[Zawgyi]

Adidas တံဆိပ္ကုိ ကမာၻေက်ာ္ေစခဲ့တဲ့ Boost နညး္ပညာကုိ အခ်က္က်က်ေလ့လာၾကည့္တဲ့အခါ

အားကစားေလာကနဲ႔ ဖက္ရွင္ေလာကတုိ႔မွာ Adidas brand လုိ႔ဆုိလုိက္တာနဲ႔ 3 Stripes လုိင္းသုံးလုိင္းကုိ အရင္ဆုံးေျပးျမင္ၾကပါတယ္။ အဲဒီ 3 Stripes လုိင္းသုံးလုိင္းဟာ Adidas ရဲ႕ထင္ရွားတဲ့အမွတ္အသားျဖစ္သလုိ မူပုိင္သေကၤတလည္းျဖစ္ပါတယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္အထိ ဖိနပ္ေလာကမွာ Adidas လုိ႔ဆုိလုိက္တာနဲ႔ ေရွးက်ၿပီးဂႏၲဝင္ဆန္တဲ့ 3 Stripes လုိင္းသုံးလုိင္းကုိပဲ လက္ဆုပ္လက္ကုိင္ျပစရာရွိခဲ့တာ ျဖစ္ပါတယ္။ Adidas အမွတ္တံဆိပ္ကုိ ကုိယ္စားျပဳတဲ့ Stan Smith, Superstar အစရွိတဲ့ ဖိနပ္ေတြဟာလည္း နာမည္ေက်ာ္ဖိနပ္ေမာ္ဒယ္ေတြျဖစ္တာမွန္ေပမယ့္ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် လက္ရွိမ်က္ေမွာက္ေခတ္ေစ်းကြက္မွာ အားလုံးနဲ႔ပုခုံးခ်င္းယွဥ္ၿပီး ထိပ္ဆုံးကရပ္တည္မယ့္ ထုတ္ကုန္တစ္ခုကုိဖန္တီးခ်ျပဖုိ႔ Adidas အေနနဲ႔ လုိအပ္လာခဲ့ပါတယ္

ဒါေၾကာင့္ပဲ Boost နည္းပညာဟာ ေမြးဖြားခဲ့တယ္လုိ႔ဆုိရမွာပါ။ အဲဒီမွာစၿပီး သက္ဆုိင္ရာပညာရွင္ေတြနဲ႔ နယ္ပယ္အသီးသီးက ကၽြမ္းက်င္သူေပါင္းမ်ားစြာဟာ Boost နည္းပညာကုိ စတင္ဖန္တီးခဲ့ၾကတာျဖစ္ပါတယ္။ ဒီေတာ့ အားလုံးသိေနၿပီးသားျဖစ္တဲ့ Adidas ရဲ႕ Boost နည္းပညာဆုိတာ ဘာလဲ? ဘယ္လုိထူးျခားခ်က္နဲ႔ ဖန္တီးထားလဲ? ဘယ္လုိမ်ိဳး သူမတူတဲ့အရည္အေသြးေတြေၾကာင့္ ကမာၻ႔ေစ်းကြက္မွာ လက္မေထာင္ႏိုင္ခဲ့တာလဲ? အစရွိတာေတြကုိ အားလုုံးဗဟုသုတျဖစ္ဖြယ္ ဒီပုိ႔စ္မွာ ျပန္လည္တင္ဆက္ေပးသြားမွာပါ။ စိတ္ဝင္စားတယ္ဆုိ တစ္ပုံခ်င္းစီေထာက္ၿပီး ဖတ္႐ႈေပးၾကပါဦး

