[Zawgyi]

ႏုိင္ငံအသင္းနဲ႔အတူ ဆုဖလားမရဖူးတဲ့ နာမည္ေက်ာ္ကစားသမားမ်ား (၂)

ႏုိင္ငံတကာေဘာလုံးေလာကမွာ ဂုဏ္သိကၡာအျမင့္မားဆုံး ဆုဖလားေတြအျဖစ္ ကမၻာ႔ဖလား၊ ယူ႐ုိ၊ ကုိပါအေမရိကဖလား တို႔ကုိ သတ္မွတ္ရမွာျဖစ္ပါတယ္။ ဒီဆုဖလားထဲက တစ္ခုခုကုိ ရယူႏုိင္ဖုိ႔က ေဘာလုံးသမားတိုင္းအတြက္ ႀကီးမားတဲ့အိပ္မက္တစ္ခုပါပဲ။ ဒါေပမဲ့ ႏုိင္ငံကစားသမားဘ၀မွာ ဒီဆုဖလားေတြ မရဖူးတဲ့၊ မရခဲ့တဲ့ နာမည္ေက်ာ္ကစားသမားေတြ အမ်ားႀကီးပါ။ သူတို႔ေတြက ဘယ္သူေတြလဲဆုိတာ Akhayar Sports ပရိသတ္ေတြအတြက္ အပိုင္း(၂)အျဖစ္ ေဖာ္ျပလုိက္ပါတယ္ . .

Paolo Maldini – Italy

Maldini

Maldini

အီတလီ ေဘာလုံးေလာကမွာသာမကဘဲ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံး ေနာက္ခံလူလုိ႔ သတ္မွတ္ရမယ့္ ေပၚလုိမာလ္ဒီနီ Paolo Maldini ဟာ လက္ေရြးစင္အသင္းနဲ႔ေတာ့ ဘာဆုဖလားမွ မရခဲ့ပါဘူး။ ခ်န္ပီယံလိဂ္ကုိ (၅)ႀကိမ္အထိ ရခဲ့သူ၊ စီးရီးေအဖလား (၇)ႀကိမ္အပါအ၀င္ ဆုဖလား(၂၆)ခုအထိ ရခဲ့တဲ့ မာလ္ဒီနီဟာ လက္ေရြးစင္အဆင့္မွာ ေအာငျ္မင္မႈမရခဲ့တာက စိတ္မေကာင္းစရာပါ။ ႏုိင္ငံအသင္းနဲ႔အတူ မာလ္ဒီနီ အျမင့္ဆုံးရရွိခ့ဲတဲ့ ေအာင္ျမင္မႈက ၁၉၉၀ ကမၻာ႔ဖလား တတိယ၊ ၁၉၉၄ ကမၻာ႔ဖလား ဒုတိယ၊ ယူ႐ုိ-၂၀၀၀ ဒုတိယ၊ ယူ႐ုိ-၁၉၈၈ ဆီမီးဖုိင္နယ္ေတြပဲျဖစ္ပါတယ္။

Johan Cruyff – Netherlands

Johan-Cruyff

Johan-Cruyff

နယ္သာလန္ေဘာလုံးေလာကကုိ တစ္ေခတ္ဆန္းခဲ့သူ ကစားသမားဘ၀မွာသာမကဘဲ နည္းျပဘ၀မွာလည္း ဆုဖလားေတြ ရယူခဲ့သူ ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff လက္ေရြးစင္အဆင့္မွာေတာ့ ေအာင္ျမင္မႈနဲ႔ ကံမစပ္ဘူးလုိ႔ ေျပာရမယ္။ ေျခစြမ္းအေကာင္းဆုံးအခ်ိန္ ၁၉၇၄ ကမၻာ႔ဖလားမွာ ဗုိလ္လုပဲြအဆင့္ထိ ေရာက္ခဲ့ေပမယ့္ ဒုတိယေနရာနဲ႔ ေက်နပ္ခဲ့ရသလုိ ယူ႐ုိ-၁၉၇၆ ၿပိဳင္ပဲြမွာလည္း တတိယေနရာသာ ရရွိခဲ့တယ္။

