This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေဘာလုံးေလာကရဲ႕ ဂႏၳ၀င္အျဖစ္ သတ္မွတ္ခံရဖုိ႔ Messi နဲ႔ C Ronaldo အတြက္ ကမၻာ႔ဖလားမလုိဘူး

ေဘာလုံးေလာကရဲ႕ ဂႏၳ၀င္အျဖစ္သတ္မွတ္ခံရဖုိ႔ ကမၻာ႔ဖလားရမွ ျဖစ္မွာလား။ ကမၻာ႔ဖလားလုိ ဂုဏ္သိကၡာျမင့္မားတဲ့ဆုတစ္ခုကုိ ကုိင္ေျမႇာက္ခြင့္ရဖုိ႔က ကစားသမားတိုင္းရဲ႕ အိပ္မက္လုိ႔ဆုိရမွာျဖစ္ေပမယ့္ ကမၻာ႔ဖလားရမွပဲ အဲဒီကစားသမားကုိ Football Legends အျဖစ္ သတ္မွတ္ႏုိင္မွာလုိ႔ ယူဆခဲ့ရင္ အဲဒါက ေဘာင္က်ဥ္းလြန္းပါတယ္။ ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုကစလုိ႔ လက္ရွိအခ်ိန္အထိ ေဘာလုံးေလာကရဲ႕ အေကာင္းဆုံးကစားသမားႏွစ္ဦးအျဖစ္ မက္ဆီ Messi နဲ႔ စီေရာ္နယ္လ္ဒုိ C.Ronaldo တို႔က အျငင္းပြားဖြယ္မရွိ ရပ္တည္ေနၾကတယ္။ သူတို႔ႏွစ္ဦးရဲ႕ ေျခစြမ္း၊ ေအာင္ျမင္မႈ၊ တစ္ဦးခ်င္းရယူခဲ့တဲ့ အေကာင္းဆုံးဆုေတြ၊ စံခ်ိန္မွတ္တမ္းေတြက သူတို႔ကုိယ္တုိင္ေတာင္ မမွတ္မိေလာက္ေအာင္ပါပဲ။

Messi

Messi

ဒါေပမဲ့ No One Is Perfectly Complete ဆုိတဲ့ စကားအတုိင္း ေလာကႀကီးမွာ ၿပီးျပည့္စုံတဲ့သူဆုိတာမရွိသလုိ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒုိအတြက္လည္း သူတို႔ရဲ႕ Career မွာ ဘယ္ေတာ့မွ မျဖည့္ႏုိင္မယ့္ ကြက္လပ္တစ္ခု က်န္ရစ္ဖုိ႔ ရွိေနပါၿပီ။ အဲဒါ ကမၻာ႔ဖလားခ်န္ပီယံဆုပါ။ မက္ဆီက (၃၁)ႏွစ္၊ စီေရာ္နယ္လ္ဒုိက (၃၃)ႏွစ္ဆုိတဲ့အေနအထားအရ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြဟာ သူတို႔ႏွစ္ေယာက္အတြက္ ကမၻာ႔ဖလားကုိင္ေျမႇာက္ခြင့္ရဖုိ႔ ေနာက္ဆုံးေမွ်ာ္လင့္စရာအျဖစ္ ပရိသတ္ေတြ အားလုံးက လက္ခံထားၾကတယ္။ ဒါေပမဲ့ အာဂ်င္တီးနားေရာ၊ ေပၚတူဂီပါ စိတ္ပ်က္စရာရလဒ္ေတြ ရင္ဆုိင္ခဲ့ရၿပီး ႐ႈံးထြက္(၁၆)သင္းအဆင့္က လွည့္ျပန္ခဲ့ရတယ္ဆုိတာ ပရိသတ္ေတြလည္း အသိပါပဲ။