Boost နည္းပညာကုိ ဖိနပ္အတြင္းထည့္သြင္းဖုိ႔ စတင္အေကာင္အထည္ေဖာ္ျခင္း

Adidas အေနနဲ႔ ဥေရာပတုိက္တစ္လႊားကုိ အတုိင္းအတာတစ္ခုထိ ထုိးေဖာက္ႏုိင္ခဲ့ေပမယ့္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ စီးပြားၿပိဳင္ဖက္ျဖစ္တဲ့ Nike ဟာ အေမရိကန္ဖိနပ္ေစ်းကြက္ကုိ ခ်ဴပ္ကုိင္ထားတာပဲျဖစ္ပါတယ္။ Adidas အမွတ္တံဆိပ္ အားကစားဖိနပ္ေတြ၊ အေျပးဖိနပ္ေတြနဲ႔ ေန႔စဥ္စီးနင္းႏုိင္တဲ့ဖိနပ္ေတြကုိ တစ္ကမာၻလုံးမွာ႐ွိတဲ့သူေတြ ဝတ္ဆင္ၾကတာမွန္ေပမယ့္ အေမရိကန္ေစ်းကြက္ကုိမင္းမူထားတဲ့ Nike ဟာ ကမာၻ႕ေစ်းကြက္မွာလည္း ႏွာတစ္ဖ်ားသာလုိ႔ေနခဲ့ပါတယ္။ အားကစားနယ္ပယ္နဲ႔ ဖက္႐ွင္နယ္ပယ္တုိ႔မွာတင္မကဘဲ Puma တုိ႔လုိ႔ Under Armour တုိ႔လုိ အျခားၿပိဳင္ဖက္ကုမၸဏီေတြလည္း ႐ွိေနတဲ့အတြက္ Adidas အေနနဲ႔ ေစ်းကြက္ကုိျပန္လည္ထုိးေဖာက္ဖုိ႔နဲ႔ ေရွ႕ကဦးေဆာင္ဖုိ႔အတြက္ သူမတူတဲ့အရည္အေသြးနဲ႔ စြမ္းေဆာင္ရည္ျမင့္ ထုတ္ကုန္သစ္တစ္ခုကုိ ဖန္တီးခ်ျပဖုိ႔လုိအပ္လာပါတယ္။ အဲဒီမွာစၿပီး ေျခတစ္လွမ္းလွမ္းလုိက္တုိင္းမွာ အဆုံးမဲ့တဲ့စြမ္းအင္နဲ႔ တန္ျပန္အက်ိဳးသက္ေရာက္မႈကုိ ေပးစြမ္းတဲ့ Boost ဆုိတဲ့ နည္းပညာကို စတင္ဖန္တီးခဲ့တာျဖစ္ပါတယ္။

Adidas Energy Boost

၂၀၁၃ ခုႏွစ္မွာ ပထမဦးဆုံးပြဲထြက္လာခဲ့တဲ့ Energy Boost နဲ႔ Adidas ရဲ႕ေစ်းကြက္ထုိးေဖာက္မႈ

Ultraboost, Pure Boost အစ႐ွိတဲ့ ဖိနပ္ေတြ မထြက္႐ွိေသးခင္မွာ Adidas ဟာ Energy Boost ဆုိတဲ့နာမည္နဲ႔ Boost နည္းပညာထည့္သြင္းထားတဲ့ ဖိနပ္ေတြကုိ ကမာၻ႔ေစ်းကြက္နဲ႔ မိတ္ဆက္ေပးခဲ့တာျဖစ္ပါတယ္။ ဒီလုိနဲ႔ ၂၀၁၃ ခုႏွစ္မွာေတာ့ Energy Boost ဖိနပ္ေတြကုိ အားလုံးလက္ထဲအေရာက္ပုိ႔ႏုိင္ခဲ့ၿပီး ဖိနပ္ရဲ႕သြင္ျပင္ဒီဇုိင္းနဲ႔ တစ္သားတည္းက်မႈ၊ အဆုံးမဲ့စြမ္းအင္ေပးစြမ္းမႈ၊ ေျခနင္းအေထာက္အပံ့နဲ႔ တာ႐ွည္အၾကမ္းခံႏုိင္မႈ အစ႐ွိတဲ့ ထူးျခားတဲ့အရည္အေသြးေတြေၾကာင့္ ထြက္႐ွိၿပီး အခ်ိန္အနည္းငယ္အၾကာမွာပဲ Adidas ရဲ႕ Boost ဖိနပ္ေတြဟာ တစ္ကမာၻလုံးအတုိင္းအတာနဲ႔ ဟုိးေလးတစ္ေက်ာ္ေပါက္ေျမာက္သြားခဲ့ပါတယ္။ ေနာက္ထပ္တစ္ခ်က္ကေတာ့ Adidas က တီထြင္လုိက္တဲ့ ဒီ Boost နည္းပညာရဲ႕ စြမ္းေဆာင္ရည္ဟာ အားကစားသမားေတြနဲ႔ ကုိယ္ကာယသမားေတြရဲ႕ လိုအပ္ခ်က္႐ႈေထာင့္ကုိ ျဖည့္ဆည္းေပးသလုိျဖစ္သြားခဲ့တဲ့အတြက္ ေကာင္းသတင္း လူခ်င္းေဆာင္ဆုိသလို ခုႏွစ္အလုိက္ ေရာင္းအားေတြတစ္မဟုတ္ခ်င္း ထုိးတတ္လာခဲ့တာပါပဲ။ ၂၀၁၃ ခုႏွစ္တုန္းကထိ အေမရိကန္ႏုိင္ငံအတြင္းမွာ ေစ်းကြက္ေရာင္းအား ၂ ရာခုိင္ႏႈန္းပဲ႐ွိရာကေန ၂၀၁၅ အေရာက္မွာ အေရာင္းအားသိသိသာသာျမင့္တက္လာခဲ့ၿပီး လက္႐ွိအခ်ိန္မွာဆုိရင္ ၉ ရာခုိင္ႏႈန္းျဖစ္သြားတဲ့အထိ Boost နည္းပညာဟာ Adidas အမွတ္တံဆိပ္ကုိ ျပန္လည္အသက္ဝင္ေစခဲ့ပါတယ္။

