[Zawgyi]

ရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ဗီခ်ိဳင္း Vichai အပါအ၀င္ လူ(၅)ဦး ေသဆုံး

ၿပီးခဲ့တဲ့စေနေန႔က လက္စတာနဲ႔ ၀က္စ္ဟမ္းပဲြအၿပီး ျဖစ္ပြားခဲ့တဲ့ ရဟတ္ယာဥ္ပ်က္က်မႈထဲမွာ လက္စတာအသင္းပုိင္ရွင္ ဗီခ်ိဳငး္ Vichai Srivaddhanaprabha အပါအ၀င္ လူ(၅)ဦး ေသဆုံးခဲ့တယ္လုိ႔ လက္စတာအသင္းက အတည္ျပဳထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဗီခ်ိဳင္းဟာ လက္စတာ-၀က္စ္ဟမ္းပဲြကုိ လာေရာက္ၾကည့္႐ႈခဲ့ၿပီး အျပန္မွာ အခုလုိ အျဖစ္ဆုိးနဲ႔ ႀကံဳေတြ႕ခဲ့ရတာပါ။

A-helicopter-crashed-in-the-UK-on-Saturday-night-

A-helicopter-crashed-in-the-UK-on-Saturday-night-

အေစာပုိင္းကေတာ့ လက္စတာအသင္းဟာ ရဟတ္ယာဥ္ေပၚမွာ ဗီခ်ိဳင္း လုိက္ပါခဲ့တယ္လုိ႔ သတင္းထုတ္ျပန္ခဲ့ေပမယ့္ အသက္ရွင္၊ မရွင္ကုိေတာ့ အတည္ မျပဳခဲ့ဘူး။ အခုေတာ့ လက္စတာအသင္းက ရဟတ္ယာဥ္ေပၚမွာ ပါတဲ့ ဗီခ်ိဳင္းအပါအ၀င္ လူ(၅)ဦးစလုံး ေသဆုံးခဲ့တယ္ဆုိၿပီး အတည္ျပဳသတင္းထုတ္ျပန္ခဲ့တာပါ။

Leicester-City-owner-among-five-dead-in-helicopter-crash

Leicester-City-owner-among-five-dead-in-helicopter-crash

လက္စတာရဲတပ္ဖဲြ႕ရဲ႕ ေျပာၾကားခ်က္အရ ဗီခ်ိဳင္းနဲ႔အတူ ေသဆုံးခ့ဲသူေတြက သူ႔ရဲ႕၀န္ထမ္း(၂)ဦးျဖစ္တဲ့ Nursara Suknamai ၊ Kaveporn Punpare ၊ ေလယာဥ္မွဴး Eric Swaffer နဲ႔ တဲြဖက္ျဖစ္သူ Izabela Roza Lechowicz တို႔ျဖစ္ဖုိ႔မ်ားတယ္လုိ႔ သိရပါတယ္။ အသက္(၆၁)ႏွစ္ အရြယ္ရွိၿပီျဖစ္တဲ့ ဗီခ်ိဳင္းဟာ ထုိင္းႏုိင္ငံရဲ႕ တတိယေျမာက္ အခ်မ္းသာဆုံး ပုဂၢိဳလ္ျဖစ္ၿပီး ၂၀၁၀ ခုႏွစ္မွာ လက္စတာအသင္းကုိ ၀ယ္ယူခဲ့သလုိ သူ႔လက္ထက္မွာ အသင္းသမုိင္းတစ္ေလွ်ာက္ အျမင့္မားဆုံးေအာင္ျမင္မႈအျဖစ္ ၂၀၁၅-၁၆ ရာသီ ပရီးမီယားလိဂ္ဖလားကုိ ရယူႏုိင္ခဲ့ပါတယ္။

