[Zawgyi]

ကမၻာေပၚမွာ လူဦးေရအနည္းဆုံး ႏုိင္ငံ (၅) ခု

ကမၻာေပၚမွာ လူဦးေရအမ်ားဆုံးႏုိင္ငံေတြက တရုတ္ျပည္သူ႕သမၼတႏုိင္ငံ (၁,၄၁၅ သန္း) ၊ အိႏၵိယႏုိင္ငံ (၁,၃၅၄ သန္း) နဲ႔ အေမရိကန္ျပည္ေထာင္စု (၃၂၆ သန္း) တုိ႔ပဲျဖစ္တယ္လုိ႔ Worldometers ဝက္ဘ္ဆုိက္ရဲ႕အဆုိအရ သိရပါတယ္။ ကမၻာ့ (၁၉၃) ႏုိင္ငံမွာေတာ့ ျမန္မာႏုိင္ငံဟာ လူဦးေရ (၅၃) သန္းနဲ႔ နံပါတ္ (၂၆) ေနရာမွာရွိပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ျမန္မာႏုိင္ငံဟာ ေတာင္ကုိရီးယား (၅၁ သန္း) ၊ စပိန္ (၄၆ သန္း) နဲ႔ အာဂ်င္တီးနား (၄၄ သန္း) တုိ႔ထက္ေတာင္ လူဦးေရမ်ားပါေသးတယ္။ လူဦးေရသန္းခ်ီရွိတဲ့ ႏုိင္ငံေတြရွိသလုိ လူေသာင္းဂဏန္းသာရွိတဲ့ ႏုိင္ငံငယ္ေတြလည္း ဒုနဲ႔ေဒးပါပဲ။

 Liechtenstein Overview

Liechtenstein Overview

(၅) Liechtenstein

ဥေရာပတုိက္အလယ္ပုိင္းမွာရွိတဲ့ Liechtenstein ႏုိင္ငံဆုိရင္လည္း လူဦးေရက ၃၈,၁၅၅ ပဲရွိပါေသးတယ္။ အေနာက္ဘက္နဲ႔ေတာင္ဘက္မွာ ဆြတ္ဇာလန္ႏုိင္ငံရွိၿပီး အေရွ႕ဘက္နဲ႔ေျမာက္ဘက္မွာ ၾသစတီးယားႏုိင္ငံတုိ႔ရွိေနတဲ့ ကုန္းတြင္းပိတ္ႏုိင္ငံငယ္ျဖစ္ပါတယ္။ ဧရိယာစတုရန္းမုိင္ေပါင္း ၆၂ (၁၆ဝ စတုရန္းကီလုိမီတာ) သာရွိပါတယ္။ ဘုရင္စနစ္ျဖစ္ၿပီး မင္းသားႀကီး Hans-Adam II ကပဲ အုပ္ခ်ဳပ္ပါတယ္။

 Liechtenstein

Liechtenstein

(၄) San Marino

San Marino ဆုိတာ အီတလီကြ်န္းဆြယ္ေပၚမွာ တည္ရွိၿပီး ေဘးပတ္လည္မွာေတာ့ အီတလီႏုိင္ငံႀကီးက ဝန္းရံထားပါတယ္။ ဧရိယာစတုရန္းမုိင္ေပါင္း ၂၄ (၆၁ စတုရန္းကီလုိမီတာ) သာရွိၿပီး လူဦးေရက ၃၃,၅၅၇ သာရွိပါတယ္။ အလုပ္လက္မဲ့အနည္းဆုံးႏုိင္ငံ၊ ေၾကြးၿမီအကင္းဆုံးႏုိင္ငံနဲ႔ စီးပြားေရးတည္ၿငိမ္မႈအေကာင္းဆုံးႏုိင္ငံအျဖစ္ ထင္ရွားပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

San Marino ႏုိင္ငံမွာ လူဦးေရထက္ ေမာ္ေတာ္ကားက ပုိမ်ားပါတယ္။ Head of State နဲ႔ Heads of Government ဆုိၿပီး ပါဝါတူေခါင္းေဆာင္ႏွစ္ဦး ထားေလ့ရွိၿပီး ေျခာက္လတစ္ႀကိမ္ေရြးေကာက္ပြဲဝင္ရပါတယ္။

 San Marino

San Marino

(၃) Palau

ပစိဖိတ္သမုဒၵရာအေနာက္ပုိင္းမွာရွိတဲ့ Palau ႏုိင္ငံဟာ ကြ်န္းငယ္ေပါင္း (၃၄ဝ) ေက်ာ္နဲ႔ ဖြဲ႕စည္းထားတဲ့ ကြ်န္းႏုိင္ငံတစ္ခုျဖစ္ပါတယ္။ ဧရိယာစတုရန္းမုိင္ေပါင္း ၁၈ဝ (၄၆၆ စတုရန္းကီလုိမီတာ) သာရွိၿပီး လူဦးေရက ၂၁,၉၆၄ သာရွိပါတယ္။ ဖိလစ္ပုိင္၊ အင္ဒုိနီးရွားႏုိင္ငံေတြနဲ႔ ေရနယ္နိမိတ္ခ်င္း ထိစပ္ေနပါတယ္။ သမၼတ ‘Tommy Remengesau’ ဟာ Head of State နဲ႔ Head of Government တာဝန္ကုိ ယူရၿပီး ေလးႏွစ္တစ္ႀကိမ္ ေရြးေကာက္ပြဲဝင္ရပါတယ္။

