[Zawgyi] 



Tab E7

Lenovo Tab E7

  • 1GB RAM
  • 16GB Storage

Lenovo Tab E8

  • 1GB RAM
  • 16GB Storage
  • Android Nougat

Lenovo Tab E10

  • 2GB RAM
  • 16GB Storage

Tab M10


Lenovo Tab M10

  • 3GB RAM
  • 32GB Storage
  • Two Speakers
  • Android Oreo


Lenovo Tab P10

  • 4GB RAM
  • 32GB Storage
  • Android Oreo


Ref: Lenovo

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

တန်ဖိုးနည်း Tablet အများအပြားကို Levnovo ထုတ်ပြလာပြီ

Android ဖုန်းတွေနဲ့ပတ်သက်လာရင် ရွေးချယ်စရာ အများကြီးရှိနေပေမယ့် Android Tablet တွေမှာတော့ ရွေးစရာက ဖုန်းတွေလောက်မများတာကို သတိထားမိကြမှာပါ။ အခုလိုဖြစ်နေတဲ့အချိန်မှာ Samsung ကလည်း မကြာသေးခင်က Galaxy Tab S4 ကိုမိတ်ဆက်ပေးထားပေမယ့် တန်ဖိုးနည်း Android ဈေးကွက်အတွက် မဟုတ်ပါဘူး။ Lenovo က အခုမိတ်ဆက်ပေးလာတဲ့ $70 တန် Android Tablet ကတော့ ဈေးအသက်သာဆုံးဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ 

Lenovo က E Series ၊ M Series နဲ့ P Series ဆိုပြီး Tablet Version သုံးမျိုး ထုတ်ပေးလာပါတယ်။ E Series ကတော့ ဈေးသက်သာတဲ့ Tablet တွေဖြစ်ပြီး Tab E7 7 Inch ၊ Tab E8 8 Inch နဲ့ E10 10 Inch Display ဆိုပြီး အရွယ်သုံးမျိုးရွေးလို့ရမှာပါ။ E7 ကတော့ ဈေးအသက်သာဆုံးဖြစ်ပါတယ်။ E7 မှာတော့ Android Oreo GO Editon ကိုသုံးပေးထားတာကြောင့် RAM နဲ့ Storage က အများကြီးမလိုသလို ဈေးလည်း သက်သာပါတယ်။ 

Tab E7

Lenovo Tab E7

  • 1024 x 600, 7 Inch Display
  • MediaTek MT8167 (WiFi Model) | MediaTek MT8321 (3G Model) 
  • 1GB RAM
  • 16GB Storage
  • Android Oreo (Go Edition)

Lenovo Tab E8

  • 1280 x 800, 8 Inch Display
  • MediaTek MT8163B processor (1.3 GHz)
  • 1GB RAM
  • 16GB Storage
  • 5MP Rear, 2MP Front Camera
  • Android Nougat

Lenovo Tab E10

  • 1280 x 800, 10.1 Inch Display
  • Qualcomm Snapdragon 210 Processor
  • 2GB RAM
  • 16GB Storage
  • 5MP Rear, 2MP Front Camera
  • Two Speakers (Dolby Atmos Support)
  • Android Oreo (Go Edition)

Tab M10

M Series ထဲမှာတော့ M10 တစ်လုံးပဲ မိတ်ဆက်ပေးထားပါတယ်။ M10 မှာတော့ Qualcomm ရဲ့ Snapdragon Processor သုံးပေးထားပြီး တန်ဖိုးသင့် Tablet တစ်လုံးအဖြစ်ထုတ်ပေးထားတာပါ။ 

Lenovo Tab M10

  • 1920 x 1080, 10.1 Inch Display
  • Qualcomm Snapdragon 450 Processor (Octa-Core, 1.8 GHz)
  • 3GB RAM
  • 32GB Storage
  • 5MP Rear, 2MP Front Camera
  • Two Speakers
  • Android Oreo

Lenovo Tab P10 ကတော့ အကောင်းဆုံး တန်ဖိုးသင့် Tablet အနေနဲ့ ထွက်လာတာဖြစ်ပြီး 1920×1200 Resolution ရှိတဲ့ 10.1 Inch Display ကို သုံးပေးထားတာပါ။ အားသားချက်အနေနဲ့လည်း Speaker ၄ လုံးတပ်ပေးထားပြီး Video ကြည့်သူတွေ အတွက် အကောင်းဆုံး Android Tablet လို့ပြောလို့ရပါတယ်။ Camera တွေအနေနဲ့တော့ နောက်ကျောဖက်မှာ 5MP Camera တစ်လုံပါဝင်ပြီး Selfie အတွက်တော့ 8MP Camera ကို အသုံးပြုပေးထားပါတယ်။ 

Lenovo Tab P10

  • 1920 x 1080, 10.1 Inch Display
  • Qualcomm Snapdragon 450 Processor (Octa-Core, 1.8 GHz)
  • 4GB RAM
  • 32GB Storage
  • 8MP Rear, 5MP Front Camera
  • Four Speakers, Fingerprint Sensor
  • Android Oreo

Lenovo ကတော့ အခုလို တန်ဖိုးနည်း Tablet တွေထုတ်ရတဲ့ရည်ရွယ်ချက်က သုံးခုဖရှိတယ်လို့ဆိုပါတယ်။ တန်ဖိုးနည်းတာကြောင့် လူအများတတ်နိုင်စေဖို့၊ ကလေးတွေ အသုံးပြုဖို့နဲ့ ပေးရတဲ့တန်ဖိုးအတိုင်းသုံးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီ Tablet တွေကိုထုတ်လိုက်တာပါ။ မြန်မာနိုင်ငံကို ဝင်လာမလားဆိုတာတော့ မသေချာသေးပေမယ့် ဝင်လာခဲ့ရင်တော့ တန်ဖိုးနည်း Tablet တွေထဲမှာ လိုချင်စရာကောင်းတဲ့ Tablet တွေအဖြစ် ဈေးကွက်ရလာမယ်လို့ပြောလို့ရပါတယ်။ 

Ref: Lenovo

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။