[Zawgyi]





ကြည်သာ (Akhayar)

Photo Credit: Koreaboo

www.akhayar.com
[Unicode]

လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ Lee Dong Wook နဲ့ Suzy

Goblin ဇာတ်ကားထဲမှ သေမင်းကြီး Lee Dong Wook နဲ့ Bae Suzy တို့ ချစ်သူတွေအဖြစ်ကြေညာခဲ့ပြီး ၄ လအကြာမှာ အခုဆိုရင်တရားဝင် လမ်းခွဲလိုက်ကြပြီ ဖြစ်တယ်လို့သိရပါတယ်။Suzy နဲ့ Lee Dong Wook တို့နှစ်ယောက်စလုံးဟာ အရမ်းကို အလုပ်တွေများတဲ့အတွက်ကြောင့်တစ်ယောက်နဲ့ တစ်ယောက်အချိန်ပေးပြီးမတွေ့နိုင်ကြတဲ့ အတွက်လမ်းခွဲလိုက်ကြတာဖြစ်တယ်လို့ သူတို့ရဲ့ ခင်မင်ရင်းနှီးတဲ့ အပေါင်းအသင်းတွေကတဆင့်သိရပါတယ်။

JYP Entertainment ကလည်း သူတို့နှစ်ဦးလမ်းခွဲခဲ့တာ ဟုတ်တယ်လို့လည်းအတည်ပြုထားပါတယ်။ သူတို့နှစ်ယောက်ဟာ ချစ်သူနှစ်ဦးအနေနဲ့လမ်းခွဲခဲ့ကြပေမယ့်လည်း အလုပ်ခွင်ထဲမှာတော့ Junior နဲ့ Seniorဆက်ဆံရေးအဖြစ်ဆက်လက်ရှိနေဦးမှာပါလို့လည်း သိရပါတယ်။

Lee Dong Wook က အခုဆိုရင် Life ဆိုတဲ့ Drama အသစ်ကို ရိုက်ကူးနေပြီး Suzy ကတော့ Vagabond ဆိုတဲ့ Drama ဇာတ်ကားကို မင်းသား Lee Seung Gi နဲ့ ရိုက်ကူးဖို့အတွက် ပြင်ဆင်နေတယ်လို့သိရပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Koreaboo

www.akhayar.com