Palau

Palau

(၂) Tuvalu

Tuvalu ႏုိင္ငံက ပစိဖိတ္သမုဒၵရာထဲမွာ တည္ရွိတဲ့ ကြ်န္းႏုိင္ငံျဖစ္ၿပီး ၾသစေတးလ်ႏုိင္ငံနဲ႔ ဟာဝုိင္အီကြ်န္းၾကားမွာ ရွိပါတယ္။ ဧရိယာစတုရန္းမုိင္ေပါင္း ၁ဝ (၂၆ စတုရန္းကီလုိမီတာ) သာရွိၿပီး လူဦးေရက ၁၁,၂၈၇ သာရွိပါတယ္။ သမုဒၵရာပုိင္းဇုံမွာ တည္ရွိၿပီး ဝန္ႀကီးခ်ဳပ္က Head of Government တာဝန္ကို ယူရပါတယ္။

Tuvalu

Tuvalu

(၁) Vatican City

အီတလီႏုိင္ငံထဲမွာ ႏုိင္ငံတစ္ခုထပ္ရွိေသးတယ္ဆုိရင္ အံ့ၾသသြားမယ္ထင္ပါတယ္။ ဟုတ္ပါတယ္။ အီတလီႏုိင္ငံ ေရာမၿမိဳ႕ထဲမွာ Vatican City ဆုိတဲ့ ၿမိဳ႕ျပႏုိင္ငံေလး ထပ္ရွိပါေသးတယ္။ ဧက (၁၁ဝ) သာ က်ယ္ဝန္းတဲ့အတြက္ ႏုိင္ငံ­­­­­­­လုိ႔ သတ္မွတ္ထားေပမယ့္ သာမန္ရပ္ကြက္ေလာက္ပဲ က်ယ္တာပါ။ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရတဲ့ႏုိင္ငံၿပီးၿပီး ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ (Pope Francis) ကပဲ ဦးေဆာင္တာပါ။ လူဦးေရအေနနဲ႔ ၈ဝ၁ ေယာက္ (၁,ဝဝဝ ဝန္းက်င္) သာရွိၿပီး Vatican Palace နဲ႔ Vatican Museum ေတြကုိ လာလည္တဲ့ခရီးသြားေတြက အဓိကဝင္ေငြပါ။ ကုိယ္ပုိင္အလံ၊ ေငြေၾကးစနစ္ရွိၿပီး ကမၻာလွည့္ေတြ စိတ္ဝင္စားတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ ႏုိင္ငံရဲ႕လုံျခံဳေရးအတြက္ အေစာင့္ (၁၁ဝ) ေက်ာ္ ခန္႔ထားပါေသးတယ္။

Vatican City

Vatican City

အခုေဖာ္ျပခဲ့တဲ့ အခ်က္အလက္ေတြကေတာ့ ကမၻာ့လူဦးေရအနည္းဆုံးႏုိင္ငံေတြနဲ႔ ပတ္သက္ၿပီး သိသင့္သိထုိက္တဲ့ အေၾကာင္းအရာေတြပဲျဖစ္ပါတယ္။ အားလုံးဗဟုသုတပြားၾကပါေစလုိ႔ ဆုေတာင္းလုိက္ရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာပေါ်မှာ လူဦးရေအနည်းဆုံး နိုင်ငံ (၅) ခု

ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံ (၁,၄၁၅ သန်း) ၊ အိန္ဒိယနိုင်ငံ (၁,၃၅၄ သန်း) နဲ့ အမေရိကန်ပြည်ထောင်စု (၃၂၆ သန်း) တို့ပဲဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်ရဲ့အဆိုအရ သိရပါတယ်။ ကမ္ဘာ့ (၁၉၃) နိုင်ငံမှာတော့ မြန်မာနိုင်ငံဟာ လူဦးရေ (၅၃) သန်းနဲ့ နံပါတ် (၂၆) နေရာမှာရှိပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

မြန်မာနိုင်ငံဟာ တောင်ကိုရီးယား (၅၁ သန်း) ၊ စပိန် (၄၆ သန်း) နဲ့ အာဂျင်တီးနား (၄၄ သန်း) တို့ထက်တောင် လူဦးရေများပါသေးတယ်။ လူဦးရေသန်းချီရှိတဲ့ နိုင်ငံတွေရှိသလို လူသောင်းဂဏန်းသာရှိတဲ့ နိုင်ငံငယ်တွေလည်း ဒုနဲ့ဒေးပါပဲ။