Eusebio – Portugal

Eusebio-and-Pele

Eusebio-and-Pele

” Black Panther” (က်ားသစ္နက္)လုိ႔ နာမည္ေျပာင္ရခဲ့တဲ့ ေပၚတူဂီ ဂႏၳ၀င္ကစားသမား အူဆီဘီယုိ Eusebio ဆုိတာက တစ္ေခတ္တစ္ခါတုန္းက ကမၻာ႔အေကာင္းဆုံး တိုက္စစ္မွဴးတစ္ဦးျဖစ္ခဲ့သူပါ။ ဥေရာပဖလား (ခ်န္ပီယံလိဂ္)၊ ေပၚတူဂီအမွတ္ေပးဖလား၊ လိဂ္ဖလားေတြအျပင္ တစ္ဦးခ်င္းအေကာင္းဆုံး ဆုအျဖစ္ Ballon d’Or ဆုကုိ ၁၉၆၅ ခုႏွစ္မွာ ရရွိခဲ့တယ္။ ဒါေပမဲ့ အူဆီဘီယုိရဲ႕ လက္ေရြးစင္ ကစားသမားဘ၀က မလွပခဲ့ဘူး။ အဲဒီအခ်ိန္တုန္းက ေပၚတူဂီအသင္းဟာ ေဘာလုံးစင္ျမင့္ထက္မွာ ႐ုန္းကန္ေနရတဲ့အသင္းျဖစ္ၿပီး အူဆီဘီယုိဟာ ၁၉၆၆ ကမၻာ႔ဖလားတစ္ႀကိမ္သာ ဆင္ႏဲႊခြင့္ရခဲ့ေပမယ့္ ဆီမီးဖုိင္နယ္အဆင့္အထိ ေရာက္ရွိေအာင္ ပုိ႔ေဆာင္ေပးႏုိင္ခ့ဲပါတယ္။

Ferenc Puskas – Hungary / Spain

Ferenc-Puskas

Ferenc-Puskas

ပြတ္ရွ္ကပ္စ္ Ferenc Puskas လုိ တိုက္စစ္မွဴးေကာင္းတစ္ဦးရဲ႕ အရည္အေသြးေတြ အားလုံးျပည့္စုံရဲ႕သားနဲ႔ ႏုိင္ငံအသင္းအတြက္ ဆုဖလားမရခဲ့တာက ကံဆိုးမႈတစ္ခုပါပဲ။ ‘Deep lying Centre Forward’ ၊ ‘Second Striker’ Role ေတြကုိ ေဘာလုံးေလာကမွာ စတင္မိတ္ဆက္ေပးခဲ့တဲ့ ပြတ္ရွ္ကပ္စ္အတြက္ လက္ေရြးစင္ကစားသမားဘ၀ကုိ ဆုဖလားေတြနဲ႔ အဆုံးသတ္ႏုိင္ခဲ့သင့္ပါတယ္။ ၁၉၅၄ ကမၻာ႔ဖလားမွာ ဟန္ေဂရီအသင္းဟာ ဗုိလ္လုပဲြအဆင့္ထိ တက္ေရာက္ခဲ့ၿပီး အေနာက္ဂ်ာမနီအသင္းကို (၂)ဂုိးျပတ္ ဦးေဆာင္ႏုိင္ေပမယ့္ ေခ်ပဂုိး၊ အႏုိင္ဂုိးေတြ ျပန္ေပးခဲ့ရလုိ႔ (၃-၂)ဂုိးနဲ႔ ႐ံႈးနိမ့္ခဲ့တာေၾကာင့္ ပြတ္ရွ္ကပ္စ္အတြက္ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ လက္တစ္ကမ္းအလုိမွ ဆုံး႐ႈံးခဲ့ရပါတယ္။