Leicester-City-Players-and-club-owner-Vichai-Srivaddhanaprabha-Celebrate

Leicester-City-Players-and-club-owner-Vichai-Srivaddhanaprabha-Celebrate

ဒီျဖစ္ရပ္ဆုိးအတြက္ လက္စတာအသင္း အပါအ၀င္ ကမၻာတစ္၀ွမ္းမွာရွိတဲ့ အားကစားအသုိင္းအ၀ုိင္း အားလုံးက လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ၀မ္းနည္းေၾကာင္းစာေတြ ေရးသားခ့ဲသလုိ လက္စတာ ပရိသတ္ေတြကလည္း အသင္းအိမ္ကြင္း King Power Stadium ေရွ႕မွာ ပန္းစည္းေတြ ခ်ၿပီး ၀မ္းနည္းမႈကုိ ျပသခဲ့ၾကတယ္။

REF:BBC,The Sun
Photo:.sportscity,Daily Telegraph,Metro,BBC
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ဗီချိုင်း Vichai အပါအဝင် လူ(၅)ဦး သေဆုံး

ပြီးခဲ့တဲ့စနေနေ့က လက်စတာနဲ့ ဝက်စ်ဟမ်းပွဲအပြီး ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုထဲမှာ လက်စတာအသင်းပိုင်ရှင် ဗီချိုင်း Vichai Srivaddhanaprabha အပါအဝင် လူ(၅)ဦး သေဆုံးခဲ့တယ်လို့ လက်စတာအသင်းက အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဗီချိုင်းဟာ လက်စတာ-ဝက်စ်ဟမ်းပွဲကို လာရောက်ကြည့်ရှုခဲ့ပြီး အပြန်မှာ အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။

A-helicopter-crashed-in-the-UK-on-Saturday-night-

A-helicopter-crashed-in-the-UK-on-Saturday-night-

အစောပိုင်းကတော့ လက်စတာအသင်းဟာ ရဟတ်ယာဉ်ပေါ်မှာ ဗီချိုင်း လိုက်ပါခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် အသက်ရှင်၊ မရှင်ကိုတော့ အတည် မပြုခဲ့ဘူး။ အခုတော့ လက်စတာအသင်းက ရဟတ်ယာဉ်ပေါ်မှာ ပါတဲ့ ဗီချိုင်းအပါအဝင် လူ(၅)ဦးစလုံး သေဆုံးခဲ့တယ်ဆိုပြီး အတည်ပြုသတင်းထုတ်ပြန်ခဲ့တာပါ။

Leicester-City-owner-among-five-dead-in-helicopter-crash

Leicester-City-owner-among-five-dead-in-helicopter-crash

လက်စတာရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဗီချိုင်းနဲ့အတူ သေဆုံးခဲ့သူတွေက သူ့ရဲ့ဝန်ထမ်း(၂)ဦးဖြစ်တဲ့ Nursara Suknamai ၊ Kaveporn Punpare ၊ လေယာဉ်မှူး Eric Swaffer နဲ့ တွဲဖက်ဖြစ်သူ Izabela Roza Lechowicz တို့ဖြစ်ဖို့များတယ်လို့ သိရပါတယ်။ အသက်(၆၁)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဗီချိုင်းဟာ ထိုင်းနိုင်ငံရဲ့ တတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ လက်စတာအသင်းကို ဝယ်ယူခဲ့သလို သူ့လက်ထက်မှာ အသင်းသမိုင်းတစ်လျှောက် အမြင့်မားဆုံးအောင်မြင်မှုအဖြစ် ၂၀၁၅-၁၆ ရာသီ ပရီးမီယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။

Leicester-City-Players-and-club-owner-Vichai-Srivaddhanaprabha-Celebrate

Leicester-City-Players-and-club-owner-Vichai-Srivaddhanaprabha-Celebrate

ဒီဖြစ်ရပ်ဆိုးအတွက် လက်စတာအသင်း အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အားကစားအသိုင်းအဝိုင်း အားလုံးက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝမ်းနည်းကြောင်းစာတွေ ရေးသားခဲ့သလို လက်စတာ ပရိသတ်တွေကလည်း အသင်းအိမ်ကွင်း King Power Stadium ရှေ့မှာ ပန်းစည်းတွေ ချပြီး ဝမ်းနည်းမှုကို ပြသခဲ့ကြတယ်။

REF:BBC,The Sun
Photo:.sportscity,Daily Telegraph,Metro,BBC
Naing Linn(Akhayar)
www.akhayar.com