မနေ့တနေ့တုန်းက Dota Underlords ဂိမ်းသစ်ကို Valve “Trademark” တင်လိုက်ပြီဆိုတဲ့ သတင်းထွက်ထွက်ချင်းမှာပဲ MOBA Title မှာ သရဖူဆောင်းမြဲဆောင်းနေဖို့ LOL Mobile Version ကိုပါ ထုတ်ပေးတော့မယ်လို့ သိလိုက်ရပြီဖြစ်ပါတယ်။

Photo: Game Spot)

ခိုင်မာတဲ့ Source အရ ဖော်ပြထားတာတော့ LOL ကို iOS နဲ့ Android ၂ မျိုးလုံးတွက်ထုတ်ပေးသွားမှာဖြစ်ပြီး Developer “Riot Games” ရဲ့ Parent Company “Tencent Games” က ဖန်တီးသွားမယ်ဆိုပါတယ်။ Reuters မှာတော့ ဒီသတင်းဟာ အမှန်တကယ်တမ်းတော့ Official မဟုတ်သေးပေမယ့် Tencent ကိုင်တွယ်နေတဲ့ PUBG Mobile ၊ Arena of Valor ဂိမ်းတွေအရ LOL ထွက်လာနိုင်တယ်လို့ သုံးသပ်ရတာဖြစ်ပါတယ်။

Photo: Dual Shockers

သတင်းဟောင်းတွေအရဆိုရင်လည်း Mobile ဂိမ်းထုတ်ဖို့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက ပြင်ဆင်နေခဲ့တာဖြစ်ပေမယ့် LOL ထုတ်ဖို့ Tencent Proposal တင်တာကို ပယ်ချခဲ့တယ်ဆိုပါတယ်။ အဲ့ချိန်မှာ Mobile Lengeds ၊ Arena of Valor ၊ Vain Glory လို MOBA ဂိမ်းတွေခေတ်စားနေပေမယ့် Riot Games အနေနဲ့ စိတ်ဝင်စားဟန်မတူပါဘူး။

LOL K-pop Band (Vox Cdn)

နောက်ပြီး PC ပေါ်ကစားသူဦးရေ အများဆုံးဖြစ်နေတဲ့ LOL စံချိန်ကြောင့် Control Scheme အဆင်မပြေတဲ့ Mobile ကို အာရုံစိုက်ချင်တဲ့ ပုံမပေါ်ခဲ့ပါဘူး။ ဒါပေမယ့် Dota 2 Mobile Version ထွက်လာမယ်လို့ သတင်းလည်းကြားရော ကမန်းကတန်း ပြင်ဆင်လိုက်ဟန်တူပါတယ်။ အဲ့ဒါကြောင့် Reuters အနေနဲ့ Official မဖြစ်လောက်ဘူးလို့ သုံးသပ်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲပြောပြော ML တို့မပေါ်ခင် တခေတ်တခါကတည်းက လူကြိုက်များခဲ့တဲ့ LOL ၊ Dota 2 ကို Mobile Version ထုတ်မယ်ဆိုရင်တော့ ဘယ်သူမဆို Welcome ကျမှာအမှန်ပါ။ သတင်းတွေအရဆိုရင်တော့ LOL ကို ဒီနှစ်ကုန်တဲ့အထိ မြင်ရဖို့မရှိသေးပါဘူး၊

Riot Games အနေနဲ့ Mobile Game Title မပေးထားသေးသလို Gameplay ပိုင်းမှာ Arena of Valor နဲ့ ဆင်တူဖြစ်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။ နောက်ပြီး iOS နဲ့ Android အတွက် Exclusive အနေနဲ့ ထွက်လာမလား မပြောတတ်ပေမယ့် ဖြစ်နိုင်ချေက ၉၀% အထက်ရှိနေပါတယ်။ Cross Platform ရရင် ပိုကောင်းတယ်ဆိုမယ့် အခုချိန်မှာ ပုရွက်ဆိတ်ဖင်လောက်ပဲ သိရသေးတာမလို့ အရမ်းတော့ရင်မခုန်ကျပါသေးနဲ့ဦး။

Source: Games Radar
2B (Akhayar)
www.akhayar.com