့ အသုံးပြုလေ့မရှိပါဘူး။ အဲ့ဒီအတွက် Lenovo ဟာ ပရိတ်သတ်တွေကို လိမ်ညာလှည့်ဖျားတဲ့သဘော သက်ရောက်သွားခဲ့ပါတယ်။ 

Teaser Sketch and Actual Product

Lenovo Z5 ကတော့ 2018 မှာ အကောင်းဆုံးဖုန်းစာရင်းထဲမှာပါနိုင်မလားဆိုတာမသေချာသေးပေမယ့် ပရိတ်သတ်ကို လှည့်စားနိုင်ဆုံးဖုန်းအနေနဲ့တော့ သမိုင်းတွင်သွားနိုင်ပါတယ်။ Lenovo Z5 ကိုတော့ 6.2 Inch 19:9 Ratio ရှိတဲ့ Full HD Display ကို Notch Design နဲ့တွေ့ရပါတယ်။ Spec တွေကိုတော့ အသေးစိတ်မသိရသေးပေမယ့် Qualcomm Snapdragon 600 Series Processor ကို အသုံးပြုပေးထားတာဖြစ်နိုင်ပါတယ်။ 16 MP Dual Camera ပါဝင်ပြီး RAM 6GB ၊ Storage 64GB Version ကို $200 ဝန်းကျင်နဲ့ရောင်းချမှာဖြစ်ပြီး RAM 6GB ၊ Storage 128GB Version ကိုတော့ $280 ဝန်းကျင်နဲ့ ရောင်းချပေးသွားမယ်လို့သိရပါတယ်။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။