Adidas Boost Technology

အားလုံးထဲက ကြဲထြက္ၿပီးထူးျခားေနတဲ့ Adidas ရဲ႕ Boost နည္းပညာကုိ အေသးစိတ္ခြဲျခမ္းစိတ္ျဖာၾကည့္တဲ့အခါ

Adidas ကပညာရွင္ေတြဟာ ေျခတစ္ခ်က္နင္းလုိက္တုိင္းမွာ ကုန္ဆုံးသြားတဲ့စြမ္းအင္ကုိ တန္ျပန္အားအျဖစ္ ျပန္လည္ေျပာင္းလဲေပးမယ့္ နည္းပညာမ်ိဳးကုိ ဖိနပ္အတြင္းမွာ ထည့္သြင္းဖုိ႔ႀကိဳးပမ္းေနတာ ၁၉၈၀ ျပည့္ႏွစ္ကတည္းကျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက အသုံးျပဳတဲ့ EVA ေရာ္ဘာကြန္ေပါင္း Midsole ေဖာ္မ်ဴလာ (အယ္လ္သလိန္းဟုိက္ဒ႐ုိကာဗြန္နဲ႔ အက္စီတိတ္ဓာတုျဒပ္ေပါင္း) ဟာ ေျခနင္းကူ႐ွင္တန္ျပန္မႈနဲ႔ ေထာက္ပံ့မႈကုိ ေပးစြမ္းေပမယ့္လည္း ပတ္ဝန္းက်င္အပူခ်ိန္ျမင့္မားမႈနဲ႔ ျပင္းထန္လြန္းတဲ့ဖိအားေတြနဲ႔ ၾကံဳတဲ့အခါ စြမ္းေဆာင္ရည္ေလွ်ာ့က်သြားတတ္တာေၾကာင့္ အဲဒီေဖာ္မ်ဴလာကုိ ၿပီးျပည့္စုံတယ္လုိ႔ မဆုိႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္ ဇြဲမေလွ်ာ့တဲ့ တီထြင္ဖန္တီးမႈနဲ႔ စဥ္ဆက္မျပတ္နည္းလမ္း႐ွာေဖြမႈတုိ႔ေၾကာင့္ Adidas ဟာ ကမာၻ႕ထိပ္တန္းဓာတုကုမၸဏီတစ္ခုျဖစ္တဲ့ BASF (Badische Anilin & Soda-Fabrik) နဲ႔ ပူးေပါင္းၿပီး အနာဂတ္မွာ Boost ျဖစ္လာမယ့္ ေဖာ္မ်ဴလာကုိ ဖန္တီးႏုိင္ခဲ့ပါတယ္။ BASF ဟာ Adidas ရဲ႕ႏွစ္ေဟာင္းပါတနာျဖစ္ၿပီး လြန္ခဲ့တဲ့ ၂၅ ႏွစ္ကတည္းက ဖိနပ္နည္းပညာသစ္ေတြ ဖန္တီးဖုိ႔နဲ႔ အေျဖ႐ွာဖုိ႔အတြက္ အက်ိဳးတူပူးေပါင္းထားတာျဖစ္ပါတယ္။ Boost နည္းပညာဆုိၿပီးျဖစ္လာေစတဲ့ အဓိကအရာကေတာ့ ညီမွ်တဲ့တန္ျပန္အားကုိျဖစ္ေပၚေစတဲ့ TPU Midsole ေဖာ္မ်ဴလာ (သာမုိပလက္စတစ္နဲ႔ ေပၚလီယူရသိန္းဓာတုျဒပ္ေပါင္း) ျဖစ္ၿပီး ဖိနပ္ Midsole မွာ ရာနဲ႔ခ်ီတဲ့ Energy Capsules ေပါင္းမ်ားစြာကုိ တစ္စုတစ္စည္းတည္း ေပါင္းစည္းေပးထားတာျဖစ္ပါတယ္။