ဒီကစားသမားေတြကုိ ၾကည့္ရင္ လက္ေရြးစင္အသင္းနဲ႔ ေအာင္ျမင္မႈရဖုိ႔ဆုိတာက ခက္ခဲတဲ့ကိစၥဆုိတာ အထင္အရွားေတြ႕ႏုိင္မွာပါ။ ဒီစာရင္းမွာ ေနာက္ထပ္ ဘယ္သူ ကံဆုိးသူေမာင္ရွင္အျဖစ္ ပါ၀င္လာဦးမလဲဆုိတာ . . .

REF:.sportskeeda
Photo:YouTube,Tz,Getty Images,Boston Herald
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နိုင်ငံအသင်းနဲ့အတူ ဆုဖလားမရဖူးတဲ့ နာမည်ကျော်ကစားသမားများ (၂)

နိုင်ငံတကာဘောလုံးလောကမှာ ဂုဏ်သိက္ခာအမြင့်မားဆုံး ဆုဖလားတွေအဖြစ် ကမ္ဘာ့ဖလား၊ ယူရို၊ ကိုပါအမေရိကဖလား တို့ကို သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီဆုဖလားထဲက တစ်ခုခုကို ရယူနိုင်ဖို့က ဘောလုံးသမားတိုင်းအတွက် ကြီးမားတဲ့အိပ်မက်တစ်ခုပါပဲ။ ဒါပေမဲ့ နိုင်ငံကစားသမားဘဝမှာ ဒီဆုဖလားတွေ မရဖူးတဲ့၊ မရခဲ့တဲ့ နာမည်ကျော်ကစားသမားတွေ အများကြီးပါ။ သူတို့တွေက ဘယ်သူတွေလဲဆိုတာ Akhayar Sports ပရိသတ်တွေအတွက် အပိုင်း(၂)အဖြစ် ဖော်ပြလိုက်ပါတယ် . .

Paolo Maldini – Italy

Maldini

Maldini

အီတလီ ဘောလုံးလောကမှာသာမကဘဲ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး နောက်ခံလူလို့ သတ်မှတ်ရမယ့် ပေါ်လိုမာလ်ဒီနီ Paolo Maldini ဟာ လက်ရွေးစင်အသင်းနဲ့တော့ ဘာဆုဖလားမှ မရခဲ့ပါဘူး။ ချန်ပီယံလိဂ်ကို (၅)ကြိမ်အထိ ရခဲ့သူ၊ စီးရီးအေဖလား (၇)ကြိမ်အပါအဝင် ဆုဖလား(၂၆)ခုအထိ ရခဲ့တဲ့ မာလ်ဒီနီဟာ လက်ရွေးစင်အဆင့်မှာ အောြင်မင်မှုမရခဲ့တာက စိတ်မကောင်းစရာပါ။ နိုင်ငံအသင်းနဲ့အတူ မာလ်ဒီနီ အမြင့်ဆုံးရရှိခဲ့တဲ့ အောင်မြင်မှုက ၁၉၉၀ ကမ္ဘာ့ဖလား တတိယ၊ ၁၉၉၄ ကမ္ဘာ့ဖလား ဒုတိယ၊ ယူရို-၂၀၀၀ ဒုတိယ၊ ယူရို-၁၉၈၈ ဆီမီးဖိုင်နယ်တွေပဲဖြစ်ပါတယ်။

Johan Cruyff – Netherlands

Johan-Cruyff

Johan-Cruyff

နယ်သာလန်ဘောလုံးလောကကို တစ်ခေတ်ဆန်းခဲ့သူ ကစားသမားဘဝမှာသာမကဘဲ နည်းပြဘဝမှာလည်း ဆုဖလားတွေ ရယူခဲ့သူ ယိုဟန်ခရိုက်ဖ် Johan Cruyff လက်ရွေးစင်အဆင့်မှာတော့ အောင်မြင်မှုနဲ့ ကံမစပ်ဘူးလို့ ပြောရမယ်။ ခြေစွမ်းအကောင်းဆုံးအချိန် ၁၉၇၄ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအဆင့်ထိ ရောက်ခဲ့ပေမယ့် ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရသလို ယူရို-၁၉၇၆ ပြိုင်ပွဲမှာလည်း တတိယနေရာသာ ရရှိခဲ့တယ်။

