[Zawgyi] 

Laptop တစ္လံုးဝယ္မယ္လို႔ စဥ္းစားမိရင္ Lenovo ဆိုတာက ေခါင္းထဲမွာ ေပၚလာတတ္တဲ့ နာမည္တစ္လံုးပါ။ Lenovo အေနနဲ႔ အခုလို ႏိုင္ငံအေတာ္မ်ားမ်ားမွာ ေအာင္ျမင္တဲ့ Brand တစ္ခုျဖစ္လာတာက အခုမွမဟုတ္ပါဘူး။ လြန္ခဲ့တဲ့ ႏွစ္ေတြကတည္းက Laptop ေစ်းကြက္မွာ တန္ဖိုးနည္းအဆင့္ကေန တန္ဖိုးႀကီး Premium Laptop ေတြအျပင္ Gaming Laptop ေတြကိုပါေစ်းကြက္တင္ရင္း အခုလို နာမည္ေကာင္းတစ္လံုးက ျဖစ္လာတာပါ။ 

Lenovo ThinkPad X1

PC Industry တစ္ခုလံုးကိုၾကည့္မယ္ဆိုရင္ေတာ့ PC ေရာင္းအားေတြက ထင္သေလာက္ လႈပ္လႈပ္ရွားရွားျဖစ္မေနပါဘူူး။ ဒါေပမယ့္ Lenovo အတြက္ေတာ့ ဂုဏ္ယူစရာေကာင္းတဲ့ အခ်ိန္တစ္ခုျဖစ္ေနပါတယ္။ ဒီ ၂၀၁၈ ခုႏွစ္ တတိယသံုးလပတ္မွာ PC ေရာင္းအားေတြ ျပန္တက္လာၿပီးေတာ့ PC တင္ပို႔ေရာင္းခ်မႈမွာ ထိပ္ဆံုးေနရာကို ေရာက္ရွိေစခဲ့ပါတယ္္။ 

ThinkPad

HP နဲ႔ Dell ကလည္း တစ္ႏွစ္ၿပီးတစ္ႏွစ္ Share ပိုင္းမွာ တိုးလာခဲ့ေပမယ့္ Apple နဲ႔ ASUS တို႔ကေတာ့ တင္ပို႔ေရာင္းခ်ႏိုင္မႈအပိုင္းမွာ ေလ်ာ့က်လာပါတယ္။ Aser ရဲ႕ ရလဒ္ေတြကိုေတာ့ ေျပာရခက္ပါတယ္။ အေၾကာင္းကေတာ့ Windows နဲ႔ Chrome OS Laptop ေတြတင္ပို႔မႈဆိုၿပီး ႏွစ္ခုကြဲေနလို႔ပါ။ အခုလို တင္ပို႔ေရာင္းခ်မႈေတြကိုေစာင့္ၾကည့္ေနတဲ့ Gartner နဲ႔ IDC ဆိုၿပီး အဖြ႕ဲအစည္း ႏွစ္ခုရွိပါတယ္။ 

တစ္ကမၻာလံုး PC တင္ပို႔ေရာင္းခ်မႈ

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ Microsoft က စာရင္းမွာ ပထမဦးဆံုးအႀကိမ္အျဖစ္ပါဝင္လာတာပါ။ အေၾကာင္းကေတာ့ Surface Product ေတြက ေရာင္းအားတက္လာတာေၾကာင့္ US ရဲ႕ PC ထိပ္ဆံုး PC ထုတ္လုပ္သူ ၅ ခုစာရင္းထဲမွာ ပါလာတာပါ။ US PC ေစ်းကြက္မွာ Microsoft က ေစ်းကြက္ေဝစု 4.1% ပိုင္ဆိုင္ထားပါတယ္။ ဒါေပမယ့္ ခန္႔မွန္းခ်က္ေတြအရ လက္တေလာ မိတ္ဆက္ထားတဲ့ ထုတ္ကုန္သစ္ေတြျဖစ္တဲ့ Suface Laptop 2 ၊ Surface Pro 6 နဲ႔ Surface GO Tablet ေတြေၾကာင့္ ႏွစ္ကုန္ပိုင္းမွာ ေစ်းကြက္ေဝစုပိုမ်ားလာမယ္လို႔ ခန္႔မွန္းရပါတယ္။ Lenovo ကေတာ့ တစ္ကမၻာလံုးမွာ ေစ်းကြက္ေဝစု 23.6% အထိ ရရွိထားတာေၾကာင့္ PC တင္ပို႔ႏိုင္မႈက ထိပ္ဆံုးမွာ အခ်ိန္တစ္ခုအထိ ရွိေနဦးမွာပါ။ 

