[Zawgyi]

XZ Series ေတြကို Sony မိတ္ဆက္ခဲ့တာ အခုဆိုရင္ XZ2 အထိေရာက္ေနပါၿပီ။ ေနာက္ထပ္ Sony ရဲ႕ Flagship ျဖစ္လာမယ့္ XZ3 နဲ႔ပတ္သက္တဲ့ သတင္းေတြ ထြက္လာပါၿပီ။ Dual Camera ကိုေတာ့ XZ2 Premium မွာမိတ္ဆက္ေပးခဲ့ၿပီးသားျဖစ္တာေၾကာင့္ XZ3 မွာေတာ့ ဆက္ၿပီးပါလာမယ္ဆုိတာေသခ်ာေနပါတယ္။ 

GFXBench

ဒါေပမယ့္ အခုသတင္းေပါက္လာတာကေတာ့ Benchmark Website တစ္ခုမွာေတြ႕ရတဲ့ Sony Model တစ္ခုေၾကာင့္ပါ။ H8416 လို႔ေပးထားတဲ့ Sony ဖုန္းတစ္လံုးက GFXBench ရဲ႕ Website မွာ Benchmark လုပ္ထားတာ ေတြ႕ရပါတယ္။ Benchmark စာရင္းထဲက Specification ေတြအရ Camera တစ္လံုးပဲ ပါတဲ့ Sony ဖုန္းဆိုတာ ေသခ်ာေနပါတယ္။ ပါလာတဲ့ Camera ကလည္း 47MP အထိရွိေနပါတယ္။ Sony က မၾကာေသးခင္က မိတ္ဆက္ေပးထားတဲ့ 48MP IMX568 Sensor ကလည္း ရွိေနေပမယ့္ အခုလို 47MP ကိုေတြ႕ရတာေတာ့ စိတ္ဝင္စားစရာပါ။ 

Leaked Render of XZ3

47MP ဆိုေပမယ့္ လက္ရွိေစ်းကြက္ထဲမွာဝယ္လို႔ရေနတဲ့ Huawei P20 Pro မွာပါတဲ့ 40MP Lens ထက္ေတာ့ ပိုမ်ားေနပါေသးတယ္။ တကယ့္လက္ေတြ႕မွာေတာ့ သိသိသာသာကြာႏိုင္မလားဆိုတာလည္း စိတ္ဝင္စားစရာပါ။ Sony အေနနဲ႔ေတာ့ Dual Camera ကို Premium ဖုန္းေတြမွာပဲ ထည့္ေပးဦးမလားဆိုတာလည္း မေသခ်ာေသးပါဘူး။ လက္ရွိထုတ္ေနတဲ့အတိုင္းဆိုရင္ေတာ့ XZ ၊ XZ Compact နဲ႔ XZ Premium ဆိုၿပီး သံုးမ်ိဳးထုတ္ေနပါတယ္။ 

Leaked Render of XZ3

Leaked Render of XZ3

Leak ေတြကေတာ့ ဆက္တိုက္ထြက္ေနမွာျဖစ္သလို Leak ထားတဲ့ အခ်က္အလက္ေတြအားလံုးကလည္း တကယ္ဖုန္းထြက္လာတဲ့အခ်ိန္မွာေတာ့ အားလံုးအတိအက်မဟုတ္တာ ျဖစ္ေနက် ကိစၥတစ္ခုပါ။ အခု Leak ေတြမွာပါေနတဲ့ အခ်က္ေတြကလည္း မွားေကာင္းမွားေနႏိုင္ပါေသးတယ္။ Camera တစ္လံုးတည္းမဟုတ္ဘဲ Dual Camera ကို XZ ဖုန္းေတြမွာပါ ထည့္ေပးလာႏိုင္ပါတယ္။ Dual Camera နဲ႔ပတ္သက္လို႔ေတာ့ ေနာက္ထပ္ထြက္လာမယ့္ သတင္းေပါက္တာေတြကိုပဲ ေစာင့္ၾကည့္ရမွာပါ။ Sony ကေတာ့ လာမယ့္ ၾသဂုတ္လ ၃၀ ရက္ေန႔မွာ ပြဲတစ္္ခုလုပ္ဖို႔ရွိေနတာေၾကာင့္ XZ3 ကို ေမွ်ာ္ေနတဲ့ ပရိသတ္အတြက္ ေစာင့္ၾကည့္ရမယ့္ ပြဲတစ္ခုပါပဲ။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Sony Xperia XZ3 နဲ့ပတ်သက်တဲ့ သတင်းအစအနတွေ ထွက်လာပြီ