Adidas Ultraboost Running shoe

ဓာတုေဗဒနဲ႔ သိပၸံသေဘာတရားတုိ႔ေရာယွက္ေနတဲ့ Boost နည္းပညာေၾကာင့္ ကမာၻ႔အေကာင္းဆုံးအေျပးဖိနပ္ျဖစ္လာခဲ့တဲ့ Ultraboost ဖိနပ္

Adidas ရဲ႕ ႏွစ္ေပါင္းမ်ားစြာႀကိဳးစားအားထုတ္မႈနဲ႔ တီထြင္ဖန္တီးမႈတုိ႔ရဲ႕ အသီးအပြင့္ရလဒ္ကေတာ့ လက္႐ွိအခ်ိန္မွာ ကြၽန္ေတာ္တုိ႔ေခၚတြင္ၾကတဲ့ Boost နည္းပညာပဲဲျဖစ္ပါတယ္။ အခုလုိၿပီးျပည့္စုံတဲ့ Boost နည္းပညာဆုိၿပီး ျဖစ္ေပၚလာဖုိ႔အတြက္ Adidas ဟာ ခုႏွစ္သကၠရာဇ္ေပါင္းမ်ားစြာျဖတ္သန္းၿပီး စမ္းသပ္မႈေပါင္းမ်ားစြာ ျပဳလုပ္ခဲ့ရပါတယ္။ ပါဝင္ဖြဲ႔စည္းထားတဲ့နည္းပညာေတြရဲ႕ အံ့မခန္းစြမ္းေဆာင္ရည္ေၾကာင့္ Adidas ရဲ႕ Ultraboost ဖိနပ္ဟာ ၂၀၁၅ ခုႏွစ္မွာ ကမာၻ႔အေကာင္းဆုံးအေျပးဖိနပ္အျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ Boost နည္းပညာဟာ ဓာတုေဗဒအခ်ိဳးအဆေတြနဲ႔ သိပၸံပညာသေဘာတရားေတြကုိ ေရာယွက္ၿပီး လူေတြရဲ႕လုိအပ္ခ်က္ကြက္လပ္တစ္ေနရာကုိ ျဖည့္စြက္ေပးတဲ့ အရည္အေသြးျမင့္ဖိနပ္တစ္ရံျဖစ္ပါတယ္။ အခုေလာက္ဆုိရင္ Adidas ရဲ႕ Boost နည္းပညာ ဘယ္လုိျဖစ္လာတယ္၊ ဘယ္ေလာက္ထိအရည္အေသြးျမင့္ေၾကာင္းနဲ႔ ဘာေၾကာင့္လူႀကိဳက္မ်ားသလဲဆုိတာ အားလုံးသိ႐ွိသြားေလာက္ၿပီ ထင္ပါတယ္။ ဒီေတာ့ ေဒၚလာ ၃၀၀ ဝန္းက်င္တန္ဖုိး႐ွိတဲ့ Adidas ရဲ႕ Boost ဖိနပ္ေတြမွာ ဘယ္လုိထူးျခားခ်က္ေတြပါလဲလုိ႔ ေမးလာခဲ့ရင္ ဒီအခ်က္ေလးေတြကုိ ျပန္မွ်ေဝေပးလုိက္ပါ။