Ref: Engadget | TheVerge

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

PC တင်ပို့ရောင်းချမှုမှာ ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့တဲ့ Lenovo

Laptop တစ်လုံးဝယ်မယ်လို့ စဉ်းစားမိရင် Lenovo ဆိုတာက ခေါင်းထဲမှာ ပေါ်လာတတ်တဲ့ နာမည်တစ်လုံးပါ။ Lenovo အနေနဲ့ အခုလို နိုင်ငံအတော်များများမှာ အောင်မြင်တဲ့ Brand တစ်ခုဖြစ်လာတာက အခုမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက Laptop ဈေးကွက်မှာ တန်ဖိုးနည်းအဆင့်ကနေ တန်ဖိုးကြီး Premium Laptop တွေအပြင် Gaming Laptop တွေကိုပါဈေးကွက်တင်ရင်း အခုလို နာမည်ကောင်းတစ်လုံးက ဖြစ်လာတာပါ။ 

Lenovo ThinkPad X1

PC Industry တစ်ခုလုံးကိုကြည့်မယ်ဆိုရင်တော့ PC ရောင်းအားတွေက ထင်သလောက် လှုပ်လှုပ်ရှားရှားဖြစ်မနေပါဘူူး။ ဒါပေမယ့် Lenovo အတွက်တော့ ဂုဏ်ယူစရာကောင်းတဲ့ အချိန်တစ်ခုဖြစ်နေပါတယ်။ ဒီ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်မှာ PC ရောင်းအားတွေ ပြန်တက်လာပြီးတော့ PC တင်ပို့ရောင်းချမှုမှာ ထိပ်ဆုံးနေရာကို ရောက်ရှိစေခဲ့ပါတယ်။ 

ThinkPad

HP နဲ့ Dell ကလည်း တစ်နှစ်ပြီးတစ်နှစ် Share ပိုင်းမှာ တိုးလာခဲ့ပေမယ့် Apple နဲ့ ASUS တို့ကတော့ တင်ပို့ရောင်းချနိုင်မှုအပိုင်းမှာ လျော့ကျလာပါတယ်။ Aser ရဲ့ ရလဒ်တွေကိုတော့ ပြောရခက်ပါတယ်။ အကြောင်းကတော့ Windows နဲ့ Chrome OS Laptop တွေတင်ပို့မှုဆိုပြီး နှစ်ခုကွဲနေလို့ပါ။ အခုလို တင်ပို့ရောင်းချမှုတွေကိုစောင့်ကြည့်နေတဲ့ Gartner နဲ့ IDC ဆိုပြီး အဖွ့ဲအစည်း နှစ်ခုရှိပါတယ်။ 

တစ်ကမ္ဘာလုံး PC တင်ပို့ရောင်းချမှု

စိတ်ဝင်စားဖို့ကောင်းတာကတော့ Microsoft က စာရင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ်ပါဝင်လာတာပါ။ အကြောင်းကတော့ Surface Product တွေက ရောင်းအားတက်လာတာကြောင့် US ရဲ့ PC ထိပ်ဆုံး PC ထုတ်လုပ်သူ ၅ ခုစာရင်းထဲမှာ ပါလာတာပါ။ US PC ဈေးကွက်မှာ Microsoft က ဈေးကွက်ဝေစု 4.1% ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ခန့်မှန်းချက်တွေအရ လက်တလော မိတ်ဆက်ထားတဲ့ ထုတ်ကုန်သစ်တွေဖြစ်တဲ့ Suface Laptop 2 ၊ Surface Pro 6 နဲ့ Surface GO Tablet တွေကြောင့် နှစ်ကုန်ပိုင်းမှာ ဈေးကွက်ဝေစုပိုများလာမယ်လို့ ခန့်မှန်းရပါတယ်။ Lenovo ကတော့ တစ်ကမ္ဘာလုံးမှာ ဈေးကွက်ဝေစု 23.6% အထိ ရရှိထားတာကြောင့် PC တင်ပို့နိုင်မှုက ထိပ်ဆုံးမှာ အချိန်တစ်ခုအထိ ရှိနေဦးမှာပါ။ 

Ref: Engadget | TheVerge

Min Than Htike (Akhayar)

www.akhayar.com