Boys Over Flowers (2009) ရုပ်သံဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားချော Lee Min Ho ဟာ စစ်မှုထမ်းခဲ့တာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။

Boys Over Flowers

 

တောင်ကိုရီးယားမှာ စစ်မှုမထမ်းမနေရဥပဒေကို ၁၉၅၇ ခုနှစ်ကတည်းက စတင်ပြဌာန်းခဲ့တာဖြစ်ပြီး အသက် (၁၈) နှစ်ကနေ (၂၈) နှစ်အတွင်းရှိတဲ့ အမျိုးသားတိုင်းဟာ စစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းဆောင်ကြရပါတယ်။  ကြည်းတပ် ဒါမှမဟုတ် အထူးတပ်မှာ တာဝန်ထမ်းဆောင်မယ်ဆိုရင် (၂၁) လ၊ ရေတပ်မှာဆိုရင် (၂၂) လနဲ့ လေတပ်မှာဆိုရင် (၂၄) လဆိုပြီး ကွာခြားပါသေးတယ်။

တောင်ကိုရီးယားနိုင်ငံသားဖြစ်တဲ့အတွက် ဒီဥပဒေကို နိုင်ငံကြီးသားပီပီ လိုက်နာခဲ့တာဖြစ်ပါတယ်။ နာမည်ကျော်မင်းသားဖြစ်ပေမယ့် နိုင်ငံတာဝန်ကိုလည်း မပျက်ကွက်ထမ်းဆောင်ချင်တဲ့ Lee Min Ho ဟာ ဥပဒေကိုလိုက်နာပြီး ၂၀၁၇ ခုနှစ် မေလ ၁၂ ရက်နေ့က စစ်မှုထမ်းခဲ့ပေမယ့် စစ်တပ်ထဲမှာ တာဝန်မထမ်းဆောင်ခဲ့ရပါဘူး။ မင်းသားချောဟာ၂၀၀၆ ခုနစ်တုန်းက ဖြစ်ခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် ခြေထောက်ကျိုးထားတဲ့အတွက် Suseo Social Welfare Center မှာ လူမှုဝန်ထမ်းအရာရှိအနေနဲ့ပဲ တာဝန်ထမ်းဆောင်ခဲ့ရတာ ဖြစ်ပါတယ်။၂၀၁၈ ခုနစ် မတ်လကလည်း အခြေခံစစ်ရေးသင်တန်းကိုတော့ လေးပတ်ကြာ တက်ရောက်ခဲ့ပါတယ်။

Lee Min Ho

Lee Min Ho ဟာ ဧပြီ ၂၅ ရက်နေ့ ဒေသစံတော်ချိန်မနက် (၉) နာရီမှာ စစ်မှုထမ်းကာလပြီးဆုံးသွားပြီမို့ Suseo Social Welfare Center မှာ ရာချီတဲ့အမာခံပရိသတ်တွေဟာ ဘောလုံးတွေနဲ့ လာရောက်ကြိုဆိုစောင့်ဆိုင်းနေကြတာကို သူက ပြန်လည်လက်ပြပြီး ဦးညွတ်နှုတ်ဆက်ခဲ့ပါသေးတယ်။
Lee Min Ho
Lee Min Ho ရဲ့ MYM Entertainment အေဂျင်စီကလည်း “သူဟာ ဧပြီ ၂၅ ရက်နေ့မှာ စစ်မှုထမ်းတာဝန်ကို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပါပြီး” လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ Lee Min Ho ဟာ အနုပညာလုပ်ငန်းတွေကို အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ဖို့အတွက် အပြည့်အဝအာရုံစိုက်သုံးသပ်နေပါတယ်ဆိုပြီး ထပ်မံကြေညာခဲ့ပါတယ်။Lee Min Ho Lee Min Ho ကိုယ်တိုင်ကလည်း လူမှုကွန်ရက် Instagram ကနေတဆင့် တခဲနက်အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး ရေးသားထားပါသေးတယ်။ အိုပါး Lee Min Ho ရဲ့ပရိသတ်တွေလည်း ပြန်လာမယ့်နေ့ကို စောင့်ဆိုင်းနေတာမို့လို့ ဒီသတင်းကို ကြားလိုက်ရတဲ့အခါမှာ အရမ်းကို ပျော်ရွှင်မယ်လို့ ထင်ပါတယ်နော်။ အိုးပါးကိုလည်း အရင်အတိုင်းအချစ်မပျက်ဘဲ ဆက်လက်အားပေးဖို့ ရယ်ဒီပဲလား။

H.H(Akhayar)

www.akhayar.com

Reference: https://www.soompi.com

Photo Credit: Pinterest