ဥရောပအကောင်းဆုံး ကစားသမား (Ballon d’Or) ဆုဆိုတာက ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ ဆုတစ်ခုဖြစ်ပြီး ဘောလုံးသမားတိုင်းအတွက် မျှော်လင့်ချက် အိပ်မက်လို့ တင်စားရမယ့် ဆုတစ်ခုပါ။ ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလားဆိုတာကတော့ တစ်ဦးတစ်ယောက်ကောင်းရုံနဲ့ မရဘဲ အသင်းလိုက်စုစည်းမှု ရှိမှ ဆွတ်ခူးနိုင်မယ့် ဆုဖလားတွေလို့ သတ်မှတ်ရမယ်။ Ballon d’Or ၊ ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ဖို့ဆိုတာက တကယ့်ကို မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက်မှာလည်း ဒီဆု(၃)ခုကို ရယူနိုင်ခဲ့တဲ့သူက စုစုပေါင်းမှ (၈)ဦးသာရှိသေးပြီး အဲဒီကစားသမားတွေထဲက ကျန်တဲ့ ဂန္ထ၀င်ကစားသမား (၄)ဦးကို အပိုင်း(၂)အဖြစ် ဆက်လက်ဖော်ပြလိုက်ရပါတယ် . .

Kaká

Kaka

Kaka

ချောမောတဲ့ ရုပ်ရည်နဲ့ တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်ခဲ့တဲ့ ကာကာ Kaká ဟာ ကွင်းပြင်ပမှာ ထင်ရှားရုံသာမက ကွင်းတွင်းခြေစွမ်းကလည်း ပြိုင်စံရှားပါပဲ။ Physical ပိုင်းအရ အားနည်းပေမယ့် သူ့ရဲ့ ဘောလုံးစွမ်းရည်၊ Vision ၊ Creativity Skill ၊ Dribbling စတဲ့ အပိုင်းတွေမှာ ရာနှုန်းပြည့် ကောင်းမွန်သူလည်းဖြစ်ပါတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းဗိုလ်စွဲတော့ ကာကာ ဆိုတဲ့ နာမည်က ဘောလုံးလောကမှာ စတင်ထင်ရှားလာခဲ့ပြီး အေစီမီလန်အသင်းနဲ့ သမိုင်းဝင် ဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။ ကာကာဟာ ၂၀၀၆-၀၇ ရာသီမှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပြီး ၂၀၀၇ ခုနှစ်မှာပဲ Ballon d’Or ဆုကို တစ်ပါတည်းရရှိခဲ့ပါတယ်။

Rivaldo

Rivaldo

Rivaldo

ကစားသမားကောင်းတွေ အများကြီးထွက်ပေါ်ခဲ့တဲ့ ဘရာဇီးလ်ဘောလုံးသမိုင်းမှာ ရီဗယ်လ်ဒို Rivaldo ကိုလည်း ချန်ထားလို့ မရပါဘူး။ ဘောလုံးမှော်ပညာရှင်ကြီးလို့ တင်စားရလောက်အောင် ရီဗယ်လ်ဒိုရဲ့ ကစားဟန်က မှော်ဆန်လွန်းပါတယ်။ ကွင်းလယ်နေရာစုံမှာ ကစားတတ်ပြီး Free Kick စွမ်းရည်ကလည်း ထိပ်တန်းအဆင့်ရှိသူပါ။ ၁၉၉၉ ခုနှစ်မှာ Ballon d’Or ၊ ၂၀၀၂ မှာ ကမ္ဘာ့ဖလားဆုတွေ ရရှိခဲ့ပြီး ၂၀၀၂-၀၃ ရာသီမှာတော့ အေစီမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပါတယ်။

Paolo Rossi

Paolo_Rossi

Paolo_Rossi

ဒီဘက်ခေတ်မှာတော့ ပေါ်လိုရော့စီ Paolo Rossi ရဲ့နာမည်ကို သိပ်မသိကြပေမယ့် ၁၉၈၀ ကျော်ကာလတွေမှာ ပေါ်လိုရော့စီဟာ ထိတ်ထိတ်ကြဲတိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့တယ်။ ပိန်ရှည်ရှည် ခန္ဓာကိုယ်နဲ့ တွန်းတွန်းတိုက်တိုက် မကစားနိုင်ဘူး၊ Shoot Power မကောင်းဘူး။ ဒါပေမဲ့ ပေါ်လိုရော့စီဟာ Technique ၊ Finishing ၊ Accurate Shot စတဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံသူဖြစ်ပြီး (၁၈)ကိုက်စည်းထဲမှာ ပြိုင်ဘက်ခံစစ်အတွက် ကြောက်စရာအကောင်းဆုံး ကစားသမားပါပဲ။ ၁၉၈၄-၈၅ ရာသီမှာ ဂျူဗင်တပ်စ်အသင်းနဲ့ ဥရောပဖလား(ချန်ပီယံလိဂ်)၊ ၁၉၈၂ မှာ ကမ္ဘာ့ဖလားနဲ့ Ballon d’Or ဆုတွေကို သိမ်းကြုံးရယူခဲ့ပါတယ်။

Bobby Charlton

Bobby-Charlton

Bobby-Charlton

အင်္ဂလန်နဲ့ မန်ယူအသင်းတို့အတွက် ထာဝရအကောင်းဆုံးလို့ သတ်မှတ်ရမယ့် ဂန္ထ၀င်တစ်ဦးပါပဲ။ ၁၉၅၈ မြူးနစ်လေယာဉ်ပျက်ကျမှုမှာ ပါဝင်ခဲ့ပေမယ့် ကံကြီးလွန်းလို့ အသက်မဆုံးရှုံးခဲ့သူ ဘော်ဘီချာလ်တန် Bobby Charlton ဟာ အင်္ဂလန်၊ မန်ယူအသင်းတွေအတွက် ပထမဆုံး ချန်ပီယံဆုတွေကို ရယူပေးခဲ့သူလည်းဖြစ်ပါတယ်။ ၁၉၆၇-၆၈ ရာသီမှာ မန်ယူအသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဥရောပဖလား (ချန်ပီယံလိဂ်)ကို ရယူခဲ့ပြီး ၁၉၆၆ ခုနှစ်မှာတော့ အင်္ဂလန်အသင်းနဲ့အတူ ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံ ရရှိခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ နှစ်မှာပဲ Ballon d’Or ဆု ရခဲ့တဲ့ ဘော်ဘီချာလ်တန်ဟာ Stanley Matthews ပြီးတော့ Ballon d’Or ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဒုတိယမြောက် အင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။

Ballon d’Or ၊ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးခဲ့တဲ့ ရှားရှားပါးပါး ကစားသမား (၈)ဦးကို အပိုင်း(၁)၊ (၂)အဖြစ် ဖော်ပြလိုက်တာဖြစ်ပါတယ်။ ကာကာနောက်ပိုင်း ဒီဆု(၃)ခုကို ဆွတ်ခူးခဲ့တဲ့ ကစားသမား မရှိတော့တာ ဆယ်စုနှစ်တစ်ခုကြာနေပါပြီ။ ဒီစာရင်းမှာ ကစားသမားတစ်ဦး ထပ်တိုးလာဖို့ဆိုတာကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်နေဦးမှာပဲဖြစ်ပါတယ် . . .

REF:sportskeeda
Photo:FOOTY FAIR,Getty Images,Goal,Twitter
Naing Linn(Akhayar)
www.akhayar.com