Cristiano-Ronaldo1

Cristiano-Ronaldo1

၂၀၂၂ ကာတာကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဒီကစားသမားႏွစ္ဦးကုိ ျမင္ေတြ႕ရဖုိ႔ဆုိတာ မျဖစ္ႏုိင္သေလာက္ပါ။ ဒီေတာ့ ကလပ္အသင္းေတြနဲ႔အတူ အဓိက ဆုဖလားေပါင္းမ်ားစြာ ရယူႏုိင္ခဲ့ၾကတဲ့ ဒီကစားသမားႏွစ္ဦး ကမၻာ႔ဖလားခ်န္ပီယံဆုနဲ႔ ထိေတြ႕ခြင့္မရဘဲ အဆုံးသတ္ရဖုိ႔ မ်ားေနၿပီ။ ဒါေပမဲ့ ကမၻာ႔ဖလားမရခဲ့ရင္လည္း စီေရာ္နယ္လ္ဒုိ၊ မက္ဆီတို႔ဟာ ေဘာလုံးေလာကရဲ႕ ဂႏၳ၀င္ေတြဆုိတာ ဘယ္သူမွ မျငင္းႏုိင္ပါဘူး။ တကယ္လုိ႔ စီေရာ္နယ္လ္ဒုိနဲ႔ မက္ဆီတို႔ ကမၻာ႔ဖလားမရခဲ့တာေၾကာင့္ ဂႏၳ၀င္အျဖစ္ သတ္မွတ္လုိ႔မရဘူးဆုိရင္ သူတို႔အရင္က ကမၻာ႔ဖလားမရဘူးတဲ့ ဂႏၳ၀င္ေတြရွိခဲ့ဖူးတယ္ဆုိတာ မေမ့ပါနဲ႔။ ဥပမာေျပာရရင္ နယ္သာလန္ဂႏၳ၀င္ ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff ပါပဲ။ ေအဂ်က္စ္၊ ဘာစီလုိနာအသင္းတို႔နဲ႔အတူ ဆုဖလားေပါင္းမ်ားစြာရခဲ့သူ၊ Ballond’Or (၃)ႀကိမ္ရခဲ့သူျဖစ္ေပမယ့္ သူ႔ရဲ႕ လက္ေရြးစင္အသင္းအျမင့္ဆုံးေအာင္ျမင္မႈက ၁၉၇၄ ကမၻာ႔ဖလားမွာ ဒုတိယရခဲ့တာပါ။

johan-cruyff

johan-cruyff

ေနာက္တစ္ဦးက အီတလီနဲ႔ ေအစီမီလန္ဂႏၳ၀င္ေနာက္ခံလူ မာလ္ဒီနီ Maldini ။ ၁၉၉၀ ၀န္းက်င္ကာလက စၿပီး ၂၀၀၀ ေက်ာ္ကာလအထိ အီတလီအသင္းရဲ႕ ခံစစ္မွာ မာလ္ဒီနီက ေက်ာက္တိုင္ေက်ာက္သားတစ္ခုလုိ ပါ၀င္ခဲ့သူ။ ဒါေပမဲ့ မာလ္ဒီနီလည္း ကမၻာ႔ဖလားနဲ႔ ကံမစပ္ခဲ့ပါဘူး။ ၁၉၉၀ မွာ သူ႔ အီတလီအသင္းက တတိယ၊ ၁၉၉၄ မွာ ဒုတိယေနရာေတြနဲ႔သာ ေက်နပ္ခဲ့ရၿပီး ၂၀၀၆ မွာ ဗုိလ္စဲြေတာ့ မာလ္ဒီနီက လက္ေရြးစင္အသင္းကေန အနားယူသြားၿပီ။

Maldini1

Maldini1

သူတို႔လုိပဲ ကမၻာ႔ဖလားနဲ႔ လဲြေခ်ာ္ခဲ့သူက ျပင္သစ္ဂႏၳ၀င္ကစားသမားႀကီး ပလာတီနီ Platini ပါပဲ။ ပလာတီနီက စီေရာ္နယ္လ္ဒုိနဲ႔ ျဖစ္ရပ္ျခင္း ခပ္ဆင္ဆင္ပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ျပင္သစ္အသင္းနဲ႔ ယူ႐ုိ-၁၉၈၄ ခ်န္ပီယံဆုရခဲ့ဖူးေပမယ့္ ကမၻာ႔ဖလားမွာ သူ႔ရဲ႕အျမင့္ဆုံးေအာင္ျမင္မႈက ၁၉၈၆ ကမၻာ႔ဖလား တတိယဆုရခဲ့တာျဖစ္ပါတယ္။

Platini

Platini

ေဘာလုံးေလာကရဲ႕ ဂႏၳ၀င္ေတြထဲမွာ ကမၻာ႔ဖလားခ်န္ပီယံမရခဲ့တဲ့သူေတြထဲက နာမည္ေက်ာ္တခ်ိဳ႕က -ေဂ်ာ႔ခ်္ဘက္စ္ George Best (ေျမာက္အုိင္ယာလန္)၊ ပြတ္ရွ္ကပ္စ္ Puskas (ဟန္ေဂရီ)၊ ဒီစတီဖာႏုိ Di Stefano (စပိန္/အာဂ်င္တီးနား)၊ ဇစ္ကုိ Zico (ဘရာဇီးလ္)၊ ဗန္ဘက္စတန္ Van Basten (နယ္သာလန္)၊ အူဆီဘီယုိ Eusebio (ေပၚတူဂီ) တို႔ပဲျဖစ္ပါတယ္။ ဒီကစားသမားေတြဟာ တစ္ေခတ္တစ္ခါက ေဘာလုံးေလာကမွာ’ ေန’လုိ ‘လ’လုိ ထင္ရွားေတာက္ပခဲ့ၾကသူေတြခ်ည္းပါပဲ။ ဒါေၾကာင့္ အဆုံးသတ္ေျပာခ်င္တဲ့စကားတစ္ခြန္းက ” ေဘာလုံးေလာကရဲ႕ ဂႏၳ၀င္အျဖစ္ သတ္မွတ္ခံရဖုိ႔ မက္ဆီ နဲ႔ စီေရာ္နယ္လ္ဒုိအတြက္ ကမၻာ႔ဖလားမလုိဘူး”။