 Liechtenstein Overview

Liechtenstein Overview

(၅) Liechtenstein

ဥရောပတိုက်အလယ်ပိုင်းမှာရှိတဲ့ Liechtenstein နိုင်ငံဆိုရင်လည်း လူဦးရေက ၃၈,၁၅၅ ပဲရှိပါသေးတယ်။ အနောက်ဘက်နဲ့တောင်ဘက်မှာ ဆွတ်ဇာလန်နိုင်ငံရှိပြီး အရှေ့ဘက်နဲ့မြောက်ဘက်မှာ သြစတီးယားနိုင်ငံတို့ရှိနေတဲ့ ကုန်းတွင်းပိတ်နိုင်ငံငယ်ဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း ၆၂ (၁၆ဝ စတုရန်းကီလိုမီတာ) သာရှိပါတယ်။ ဘုရင်စနစ်ဖြစ်ပြီး မင်းသားကြီး Hans-Adam II ကပဲ အုပ်ချုပ်ပါတယ်။

 Liechtenstein

Liechtenstein

(၄) San Marino

San Marino ဆိုတာ အီတလီကျွန်းဆွယ်ပေါ်မှာ တည်ရှိပြီး ဘေးပတ်လည်မှာတော့ အီတလီနိုင်ငံကြီးက ဝန်းရံထားပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း ၂၄ (၆၁ စတုရန်းကီလိုမီတာ) သာရှိပြီး လူဦးရေက ၃၃,၅၅၇ သာရှိပါတယ်။ အလုပ်လက်မဲ့အနည်းဆုံးနိုင်ငံ၊ ကြွေးမြီအကင်းဆုံးနိုင်ငံနဲ့ စီးပွားရေးတည်ငြိမ်မှုအကောင်းဆုံးနိုင်ငံအဖြစ် ထင်ရှားပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

San Marino နိုင်ငံမှာ လူဦးရေထက် မော်တော်ကားက ပိုများပါတယ်။ Head of State နဲ့ Heads of Government ဆိုပြီး ပါဝါတူခေါင်းဆောင်နှစ်ဦး ထားလေ့ရှိပြီး ခြောက်လတစ်ကြိမ်ရွေးကောက်ပွဲဝင်ရပါတယ်။

 San Marino

San Marino

(၃) Palau

ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှာရှိတဲ့ Palau နိုင်ငံဟာ ကျွန်းငယ်ပေါင်း (၃၄ဝ) ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း ၁၈ဝ (၄၆၆ စတုရန်းကီလိုမီတာ) သာရှိပြီး လူဦးရေက ၂၁,၉၆၄ သာရှိပါတယ်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေနဲ့ ရေနယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ သမ္မတ ‘Tommy Remengesau’ ဟာ Head of State နဲ့ Head of Government တာဝန်ကို ယူရပြီး လေးနှစ်တစ်ကြိမ် ရွေးကောက်ပွဲဝင်ရပါတယ်။

Palau

Palau

(၂) Tuvalu

Tuvalu နိုင်ငံက ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ ကျွန်းနိုင်ငံဖြစ်ပြီး သြစတေးလျနိုင်ငံနဲ့ ဟာဝိုင်အီကျွန်းကြားမှာ ရှိပါတယ်။ ဧရိယာစတုရန်းမိုင်ပေါင်း ၁ဝ (၂၆ စတုရန်းကီလိုမီတာ) သာရှိပြီး လူဦးရေက ၁၁,၂၈၇ သာရှိပါတယ်။ သမုဒ္ဒရာပိုင်းဇုံမှာ တည်ရှိပြီး ဝန်ကြီးချုပ်က Head of Government တာဝန်ကို ယူရပါတယ်။

Tuvalu

Tuvalu

(၁) Vatican City

အီတလီနိုင်ငံထဲမှာ နိုင်ငံတစ်ခုထပ်ရှိသေးတယ်ဆိုရင် အံ့သြသွားမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ အီတလီနိုင်ငံ ရောမမြို့ထဲမှာ Vatican City ဆိုတဲ့ မြို့ပြနိုင်ငံလေး ထပ်ရှိပါသေးတယ်။ ဧက (၁၁ဝ) သာ ကျယ်ဝန်းတဲ့အတွက် နိုင်ငံ­­­­­­­လို့ သတ်မှတ်ထားပေမယ့် သာမန်ရပ်ကွက်လောက်ပဲ ကျယ်တာပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့နိုင်ငံပြီးပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) ကပဲ ဦးဆောင်တာပါ။ လူဦးရေအနေနဲ့ ၈ဝ၁ ယောက် (၁,ဝဝဝ ဝန်းကျင်) သာရှိပြီး Vatican Palace နဲ့ Vatican Museum တွေကို လာလည်တဲ့ခရီးသွားတွေက အဓိကဝင်ငွေပါ။ ကိုယ်ပိုင်အလံ၊ ငွေကြေးစနစ်ရှိပြီး ကမ္ဘာလှည့်တွေ စိတ်ဝင်စားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ နိုင်ငံရဲ့လုံခြုံရေးအတွက် အစောင့် (၁၁ဝ) ကျော် ခန့်ထားပါသေးတယ်။

Vatican City

Vatican City

အခုဖော်ပြခဲ့တဲ့ အချက်အလက်တွေကတော့ ကမ္ဘာ့လူဦးရေအနည်းဆုံးနိုင်ငံတွေနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ အားလုံးဗဟုသုတပွားကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။