[Zawgyi]

‘Legally Blonde 3 (2020)’ ဇာတ္ကားရဲ႕ ရံုတင္ရက္ထြက္ေပၚလာပါျပီ

Legally Blonde ကို ၾကိဳက္နွစ္သက္တဲ့ ပရိသတ္ေတြအတြက္ ‘Legally Blonde 3 (2020)’ ဇာတ္ကားအတြက္ ရံုတင္ရက္ကို ခုပဲ ေၾကညာလိုက္ပါျပီ။ ဒီဇာတ္ကားကုိ ခ်စ္သူမ်ားေန႔ျဖစ္တဲ့ ေဖေဖာ္ဝါရီ ၁၄ ရက္ ၂၀၂၀ ခုႏွစ္ မွာ ျပသမယ္လို႔ သိရျပီး ဇာတ္ညႊန္းကိုေတာ့ Karen McCullah နဲ႔ Kirsten Kiwi Smith တို႔က ေရးသားမွာ ျဖစ္ပါတယ္။

Legally Blondes လို႔ ေျပာလိုက္တာနဲ႔ ခြဲျခားျပီး ျမင္လို႔မရတဲ့ Reese Witherspoon ကလည္း ဇာတ္ေကာင္ Elle Woods အျဖစ္ သူျပန္လာမွာ ျဖစ္ေၾကာင္းကို Instagram မွာ ပံုတင္ျပီး အသိေပးအေၾကာင္းၾကားခဲ့ပါတယ္။

It’s true… #LegallyBlonde3

A post shared by Reese Witherspoon (@reesewitherspoon) on

Reese ဟာ မူလပထမဇာတ္ကား Legally Blonde (2001) နဲ႔ ေနာက္ဆက္တြဲဇာတ္ကား Legally Blonde 2: Red, White & Blond(2003) မွာလည္း ပါဝင္သရုပ္ေဆာင္ခဲ့တဲ့အတြက္ ဒီဇာတ္ကားဟာ သူ႔အတြက္ တတိယအၾကိမ္ျဖစ္ပါတယ္။ Reese ရဲ႕ ဟာသေျမာက္ျပီး ပညာပါတဲ့ သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပထမဇာတ္ကားဟာ ေရႊကမာၻလံုးဆုအတြက္ ဆန္ကာတင္စာရင္းေတာင္ ဝင္ခဲ့ပါေသးတယ္။

Legally Blonde (2001)

Legally Blonde (2001)

Legally Blonde (2003)

Legally Blonde (2003)

ဇာတ္ကားရံုတင္ျပသမယ့္ ၂၀၂၀ ခုႏွစ္ဟာ အေမရိကန္သမၼတေရြးေကာက္ပြဲႏွစ္ျဖစ္တဲ့အတြက္ ဇာတ္လမ္းဇာတ္ကြက္ကေတာ့ အိမ္ျဖဴေတာ္နဲ႔ ဆက္စပ္ပက္သက္တဲ့ ဇာတ္လမ္းျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : cnn.com
[Unicode]

‘Legally Blonde 3 (2020)’ ဇာတ်ကားရဲ့ ရုံတင်ရက်ထွက်ပေါ်လာပါပြီ

Legally Blonde ကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ‘Legally Blonde 3 (2020)’ ဇာတ်ကားအတွက် ရုံတင်ရက်ကို ခုပဲ ကြေညာလိုက်ပါပြီ။ ဒီဇာတ်ကားကို ချစ်သူများနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၄ ရက် ၂၀၂၀ ခုနှစ် မှာ ပြသမယ်လို့ သိရပြီး ဇာတ်ညွှန်းကိုတော့ Karen McCullah နဲ့ Kirsten Kiwi Smith တို့က ရေးသားမှာ ဖြစ်ပါတယ်။

Legally Blondes လို့ ပြောလိုက်တာနဲ့ ခွဲခြားပြီး မြင်လို့မရတဲ့ Reese Witherspoon ကလည်း ဇာတ်ကောင် Elle Woods အဖြစ် သူပြန်လာမှာ ဖြစ်ကြောင်းကို Instagram မှာ ပုံတင်ပြီး အသိပေးအကြောင်းကြားခဲ့ပါတယ်။

It’s true… #LegallyBlonde3

A post shared by Reese Witherspoon (@reesewitherspoon) on

Reese ဟာ မူလပထမဇာတ်ကား Legally Blonde (2001) နဲ့ နောက်ဆက်တွဲဇာတ်ကား Legally Blonde 2: Red, White & Blond(2003) မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက် ဒီဇာတ်ကားဟာ သူ့အတွက် တတိယအကြိမ်ဖြစ်ပါတယ်။ Reese ရဲ့ ဟာသမြောက်ပြီး ပညာပါတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပထမဇာတ်ကားဟာ ရွှေကမ္ဘာလုံးဆုအတွက် ဆန်ကာတင်စာရင်းတောင် ဝင်ခဲ့ပါသေးတယ်။

Legally Blonde (2001)

Legally Blonde (2001)

Legally Blonde (2003)

Legally Blonde (2003)

ဇာတ်ကားရုံတင်ပြသမယ့် ၂၀၂၀ ခုနှစ်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲနှစ်ဖြစ်တဲ့အတွက် ဇာတ်လမ်းဇာတ်ကွက်ကတော့ အိမ်ဖြူတော်နဲ့ ဆက်စပ်ပက်သက်တဲ့ ဇာတ်လမ်းဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : cnn.com