REF:.dreamteamfc.com
Photo:The National,BigSoccer,Sports Illustrated,static01.nyt.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဘောလုံးလောကရဲ့ ဂန္ထဝင်အဖြစ် သတ်မှတ်ခံရဖို့ Messi နဲ့ C Ronaldo အတွက် ကမ္ဘာ့ဖလားမလိုဘူး

ဘောလုံးလောကရဲ့ ဂန္ထဝင်အဖြစ်သတ်မှတ်ခံရဖို့ ကမ္ဘာ့ဖလားရမှ ဖြစ်မှာလား။ ကမ္ဘာ့ဖလားလို ဂုဏ်သိက္ခာမြင့်မားတဲ့ဆုတစ်ခုကို ကိုင်မြှောက်ခွင့်ရဖို့က ကစားသမားတိုင်းရဲ့ အိပ်မက်လို့ဆိုရမှာဖြစ်ပေမယ့် ကမ္ဘာ့ဖလားရမှပဲ အဲဒီကစားသမားကို Football Legends အဖြစ် သတ်မှတ်နိုင်မှာလို့ ယူဆခဲ့ရင် အဲဒါက ဘောင်ကျဉ်းလွန်းပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကစလို့ လက်ရှိအချိန်အထိ ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားနှစ်ဦးအဖြစ် မက်ဆီ Messi နဲ့ စီရော်နယ်လ်ဒို C.Ronaldo တို့က အငြင်းပွားဖွယ်မရှိ ရပ်တည်နေကြတယ်။ သူတို့နှစ်ဦးရဲ့ ခြေစွမ်း၊ အောင်မြင်မှု၊ တစ်ဦးချင်းရယူခဲ့တဲ့ အကောင်းဆုံးဆုတွေ၊ စံချိန်မှတ်တမ်းတွေက သူတို့ကိုယ်တိုင်တောင် မမှတ်မိလောက်အောင်ပါပဲ။

Messi

Messi

ဒါပေမဲ့ No One Is Perfectly Complete ဆိုတဲ့ စကားအတိုင်း လောကကြီးမှာ ပြီးပြည့်စုံတဲ့သူဆိုတာမရှိသလို မက်ဆီနဲ့ စီရော်နယ်လ်ဒိုအတွက်လည်း သူတို့ရဲ့ Career မှာ ဘယ်တော့မှ မဖြည့်နိုင်မယ့် ကွက်လပ်တစ်ခု ကျန်ရစ်ဖို့ ရှိနေပါပြီ။ အဲဒါ ကမ္ဘာ့ဖလားချန်ပီယံဆုပါ။ မက်ဆီက (၃၁)နှစ်၊ စီရော်နယ်လ်ဒိုက (၃၃)နှစ်ဆိုတဲ့အနေအထားအရ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူတို့နှစ်ယောက်အတွက် ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရဖို့ နောက်ဆုံးမျှော်လင့်စရာအဖြစ် ပရိသတ်တွေ အားလုံးက လက်ခံထားကြတယ်။ ဒါပေမဲ့ အာဂျင်တီးနားရော၊ ပေါ်တူဂီပါ စိတ်ပျက်စရာရလဒ်တွေ ရင်ဆိုင်ခဲ့ရပြီး ရှုံးထွက်(၁၆)သင်းအဆင့်က လှည့်ပြန်ခဲ့ရတယ်ဆိုတာ ပရိသတ်တွေလည်း အသိပါပဲ။