အျခားတန္ဖုိးႀကီး အထက္တန္းစားလူသုံးကုန္ပစၥည္းေတြနဲ႔ မတူတဲ့အခ်က္က Adidas ဖိနပ္ေတြဟာ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာမဆုိ ကုိယ့္စိတ္ႀကိဳက္စီးနင္းႏုိင္တာပါပဲ။ ဒီေနရာမွာ ေနာက္တစ္ခ်က္ျဖည့္စြက္ခ်င္တာကေတာ့ Adidas အမွတ္တံဆိပ္မွ မဟုတ္ပါဘူး၊ ဘယ္လုိတံဆိပ္ကုိမဆုိ မွန္ကန္တဲ့ပစၥည္းကုိဝယ္ယူမွသာ သူတို႔ထည့္သြင္းထားတဲ့ အံ့မခန္းစြမ္းေဆာင္ရည္ေတြကုိ ခံစားႏုိင္မယ္ဆုိတာပါပဲ။ ဘယ္လုိနာမည္ေက်ာ္ထုတ္ကုန္မဆုိ ဒီဇုိင္းေၾကာင့္၊ ပါဝင္ပစၥည္းေၾကာင့္၊ ဖန္တီးထားတဲ့နည္းပညာေၾကာင့္ရယ္လုိ႔ သက္သက္ႀကီး ေစ်းႏႈန္းျမင့္ေနတယ္ဆုိတာ မ႐ွိပါဘူး၊ အဲဒီလုိထူးျခားတဲ့အရည္အေသြးေတြကုိ တစ္စုတစည္းတည္းေပါင္းစည္းၿပီး ဘက္ေပါင္းစုံၿပီးျပည့္စုံတဲ့ပစၥည္းတစ္ခုအျဖစ္ အားလုံးဆီအေရာက္ပုိ႔ေပးထားလုိ႔ သတ္မွတ္ထားတဲ့တန္ဖုိးတစ္ခု ရွိေနတယ္လုိ႔ ကြၽန္ေတာ္တုိ႔မွတ္ယူရမွာျဖစ္ပါတယ္။ ဖတ္ရႈေပးမႈအတြက္ ေက်းဇူးတင္ပါတယ္၊ ေနာက္ထပ္ၿပီးလည္း အခြင့္သင့္ရင္သင့္သလုိ အခုလုိမ်ိဳးပုိ႔စ္ေလးေတြကုိ ေပ့ခ်္မွာတင္ဆက္ေပးသြားပါ့မယ္။ Adidas ခ်စ္သူမ်ားအားလုံး သာယာတဲ့ေန႔ေလးကုိ ပုိင္ဆုိင္ႏုိင္ၾကပါေစ။

Yan

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Adidas တံဆိပ်ကို ကမ္ဘာကျော်စေခဲ့တဲ့ Boost နည်းပညာကို အချက်ကျကျလေ့လာကြည့်တဲ့အခါ

အားကစားလောကနဲ့ ဖက်ရှင်လောကတို့မှာ Adidas brand လို့ဆိုလိုက်တာနဲ့ 3 Stripes လိုင်းသုံးလိုင်းကို အရင်ဆုံးပြေးမြင်ကြပါတယ်။ အဲဒီ 3 Stripes လိုင်းသုံးလိုင်းဟာ Adidas ရဲ့ထင်ရှားတဲ့အမှတ်အသားဖြစ်သလို မူပိုင်သင်္ကေတလည်းဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်လောက်အထိ ဖိနပ်လောကမှာ Adidas လို့ဆိုလိုက်တာနဲ့ ရှေးကျပြီးဂန္တဝင်ဆန်တဲ့ 3 Stripes လိုင်းသုံးလိုင်းကိုပဲ လက်ဆုပ်လက်ကိုင်ပြစရာရှိခဲ့တာ ဖြစ်ပါတယ်။ Adidas အမှတ်တံဆိပ်ကို ကိုယ်စားပြုတဲ့ Stan Smith, Superstar အစရှိတဲ့ ဖိနပ်တွေဟာလည်း နာမည်ကျော်ဖိနပ်မော်ဒယ်တွေဖြစ်တာမှန်ပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ လက်ရှိမျက်မှောက်ခေတ်ဈေးကွက်မှာ အားလုံးနဲ့ပုခုံးချင်းယှဉ်ပြီး ထိပ်ဆုံးကရပ်တည်မယ့် ထုတ်ကုန်တစ်ခုကိုဖန်တီးချပြဖို့ Adidas အနေနဲ့ လိုအပ်လာခဲ့ပါတယ်

ဒါကြောင့်ပဲ Boost နည်းပညာဟာ မွေးဖွားခဲ့တယ်လို့ဆိုရမှာပါ။ အဲဒီမှာစပြီး သက်ဆိုင်ရာပညာရှင်တွေနဲ့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူပေါင်းများစွာဟာ Boost နည်းပညာကို စတင်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ ဒီတော့ အားလုံးသိနေပြီးသားဖြစ်တဲ့ Adidas ရဲ့ Boost နည်းပညာဆိုတာ ဘာလဲ? ဘယ်လိုထူးခြားချက်နဲ့ ဖန်တီးထားလဲ? ဘယ်လိုမျိုး သူမတူတဲ့အရည်အသွေးတွေကြောင့် ကမ္ဘာ့ဈေးကွက်မှာ လက်မထောင်နိုင်ခဲ့တာလဲ? အစရှိတာတွေကို အားလုံးဗဟုသုတဖြစ်ဖွယ် ဒီပို့စ်မှာ ပြန်လည်တင်ဆက်ပေးသွားမှာပါ။ စိတ်ဝင်စားတယ်ဆို တစ်ပုံချင်းစီထောက်ပြီး ဖတ်ရှုပေးကြပါဦး