XZ Series တွေကို Sony မိတ်ဆက်ခဲ့တာ အခုဆိုရင် XZ2 အထိရောက်နေပါပြီ။ နောက်ထပ် Sony ရဲ့ Flagship ဖြစ်လာမယ့် XZ3 နဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်လာပါပြီ။ Dual Camera ကိုတော့ XZ2 Premium မှာမိတ်ဆက်ပေးခဲ့ပြီးသားဖြစ်တာကြောင့် XZ3 မှာတော့ ဆက်ပြီးပါလာမယ်ဆိုတာသေချာနေပါတယ်။ 

GFXBench

ဒါပေမယ့် အခုသတင်းပေါက်လာတာကတော့ Benchmark Website တစ်ခုမှာတွေ့ရတဲ့ Sony Model တစ်ခုကြောင့်ပါ။ H8416 လို့ပေးထားတဲ့ Sony ဖုန်းတစ်လုံးက GFXBench ရဲ့ Website မှာ Benchmark လုပ်ထားတာ တွေ့ရပါတယ်။ Benchmark စာရင်းထဲက Specification တွေအရ Camera တစ်လုံးပဲ ပါတဲ့ Sony ဖုန်းဆိုတာ သေချာနေပါတယ်။ ပါလာတဲ့ Camera ကလည်း 47MP အထိရှိနေပါတယ်။ Sony က မကြာသေးခင်က မိတ်ဆက်ပေးထားတဲ့ 48MP IMX568 Sensor ကလည်း ရှိနေပေမယ့် အခုလို 47MP ကိုတွေ့ရတာတော့ စိတ်ဝင်စားစရာပါ။ 

Leaked Render of XZ3

47MP ဆိုပေမယ့် လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရနေတဲ့ Huawei P20 Pro မှာပါတဲ့ 40MP Lens ထက်တော့ ပိုများနေပါသေးတယ်။ တကယ့်လက်တွေ့မှာတော့ သိသိသာသာကွာနိုင်မလားဆိုတာလည်း စိတ်ဝင်စားစရာပါ။ Sony အနေနဲ့တော့ Dual Camera ကို Premium ဖုန်းတွေမှာပဲ ထည့်ပေးဦးမလားဆိုတာလည်း မသေချာသေးပါဘူး။ လက်ရှိထုတ်နေတဲ့အတိုင်းဆိုရင်တော့ XZ ၊ XZ Compact နဲ့ XZ Premium ဆိုပြီး သုံးမျိုးထုတ်နေပါတယ်။ 

Leaked Render of XZ3

Leaked Render of XZ3

Leak တွေကတော့ ဆက်တိုက်ထွက်နေမှာဖြစ်သလို Leak ထားတဲ့ အချက်အလက်တွေအားလုံးကလည်း တကယ်ဖုန်းထွက်လာတဲ့အချိန်မှာတော့ အားလုံးအတိအကျမဟုတ်တာ ဖြစ်နေကျ ကိစ္စတစ်ခုပါ။ အခု Leak တွေမှာပါနေတဲ့ အချက်တွေကလည်း မှားကောင်းမှားနေနိုင်ပါသေးတယ်။ Camera တစ်လုံးတည်းမဟုတ်ဘဲ Dual Camera ကို XZ ဖုန်းတွေမှာပါ ထည့်ပေးလာနိုင်ပါတယ်။ Dual Camera နဲ့ပတ်သက်လို့တော့ နောက်ထပ်ထွက်လာမယ့် သတင်းပေါက်တာတွေကိုပဲ စောင့်ကြည့်ရမှာပါ။ Sony ကတော့ လာမယ့် သြဂုတ်လ ၃၀ ရက်နေ့မှာ ပွဲတစ်ခုလုပ်ဖို့ရှိနေတာကြောင့် XZ3 ကို မျှော်နေတဲ့ ပရိသတ်အတွက် စောင့်ကြည့်ရမယ့် ပွဲတစ်ခုပါပဲ။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။