[Zawgyi]

အသင္းပုိင္ရွင္ရဲ႕ အသုဘအခမ္းအနားကို တက္ေရာက္ခဲ့ၾကတဲ့ Leicester City အသင္းသားမ်ား

လက္စတာစီးတီးအသင္းရဲ႕ ကစားသမားေတြျဖစ္တဲ့ Jamie Vardy နဲ႔ အသင္းကပၸတိန္ Wes Morgan တို႔ဟာ ဘန္ေကာက္ဘုရားေက်ာင္းတစ္ခုမွာ ျပဳလုပ္တဲ့ အသငး္ပိုင္ရွင္ Vichai Srivaddhanaprabha ရဲ႕ အသုဘအခမ္းအနားကို တက္ေရာက္ခဲ့ၾကပါတယ္။

Mr. Vichai နဲ႔ တျခား မိတ္ေဆြေလးေယာက္တုိ႔ဟာ ေအာက္တိုဘာလ ၂၇ရက္ေန႔မွာ လက္စတာအသင္းရဲ႕ ကစားကြင္းကေန ထြက္ခြာလာျပီး ပ်က္က်သြားတဲ့ ရဟတ္ယာဥ္ျဖစ္စဥ္မွာ ပါဝင္ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

ပ်က္က်တဲ့အထဲ ပါဝင္ခဲ့တဲ့ Pilot မ်ား၊ Vichai ရဲ႕ မိတ္ေဆြနဲ႔ ဝန္ထမ္းမ်ား

ပ်က္က်တဲ့အထဲ ပါဝင္ခဲ့တဲ့ Pilot မ်ား၊ Vichai ရဲ႕ မိတ္ေဆြနဲ႔ ဝန္ထမ္းမ်ား

Mr Vichai

Mr Vichai

Mr. Vichai ရဲ႕ အသုဘအခမ္းအနားကို တက္ေရာက္ဖို႔အတြက္ လက္စတာအသင္းသားေတြဟာ ကာဒစ္ဖ္စီးတီးကို ၁-၀ နဲ႔ ႏုိင္တဲ့ ပြဲအျပီးမွာ ထုိင္းႏုိ္င္ငံကို ထြက္ခြာလာၾကတာလည္း ျဖစ္ပါတယ္။ အသင္းသားေတြဟာ Mr Vichai ရဲ႕ မိသားစုကုိ ေပြ႔ဖက္ႏွစ္သိမ့္ျပီး စံပယ္ပန္းကုံးေတြလည္း ေပးခဲ့ၾကပါေသးတယ္။

လာေရာက္အားေပးတဲ့သူေတြထဲမွာ အဂၤလန္ေနာက္ခံလူ Harry Maguire နဲ႔ အသင္းမန္ေနဂ်ာ Claude Puel တုိ႔လည္း ပါဝင္ပါတယ္။ အသင္းသားအမ်ားစုကေတာ့ အသင္းပိုင္ရွင္ ထုိင္းဘီလ်ံနာ Mr Vichai ရဲ႕ ေသဆံုးရမႈဟာ သူတို႔အတြက္ေရာ၊ အသင္းအတြက္ပါ ၾကီးမားတဲ့ ထိခုိက္မႈ ျဖစ္ရေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၾကပါတယ္။

ဒီလို ထိုင္းရိုးရာ အသုဘအခမ္းအနားကို တက္ေရာက္ရတာဟာ လက္စတာအသင္းသားအမ်ားစုအတြက္ ထူးျခားတဲ့ အေတြ႔အၾကံဳကိုေပးျပီး ဒီအခမ္းအနား ဒုတိယေန႔ကို ထုိင္းဘုရင့္သမီးေတာ္  Sirivannavari Nariratana လည္း တက္ေရာက္ခဲ့ပါတယ္။

ဒီလို ဝမ္းနည္းဖြယ္ရဟတ္ယာဥ္ပ်က္က်မႈၾကီးမွာ Mr Vichai နဲ႔ အတူ Miss Thailand Universe ျပိဳင္ပြဲဝင္ေဟာင္း Nusara Suknamai ၊ Mr Vichai ရဲ႕ ဝန္ထမ္းတစ္ေယာက္ျဖစ္တဲ့ Kaveporn Punpare ၊ Pilot Eric Swaffer နဲ႔ သူ႔အေဖာ္ Izabela Roza Lechowicz တို႔လည္း ပါဝင္ခဲ့ပါတယ္။ Ms Nusara ရဲ႕ အသုဘကို စေနေန႔က ဘန္ေကာက္မွာပဲ ျပဳလုပ္ခဲ့ပါတယ္။