Boost နည်းပညာကို ဖိနပ်အတွင်းထည့်သွင်းဖို့ စတင်အကောင်အထည်ဖော်ခြင်း

Adidas အနေနဲ့ ဥရောပတိုက်တစ်လွှားကို အတိုင်းအတာတစ်ခုထိ ထိုးဖောက်နိုင်ခဲ့ပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ စီးပွားပြိုင်ဖက်ဖြစ်တဲ့ Nike ဟာ အမေရိကန်ဖိနပ်ဈေးကွက်ကို ချူပ်ကိုင်ထားတာပဲဖြစ်ပါတယ်။ Adidas အမှတ်တံဆိပ် အားကစားဖိနပ်တွေ၊ အပြေးဖိနပ်တွေနဲ့ နေ့စဉ်စီးနင်းနိုင်တဲ့ဖိနပ်တွေကို တစ်ကမ္ဘာလုံးမှာရှိတဲ့သူတွေ ဝတ်ဆင်ကြတာမှန်ပေမယ့် အမေရိကန်ဈေးကွက်ကိုမင်းမူထားတဲ့ Nike ဟာ ကမ္ဘာ့ဈေးကွက်မှာလည်း နှာတစ်ဖျားသာလို့နေခဲ့ပါတယ်။ အားကစားနယ်ပယ်နဲ့ ဖက်ရှင်နယ်ပယ်တို့မှာတင်မကဘဲ Puma တို့လို့ Under Armour တို့လို အခြားပြိုင်ဖက်ကုမ္ပဏီတွေလည်း ရှိနေတဲ့အတွက် Adidas အနေနဲ့ ဈေးကွက်ကိုပြန်လည်ထိုးဖောက်ဖို့နဲ့ ရှေ့ကဦးဆောင်ဖို့အတွက် သူမတူတဲ့အရည်အသွေးနဲ့ စွမ်းဆောင်ရည်မြင့် ထုတ်ကုန်သစ်တစ်ခုကို ဖန်တီးချပြဖို့လိုအပ်လာပါတယ်။ အဲဒီမှာစပြီး ခြေတစ်လှမ်းလှမ်းလိုက်တိုင်းမှာ အဆုံးမဲ့တဲ့စွမ်းအင်နဲ့ တန်ပြန်အကျိုးသက်ရောက်မှုကို ပေးစွမ်းတဲ့ Boost ဆိုတဲ့ နည်းပညာကို စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။

Adidas Energy Boost

၂၀၁၃ ခုနှစ်မှာ ပထမဦးဆုံးပွဲထွက်လာခဲ့တဲ့ Energy Boost နဲ့ Adidas ရဲ့ဈေးကွက်ထိုးဖောက်မှု

Ultraboost, Pure Boost အစရှိတဲ့ ဖိနပ်တွေ မထွက်ရှိသေးခင်မှာ Adidas ဟာ Energy Boost ဆိုတဲ့နာမည်နဲ့ Boost နည်းပညာထည့်သွင်းထားတဲ့ ဖိနပ်တွေကို ကမ္ဘာ့ဈေးကွက်နဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၃ ခုနှစ်မှာတော့ Energy Boost ဖိနပ်တွေကို အားလုံးလက်ထဲအရောက်ပို့နိုင်ခဲ့ပြီး ဖိနပ်ရဲ့သွင်ပြင်ဒီဇိုင်းနဲ့ တစ်သားတည်းကျမှု၊ အဆုံးမဲ့စွမ်းအင်ပေးစွမ်းမှု၊ ခြေနင်းအထောက်အပံ့နဲ့ တာရှည်အကြမ်းခံနိုင်မှု အစရှိတဲ့ ထူးခြားတဲ့အရည်အသွေးတွေကြောင့် ထွက်ရှိပြီး အချိန်အနည်းငယ်အကြာမှာပဲ Adidas ရဲ့ Boost ဖိနပ်တွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဟိုးလေးတစ်ကျော်ပေါက်မြောက်သွားခဲ့ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ Adidas က တီထွင်လိုက်တဲ့ ဒီ Boost နည်းပညာရဲ့ စွမ်းဆောင်ရည်ဟာ အားကစားသမားတွေနဲ့ ကိုယ်ကာယသမားတွေရဲ့ လိုအပ်ချက်ရှုထောင့်ကို ဖြည့်ဆည်းပေးသလိုဖြစ်သွားခဲ့တဲ့အတွက် ကောင်းသတင်း လူချင်းဆောင်ဆိုသလို ခုနှစ်အလိုက် ရောင်းအားတွေတစ်မဟုတ်ချင်း ထိုးတတ်လာခဲ့တာပါပဲ။ ၂၀၁၃ ခုနှစ်တုန်းကထိ အမေရိကန်နိုင်ငံအတွင်းမှာ ဈေးကွက်ရောင်းအား ၂ ရာခိုင်နှုန်းပဲရှိရာကနေ ၂၀၁၅ အရောက်မှာ အရောင်းအားသိသိသာသာမြင့်တက်လာခဲ့ပြီး လက်ရှိအချိန်မှာဆိုရင် ၉ ရာခိုင်နှုန်းဖြစ်သွားတဲ့အထိ Boost နည်းပညာဟာ Adidas အမှတ်တံဆိပ်ကို ပြန်လည်အသက်ဝင်စေခဲ့ပါတယ်။

