[Zawgyi]



မန်စီးတီး ၂ – ၀ ဖူလ်ဟမ်

Brahim-Díaz

Brahim-Díaz


QUARTER-FINAL DRAW

Arsenal v Tottenham

Chelsea v Bournemouth



Photo: Man City Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လိဂ်ဖလားကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ မန်စီးတီး

ရလဒ်ကောင်းတွေ ပုံမှန်လေးရယူနေတဲ့ မန်စီးတီးအသင်းဟာ လိဂ်ဖလားမှာလည်း ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာ ( ၂ – ၀ )နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီနှစ် လိဂ်ဖလားကွာတားဖိုင်နယ်အဆင့်ကို အသင်းကြီးအများစုတက်ရောက်နိုင်တာကြောင့် ပွဲကောင်းတွေကို မြင်တွေ့ရဖို့ရှိနေပါတယ်။

မန်စီးတီး ၂ – ၀ ဖူလ်ဟမ်

Brahim-Díaz

Brahim-Díaz

မန်စီးတီးအသင်းဟာ ဒီပွဲမှာ အဓိကကစားသမား ၊ အရန်ကစားသမားနဲ့ လူငယ်ကစားသမားတွေကို အချိုးကျရောစပ်ပြီး ပွဲထွက်လာခဲ့ကြပါတယ်။ မန်စီးတီးအသင်းအတွက် ဒီပွဲဟာ သိပ်ပြီး ဖိအားမရှိခဲ့သလို ပြိုင်ဘက်ကိုလည်း အေးဆေးအသာယူပြီး ကစားသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ မန်စီးတီးအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား ဘရာဟင် ဒီယက်ဇ် Brahim Diaz ကခြေစွမ်းပြကစားနိုင်ခဲ့ပြီး ရရှိခဲ့တဲ့ အခွင့်အရေးတွေကိုလည်း သွင်းဂိုးတွေအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ မန်စီးတီးအသင်းရရှိခဲ့တဲ့ သွင်းဂိုး(၂)ဂိုးလုံးကို ဘရာဟင် ဒီယက်ဇ် က ပွဲချိန်(၁၈)နဲ့ (၆၅)မိနစ်တွေမှာ သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။

QUARTER-FINAL DRAW

Arsenal v Tottenham

Chelsea v Bournemouth

Leicester/Southampton v Manchester City

Middlesbrough v Burton

Photo: Man City Twitter
Ko Kyue(Akhayar)
www.akhayar.com