[Zawgyi]

Hawaii ကုိ အေပ်ာ္ခရီးထြက္ေနၾကတဲ့ ႏွႈတ္ခမ္းနီမေလးေတြရဲ႕အသဲေက်ာ္ႏွစ္ေယာက္

သူတုိ႕ႏွစ္ေယာက္စလံုးကုိ ခ်စ္တဲ့ ပရိသတ္သာဆုိရင္ ဒီျမင္ကြင္းေလးကုိျမင္ျပီး Hawaii ကၽြန္းကုိေတာင္ ခ်က္ခ်င္းထသြားလုိက္မလားပဲ။
ေတာင္ကုိရီးယားရဲ႕ နာမည္ေက်ာ္ကုိရီးယားမင္းသားႏွစ္လက္ျဖစ္တဲ့ Kim Woo Bin နဲ႕ Lee Jong Suk တုိ႕ဟာ ၾသဂုတ္လ(၂၂)ရက္ေန႕ထဲက Hawaii ကၽြန္းဘက္ကုိ အေပ်ာ္ခရီးထြက္သြားၾကတာျဖစ္တယ္လုိ႕ သိရပါတယ္။


Lee Jong Suk ရဲ႕ ေအဂ်င္စီကလည္း ဒီသတင္းနဲ႕ပတ္သက္ျပီး သူတုိ႕ႏွစ္ေယာက္ဟာ Fan Meeting လုပ္ဖုိ႕ ဗီဒီယုိေလးတစ္ခုရုိက္စရာရွိတာေၾကာင့္ အခုလုိ ခရီးထြက္ျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားထားပါတယ္။ႏႈတ္ခမ္းနီမေလးေတြရဲ႕ အခ်စ္ေတာ္ေတြျဖစ္တဲ့သူတုိ႕ကေတာ့ ဒီတစ္ပတ္လုံးလုံးမွာ အတူတူေပ်ာ္ေပ်ာ္ပါးပါး ျဖတ္သန္းၾကမယ္လုိ႕လည္း ေျပာပါတယ္။


၀ူဘင္အေနနဲ႕ ကင္ဆာေရာဂါကုိ (၂၀၁၇)ခုႏွစ္ထဲက ခံစားေနရတာျဖစ္ျပီး ေဆးကုသမႈေတြလည္း ခံယူေနရဆဲျဖစ္ပါတယ္။ ဒါေပမယ့္ အခုလို အႏုပညာညီေနာင္ႏွစ္ေယာက္ကုိ ရွားရွားပါးပါးအတူတူေတြ႕ရခဲတာျဖစ္လုိ႕ မိန္းကေလးပရိသတ္ေတြကေတာ့ ေက်နပ္မိမယ္လုိ႕ထင္ပါတယ္။

Stella(Akhayar)

www.akhayar.com

[Unicode]

Hawaii ကို အပျော်ခရီးထွက်နေကြတဲ့ နှှုတ်ခမ်းနီမလေးတွေရဲ့အသဲကျော်နှစ်ယောက်

သူတို့နှစ်ယောက်စလုံးကို ချစ်တဲ့ ပရိသတ်သာဆိုရင် ဒီမြင်ကွင်းလေးကိုမြင်ပြီး Hawaii ကျွန်းကိုတောင် ချက်ချင်းထသွားလိုက်မလားပဲ။
တောင်ကိုရီးယားရဲ့ နာမည်ကျော်ကိုရီးယားမင်းသားနှစ်လက်ဖြစ်တဲ့ Kim Woo Bin နဲ့ Lee Jong Suk တို့ဟာ သြဂုတ်လ(၂၂)ရက်နေ့ထဲက Hawaii ကျွန်းဘက်ကို အပျော်ခရီးထွက်သွားကြတာဖြစ်တယ်လို့ သိရပါတယ်။


Lee Jong Suk ရဲ့ အေဂျင်စီကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး သူတို့နှစ်ယောက်ဟာ Fan Meeting လုပ်ဖို့ ဗီဒီယိုလေးတစ်ခုရိုက်စရာရှိတာကြောင့် အခုလို ခရီးထွက်ဖြစ်ကြောင်း အတည်ပြုပြောကြားထားပါတယ်။နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော်တွေဖြစ်တဲ့သူတို့ကတော့ ဒီတစ်ပတ်လုံးလုံးမှာ အတူတူပျော်ပျော်ပါးပါး ဖြတ်သန်းကြမယ်လို့လည်း ပြောပါတယ်။


ဝူဘင်အနေနဲ့ ကင်ဆာရောဂါကို (၂၀၁၇)ခုနှစ်ထဲက ခံစားနေရတာဖြစ်ပြီး ဆေးကုသမှုတွေလည်း ခံယူနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် အခုလို အနုပညာညီနောင်နှစ်ယောက်ကို ရှားရှားပါးပါးအတူတူတွေ့ရခဲတာဖြစ်လို့ မိန်းကလေးပရိသတ်တွေကတော့ ကျေနပ်မိမယ်လို့ထင်ပါတယ်။

Stella(Akhayar)

www.akhayar.com