Adidas Boost Technology

အားလုံးထဲက ကွဲထွက်ပြီးထူးခြားနေတဲ့ Adidas ရဲ့ Boost နည်းပညာကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ

Adidas ကပညာရှင်တွေဟာ ခြေတစ်ချက်နင်းလိုက်တိုင်းမှာ ကုန်ဆုံးသွားတဲ့စွမ်းအင်ကို တန်ပြန်အားအဖြစ် ပြန်လည်ပြောင်းလဲပေးမယ့် နည်းပညာမျိုးကို ဖိနပ်အတွင်းမှာ ထည့်သွင်းဖို့ကြိုးပမ်းနေတာ ၁၉၈၀ ပြည့်နှစ်ကတည်းကဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အသုံးပြုတဲ့ EVA ရော်ဘာကွန်ပေါင်း Midsole ဖော်မျူလာ (အယ်လ်သလိန်းဟိုက်ဒရိုကာဗွန်နဲ့ အက်စီတိတ်ဓာတုဒြပ်ပေါင်း) ဟာ ခြေနင်းကူရှင်တန်ပြန်မှုနဲ့ ထောက်ပံ့မှုကို ပေးစွမ်းပေမယ့်လည်း ပတ်ဝန်းကျင်အပူချိန်မြင့်မားမှုနဲ့ ပြင်းထန်လွန်းတဲ့ဖိအားတွေနဲ့ ကြုံတဲ့အခါ စွမ်းဆောင်ရည်လျှော့ကျသွားတတ်တာကြောင့် အဲဒီဖော်မျူလာကို ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဇွဲမလျှော့တဲ့ တီထွင်ဖန်တီးမှုနဲ့ စဉ်ဆက်မပြတ်နည်းလမ်းရှာဖွေမှုတို့ကြောင့် Adidas ဟာ ကမ္ဘာ့ထိပ်တန်းဓာတုကုမ္ပဏီတစ်ခုဖြစ်တဲ့ BASF (Badische Anilin & Soda-Fabrik) နဲ့ ပူးပေါင်းပြီး အနာဂတ်မှာ Boost ဖြစ်လာမယ့် ဖော်မျူလာကို ဖန်တီးနိုင်ခဲ့ပါတယ်။ BASF ဟာ Adidas ရဲ့နှစ်ဟောင်းပါတနာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက ဖိနပ်နည်းပညာသစ်တွေ ဖန်တီးဖို့နဲ့ အဖြေရှာဖို့အတွက် အကျိုးတူပူးပေါင်းထားတာဖြစ်ပါတယ်။ Boost နည်းပညာဆိုပြီးဖြစ်လာစေတဲ့ အဓိကအရာကတော့ ညီမျှတဲ့တန်ပြန်အားကိုဖြစ်ပေါ်စေတဲ့ TPU Midsole ဖော်မျူလာ (သာမိုပလက်စတစ်နဲ့ ပေါ်လီယူရသိန်းဓာတုဒြပ်ပေါင်း) ဖြစ်ပြီး ဖိနပ် Midsole မှာ ရာနဲ့ချီတဲ့ Energy Capsules ပေါင်းများစွာကို တစ်စုတစ်စည်းတည်း ပေါင်းစည်းပေးထားတာဖြစ်ပါတယ်။

Adidas Ultraboost Running shoe

ဓာတုဗေဒနဲ့ သိပ္ပံသဘောတရားတို့ရောယှက်နေတဲ့ Boost နည်းပညာကြောင့် ကမ္ဘာ့အကောင်းဆုံးအပြေးဖိနပ်ဖြစ်လာခဲ့တဲ့ Ultraboost ဖိနပ်