ေလေၾကာင္းမေတာ္တဆမႈမ်ားစံုစမ္းေရးအဖြဲ႔ျဖစ္တဲ့ (AAIB) ကေတာ့ ဒီလို ပ်က္က်ရျခင္းအေၾကာင္းကို စံုစမ္းေထာက္လွမ္းေနဆဲ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : BBC.com
[Unicode]

အသင်းပိုင်ရှင်ရဲ့ အသုဘအခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ Leicester City အသင်းသားများ

လက်စတာစီးတီးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ Jamie Vardy နဲ့ အသင်းကပ္ပတိန် Wes Morgan တို့ဟာ ဘန်ကောက်ဘုရားကျောင်းတစ်ခုမှာ ပြုလုပ်တဲ့ အသင်းပိုင်ရှင် Vichai Srivaddhanaprabha ရဲ့ အသုဘအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

Mr. Vichai နဲ့ တခြား မိတ်ဆွေလေးယောက်တို့ဟာ အောက်တိုဘာလ ၂၇ရက်နေ့မှာ လက်စတာအသင်းရဲ့ ကစားကွင်းကနေ ထွက်ခွာလာပြီး ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဖြစ်စဉ်မှာ ပါဝင်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ပျက်ကျတဲ့အထဲ ပါဝင်ခဲ့တဲ့ Pilot များ၊ Vichai ရဲ့ မိတ်ဆွေနဲ့ ဝန်ထမ်းများ

ပျက်ကျတဲ့အထဲ ပါဝင်ခဲ့တဲ့ Pilot များ၊ Vichai ရဲ့ မိတ်ဆွေနဲ့ ဝန်ထမ်းများ

Mr Vichai

Mr Vichai

Mr. Vichai ရဲ့ အသုဘအခမ်းအနားကို တက်ရောက်ဖို့အတွက် လက်စတာအသင်းသားတွေဟာ ကာဒစ်ဖ်စီးတီးကို ၁-၀ နဲ့ နိုင်တဲ့ ပွဲအပြီးမှာ ထိုင်းနိုင်ငံကို ထွက်ခွာလာကြတာလည်း ဖြစ်ပါတယ်။ အသင်းသားတွေဟာ Mr Vichai ရဲ့ မိသားစုကို ပွေ့ဖက်နှစ်သိမ့်ပြီး စံပယ်ပန်းကုံးတွေလည်း ပေးခဲ့ကြပါသေးတယ်။

လာရောက်အားပေးတဲ့သူတွေထဲမှာ အင်္ဂလန်နောက်ခံလူ Harry Maguire နဲ့ အသင်းမန်နေဂျာ Claude Puel တို့လည်း ပါဝင်ပါတယ်။ အသင်းသားအများစုကတော့ အသင်းပိုင်ရှင် ထိုင်းဘီလျံနာ Mr Vichai ရဲ့ သေဆုံးရမှုဟာ သူတို့အတွက်ရော၊ အသင်းအတွက်ပါ ကြီးမားတဲ့ ထိခိုက်မှု ဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

ဒီလို ထိုင်းရိုးရာ အသုဘအခမ်းအနားကို တက်ရောက်ရတာဟာ လက်စတာအသင်းသားအများစုအတွက် ထူးခြားတဲ့ အတွေ့အကြုံကိုပေးပြီး ဒီအခမ်းအနား ဒုတိယနေ့ကို ထိုင်းဘုရင့်သမီးတော်  Sirivannavari Nariratana လည်း တက်ရောက်ခဲ့ပါတယ်။

ဒီလို ဝမ်းနည်းဖွယ်ရဟတ်ယာဉ်ပျက်ကျမှုကြီးမှာ Mr Vichai နဲ့ အတူ Miss Thailand Universe ပြိုင်ပွဲဝင်ဟောင်း Nusara Suknamai ၊ Mr Vichai ရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ Kaveporn Punpare ၊ Pilot Eric Swaffer နဲ့ သူ့အဖော် Izabela Roza Lechowicz တို့လည်း ပါဝင်ခဲ့ပါတယ်။ Ms Nusara ရဲ့ အသုဘကို စနေနေ့က ဘန်ကောက်မှာပဲ ပြုလုပ်ခဲ့ပါတယ်။

လေကြောင်းမတော်တဆမှုများစုံစမ်းရေးအဖွဲ့ဖြစ်တဲ့ (AAIB) ကတော့ ဒီလို ပျက်ကျရခြင်းအကြောင်းကို စုံစမ်းထောက်လှမ်းနေဆဲ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : BBC.com