Cristiano-Ronaldo1

Cristiano-Ronaldo1

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီကစားသမားနှစ်ဦးကို မြင်တွေ့ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါ။ ဒီတော့ ကလပ်အသင်းတွေနဲ့အတူ အဓိက ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့ကြတဲ့ ဒီကစားသမားနှစ်ဦး ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ထိတွေ့ခွင့်မရဘဲ အဆုံးသတ်ရဖို့ များနေပြီ။ ဒါပေမဲ့ ကမ္ဘာ့ဖလားမရခဲ့ရင်လည်း စီရော်နယ်လ်ဒို၊ မက်ဆီတို့ဟာ ဘောလုံးလောကရဲ့ ဂန္ထဝင်တွေဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ တကယ်လို့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ ကမ္ဘာ့ဖလားမရခဲ့တာကြောင့် ဂန္ထဝင်အဖြစ် သတ်မှတ်လို့မရဘူးဆိုရင် သူတို့အရင်က ကမ္ဘာ့ဖလားမရဘူးတဲ့ ဂန္ထဝင်တွေရှိခဲ့ဖူးတယ်ဆိုတာ မမေ့ပါနဲ့။ ဥပမာပြောရရင် နယ်သာလန်ဂန္ထဝင် ယိုဟန်ခရိုက်ဖ် Johan Cruyff ပါပဲ။ အေဂျက်စ်၊ ဘာစီလိုနာအသင်းတို့နဲ့အတူ ဆုဖလားပေါင်းများစွာရခဲ့သူ၊ Ballond’Or (၃)ကြိမ်ရခဲ့သူဖြစ်ပေမယ့် သူ့ရဲ့ လက်ရွေးစင်အသင်းအမြင့်ဆုံးအောင်မြင်မှုက ၁၉၇၄ ကမ္ဘာ့ဖလားမှာ ဒုတိယရခဲ့တာပါ။

johan-cruyff

johan-cruyff

နောက်တစ်ဦးက အီတလီနဲ့ အေစီမီလန်ဂန္ထဝင်နောက်ခံလူ မာလ်ဒီနီ Maldini ။ ၁၉၉၀ ဝန်းကျင်ကာလက စပြီး ၂၀၀၀ ကျော်ကာလအထိ အီတလီအသင်းရဲ့ ခံစစ်မှာ မာလ်ဒီနီက ကျောက်တိုင်ကျောက်သားတစ်ခုလို ပါဝင်ခဲ့သူ။ ဒါပေမဲ့ မာလ်ဒီနီလည်း ကမ္ဘာ့ဖလားနဲ့ ကံမစပ်ခဲ့ပါဘူး။ ၁၉၉၀ မှာ သူ့ အီတလီအသင်းက တတိယ၊ ၁၉၉၄ မှာ ဒုတိယနေရာတွေနဲ့သာ ကျေနပ်ခဲ့ရပြီး ၂၀၀၆ မှာ ဗိုလ်စွဲတော့ မာလ်ဒီနီက လက်ရွေးစင်အသင်းကနေ အနားယူသွားပြီ။

Maldini1

Maldini1

သူတို့လိုပဲ ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့သူက ပြင်သစ်ဂန္ထဝင်ကစားသမားကြီး ပလာတီနီ Platini ပါပဲ။ ပလာတီနီက စီရော်နယ်လ်ဒိုနဲ့ ဖြစ်ရပ်ခြင်း ခပ်ဆင်ဆင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်သစ်အသင်းနဲ့ ယူရို-၁၉၈၄ ချန်ပီယံဆုရခဲ့ဖူးပေမယ့် ကမ္ဘာ့ဖလားမှာ သူ့ရဲ့အမြင့်ဆုံးအောင်မြင်မှုက ၁၉၈၆ ကမ္ဘာ့ဖလား တတိယဆုရခဲ့တာဖြစ်ပါတယ်။

Platini

Platini

ဘောလုံးလောကရဲ့ ဂန္ထဝင်တွေထဲမှာ ကမ္ဘာ့ဖလားချန်ပီယံမရခဲ့တဲ့သူတွေထဲက နာမည်ကျော်တချို့က -ဂျော့ချ်ဘက်စ် George Best (မြောက်အိုင်ယာလန်)၊ ပွတ်ရှ်ကပ်စ် Puskas (ဟန်ဂေရီ)၊ ဒီစတီဖာနို Di Stefano (စပိန်/အာဂျင်တီးနား)၊ ဇစ်ကို Zico (ဘရာဇီးလ်)၊ ဗန်ဘက်စတန် Van Basten (နယ်သာလန်)၊ အူဆီဘီယို Eusebio (ပေါ်တူဂီ) တို့ပဲဖြစ်ပါတယ်။ ဒီကစားသမားတွေဟာ တစ်ခေတ်တစ်ခါက ဘောလုံးလောကမှာ’ နေ’လို ‘လ’လို ထင်ရှားတောက်ပခဲ့ကြသူတွေချည်းပါပဲ။ ဒါကြောင့် အဆုံးသတ်ပြောချင်တဲ့စကားတစ်ခွန်းက ” ဘောလုံးလောကရဲ့ ဂန္ထဝင်အဖြစ် သတ်မှတ်ခံရဖို့ မက်ဆီ နဲ့ စီရော်နယ်လ်ဒိုအတွက် ကမ္ဘာ့ဖလားမလိုဘူး”။

REF:.dreamteamfc.com
Photo:The National,BigSoccer,Sports Illustrated,static01.nyt.com
Naing Linn(Akhayar)
www.akhayar.com