Adidas ရဲ့ နှစ်ပေါင်းများစွာကြိုးစားအားထုတ်မှုနဲ့ တီထွင်ဖန်တီးမှုတို့ရဲ့ အသီးအပွင့်ရလဒ်ကတော့ လက်ရှိအချိန်မှာ ကျွန်တော်တို့ခေါ်တွင်ကြတဲ့ Boost နည်းပညာပဲဖြစ်ပါတယ်။ အခုလိုပြီးပြည့်စုံတဲ့ Boost နည်းပညာဆိုပြီး ဖြစ်ပေါ်လာဖို့အတွက် Adidas ဟာ ခုနှစ်သက္ကရာဇ်ပေါင်းများစွာဖြတ်သန်းပြီး စမ်းသပ်မှုပေါင်းများစွာ ပြုလုပ်ခဲ့ရပါတယ်။ ပါဝင်ဖွဲ့စည်းထားတဲ့နည်းပညာတွေရဲ့ အံ့မခန်းစွမ်းဆောင်ရည်ကြောင့် Adidas ရဲ့ Ultraboost ဖိနပ်ဟာ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံးအပြေးဖိနပ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ Boost နည်းပညာဟာ ဓာတုဗေဒအချိုးအဆတွေနဲ့ သိပ္ပံပညာသဘောတရားတွေကို ရောယှက်ပြီး လူတွေရဲ့လိုအပ်ချက်ကွက်လပ်တစ်နေရာကို ဖြည့်စွက်ပေးတဲ့ အရည်အသွေးမြင့်ဖိနပ်တစ်ရံဖြစ်ပါတယ်။ အခုလောက်ဆိုရင် Adidas ရဲ့ Boost နည်းပညာ ဘယ်လိုဖြစ်လာတယ်၊ ဘယ်လောက်ထိအရည်အသွေးမြင့်ကြောင်းနဲ့ ဘာကြောင့်လူကြိုက်များသလဲဆိုတာ အားလုံးသိရှိသွားလောက်ပြီ ထင်ပါတယ်။ ဒီတော့ ဒေါ်လာ ၃၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ Adidas ရဲ့ Boost ဖိနပ်တွေမှာ ဘယ်လိုထူးခြားချက်တွေပါလဲလို့ မေးလာခဲ့ရင် ဒီအချက်လေးတွေကို ပြန်မျှဝေပေးလိုက်ပါ။

အခြားတန်ဖိုးကြီး အထက်တန်းစားလူသုံးကုန်ပစ္စည်းတွေနဲ့ မတူတဲ့အချက်က Adidas ဖိနပ်တွေဟာ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ကိုယ့်စိတ်ကြိုက်စီးနင်းနိုင်တာပါပဲ။ ဒီနေရာမှာ နောက်တစ်ချက်ဖြည့်စွက်ချင်တာကတော့ Adidas အမှတ်တံဆိပ်မှ မဟုတ်ပါဘူး၊ ဘယ်လိုတံဆိပ်ကိုမဆို မှန်ကန်တဲ့ပစ္စည်းကိုဝယ်ယူမှသာ သူတို့ထည့်သွင်းထားတဲ့ အံ့မခန်းစွမ်းဆောင်ရည်တွေကို ခံစားနိုင်မယ်ဆိုတာပါပဲ။ ဘယ်လိုနာမည်ကျော်ထုတ်ကုန်မဆို ဒီဇိုင်းကြောင့်၊ ပါဝင်ပစ္စည်းကြောင့်၊ ဖန်တီးထားတဲ့နည်းပညာကြောင့်ရယ်လို့ သက်သက်ကြီး ဈေးနှုန်းမြင့်နေတယ်ဆိုတာ မရှိပါဘူး၊ အဲဒီလိုထူးခြားတဲ့အရည်အသွေးတွေကို တစ်စုတစည်းတည်းပေါင်းစည်းပြီး ဘက်ပေါင်းစုံပြီးပြည့်စုံတဲ့ပစ္စည်းတစ်ခုအဖြစ် အားလုံးဆီအရောက်ပို့ပေးထားလို့ သတ်မှတ်ထားတဲ့တန်ဖိုးတစ်ခု ရှိနေတယ်လို့ ကျွန်တော်တို့မှတ်ယူရမှာဖြစ်ပါတယ်။ ဖတ်ရှုပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ နောက်ထပ်ပြီးလည်း အခွင့်သင့်ရင်သင့်သလို အခုလိုမျိုးပို့စ်လေးတွေကို ပေ့ချ်မှာတင်ဆက်ပေးသွားပါ့မယ်။ Adidas ချစ်သူများအားလုံး သာယာတဲ့နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Yan

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။