Eusebio – Portugal

Eusebio-and-Pele

Eusebio-and-Pele

” Black Panther” (ကျားသစ်နက်)လို့ နာမည်ပြောင်ရခဲ့တဲ့ ပေါ်တူဂီ ဂန္ထဝင်ကစားသမား အူဆီဘီယို Eusebio ဆိုတာက တစ်ခေတ်တစ်ခါတုန်းက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့သူပါ။ ဥရောပဖလား (ချန်ပီယံလိဂ်)၊ ပေါ်တူဂီအမှတ်ပေးဖလား၊ လိဂ်ဖလားတွေအပြင် တစ်ဦးချင်းအကောင်းဆုံး ဆုအဖြစ် Ballon d’Or ဆုကို ၁၉၆၅ ခုနှစ်မှာ ရရှိခဲ့တယ်။ ဒါပေမဲ့ အူဆီဘီယိုရဲ့ လက်ရွေးစင် ကစားသမားဘဝက မလှပခဲ့ဘူး။ အဲဒီအချိန်တုန်းက ပေါ်တူဂီအသင်းဟာ ဘောလုံးစင်မြင့်ထက်မှာ ရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး အူဆီဘီယိုဟာ ၁၉၆၆ ကမ္ဘာ့ဖလားတစ်ကြိမ်သာ ဆင်နွဲှခွင့်ရခဲ့ပေမယ့် ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Ferenc Puskas – Hungary / Spain

Ferenc-Puskas

Ferenc-Puskas

ပွတ်ရှ်ကပ်စ် Ferenc Puskas လို တိုက်စစ်မှူးကောင်းတစ်ဦးရဲ့ အရည်အသွေးတွေ အားလုံးပြည့်စုံရဲ့သားနဲ့ နိုင်ငံအသင်းအတွက် ဆုဖလားမရခဲ့တာက ကံဆိုးမှုတစ်ခုပါပဲ။ ‘Deep lying Centre Forward’ ၊ ‘Second Striker’ Role တွေကို ဘောလုံးလောကမှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ ပွတ်ရှ်ကပ်စ်အတွက် လက်ရွေးစင်ကစားသမားဘဝကို ဆုဖလားတွေနဲ့ အဆုံးသတ်နိုင်ခဲ့သင့်ပါတယ်။ ၁၉၅၄ ကမ္ဘာ့ဖလားမှာ ဟန်ဂေရီအသင်းဟာ ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်ခဲ့ပြီး အနောက်ဂျာမနီအသင်းကို (၂)ဂိုးပြတ် ဦးဆောင်နိုင်ပေမယ့် ချေပဂိုး၊ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရလို့ (၃-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပွတ်ရှ်ကပ်စ်အတွက် ကမ္ဘာ့ဖလားချန်ပီယံဆုကို လက်တစ်ကမ်းအလိုမှ ဆုံးရှုံးခဲ့ရပါတယ်။

ဒီကစားသမားတွေကို ကြည့်ရင် လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုရဖို့ဆိုတာက ခက်ခဲတဲ့ကိစ္စဆိုတာ အထင်အရှားတွေ့နိုင်မှာပါ။ ဒီစာရင်းမှာ နောက်ထပ် ဘယ်သူ ကံဆိုးသူမောင်ရှင်အဖြစ် ပါဝင်လာဦးမလဲဆိုတာ . . .

REF:.sportskeeda
Photo:YouTube,Tz,Getty Images,Boston Herald
Naing Linn(Akhayar)
www.akhayar.com