[Zawgyi]

အသင္းၾကီးေတြ ရလဒ္ေကာင္းခဲ႔တဲ႔ လိဂ္ဖလား စတုတၳအဆင္႔ပြဲစဥ္မ်ား

လိဂ္ဖလား စတုတၳအဆင္႔ပြဲစဥ္ေတြမွာေတာ႔ အသင္းၾကီးေတြရလဒ္ေကာင္းရယူႏိုင္ခဲ႔ၾကပါတယ္။ ရလဒ္ေကာင္းရယူႏိုင္ခဲ႔တဲ႔ အသင္းေတြဟာ လန္ဒန္ကလပ္အသင္းေတြျဖစ္ၾကတဲ႔ အာဆင္နယ္ ၊ ခ်ယ္လ္ဆီး နဲ႔ စပါး တို႔ျဖစ္ေနတာကလည္း ထူးျခားမႈတစ္ခုလို႔ ေျပာရမွာပါ။

အာဆင္နယ္ ၂ – ၁ ဘလက္ပူးလ္

Arsenal

Arsenal

အာဆင္နယ္အသင္းဟာ ဒီပြဲကို အရန္ကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာခဲ႔ေပမယ္႔ ပြဲကိုအသာစီးကစားႏိုင္ခဲ႔ပါတယ္။ ပြဲခ်ိန္(၃၃)မိနစ္မွာေတာ႔ အာဆင္နယ္အသင္း ဦးေဆာင္ဂိုးရရိွခဲ႔ျပီး ဂြမ္ဒိုဇီ Guendouzi ရဲ႕ ဖန္တီးမႈကေန လစ္ခ်္စတိုင္နာ Lichtsteiner က ေျပး၀င္ပိတ္သြင္းယူခဲ႔တာပါ။ အာဆင္နယ္အသင္းအတြက္ ဒုတိယဂိုးကိုေတာ႔ ပြဲခ်ိန္မိနစ္(၅၀)မွာ Smith Rowe ကသြင္းယူခဲ႔တာျဖစ္ပါတယ္။ ပြဲခ်ိန္(၅၆)မိနစ္မွာေတာ႔ အာဆင္နယ္ကြင္းလယ္လူ ဂြမ္ဒိုဇီ ႏွစ္၀ါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ႔ရတာေၾကာင္႔ အာဆင္နယ္အသင္းဟာ အႏိုင္ရလဒ္ကိုထိန္းဖို႔ပဲ ပိုအာ႐ံုစိုက္ကစားခဲ႔ပါတယ္။ ပြဲခ်ိန္(၆၆)မိနစ္မွာေတာ႔ ဘလက္ပူးလ္အသင္းေခ်ပဂိုးရရိွခဲ႔ျပီး O’Connor က ေထာင္႔ကန္ေဘာကေန ေခါင္းတိုက္သြင္းယူခဲ႔တာျဖစ္ပါတယ္။

ခ်ယ္လ္ဆီး ၃ – ၂ ဒါဘီ

Chelsea

Chelsea

ခ်ယ္လ္ဆီးနဲ႔ လမ္းပတ္ Lampard တို႔ ေတြ႔ဆံုတဲ႔ ပြဲစဥ္ကေတာ႔ စိတ္၀င္စားစရာေကာင္းခဲ႔ျပီး အျပန္အလွန္ထိုးေဖာက္မႈေတြနဲ႔ ျမိဳင္ဆိုင္ခဲ႔ပါတယ္။ ပြဲဟာ ပထမပိုင္းမွာတင္ ( ၃ – ၂ )ဆိုတဲ႔ရလဒ္ထြက္ေပၚခဲ႔တာျဖစ္ျပီး ဒုတိယပိုင္းမွာ ႏွစ္ဖက္အသင္းဂိုးသမားေတြရဲ႕ လက္စြမ္းျပကာကြယ္မႈေတြေၾကာင္႔သာ သြင္းဂိုးေတြကိုထပ္မေတြ႕ရေတာ႔တာပါ။ ဒါဘီအသင္းေပးလိုက္ရတဲ႔ (၃)ဂိုးမွာ (၂)ဂိုးက OG ေတြျဖစ္ေနတာကလည္း လမ္းပတ္အတြက္ ကံဆိုးမႈတစ္ခုလို႔ပဲေျပာရမွာပါ။ ပြဲခ်ိန္(၅)နဲ႔(၂၁)မိနစ္ေတြမွာ ဒါဘီကစားသမားေတြျဖစ္ၾကတဲ႔ Tomori နဲ႔ Keogh တို႔က OG ေတြသြင္းယူခဲ႔ၾကတာျဖစ္ျပီး ခ်ယ္လ္ဆီးအတြက္ အႏိုင္ဂိုးကိုေတာ႔ ပြဲခ်ိန္(၄၁)မိနစ္မွာ ဖာဘရီဂတ္စ္ Fàbregas ကသြင္းယူခဲ႔တာျဖစ္ပါတယ္။ ဒါဘီအသင္းအတြက္ ေခ်ပဂိုး(၂)ဂိုးကိုေတာ႔ ပြဲခ်ိန္(၉)နဲ႔(၂၇)မိနစ္ေတြမွာ Marriott နဲ႔ Waghorn တို႔ကသြင္းယူခဲ႔ၾကပါတယ္။

လိဂ္ဖလား စတုတၳအဆင္႔ပြဲစဥ္ ရလဒ္မ်ား

West Ham United 1 – 3 Tottenham Hotspur
Chelsea 3 – 2 Derby County
Arsenal 2 – 1 Blackpool
Middlesbrough 1 – 0 Crystal Palace

Photo: Arsenal Twitter , Chelsea Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အသင်းကြီးတွေ ရလဒ်ကောင်းခဲ့တဲ့ လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်များ

လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေရလဒ်ကောင်းရယူနိုင်ခဲ့ကြပါတယ်။ ရလဒ်ကောင်းရယူနိုင်ခဲ့တဲ့ အသင်းတွေဟာ လန်ဒန်ကလပ်အသင်းတွေဖြစ်ကြတဲ့ အာဆင်နယ် ၊ ချယ်လ်ဆီး နဲ့ စပါး တို့ဖြစ်နေတာကလည်း ထူးခြားမှုတစ်ခုလို့ ပြောရမှာပါ။

အာဆင်နယ် ၂ – ၁ ဘလက်ပူးလ်

Arsenal

Arsenal

အာဆင်နယ်အသင်းဟာ ဒီပွဲကို အရန်ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပေမယ့် ပွဲကိုအသာစီးကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်(၃၃)မိနစ်မှာတော့ အာဆင်နယ်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဂွမ်ဒိုဇီ Guendouzi ရဲ့ ဖန်တီးမှုကနေ လစ်ချ်စတိုင်နာ Lichtsteiner က ပြေးဝင်ပိတ်သွင်းယူခဲ့တာပါ။ အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန်မိနစ်(၅၀)မှာ Smith Rowe ကသွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၅၆)မိနစ်မှာတော့ အာဆင်နယ်ကွင်းလယ်လူ ဂွမ်ဒိုဇီ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် အာဆင်နယ်အသင်းဟာ အနိုင်ရလဒ်ကိုထိန်းဖို့ပဲ ပိုအာရုံစိုက်ကစားခဲ့ပါတယ်။ ပွဲချိန်(၆၆)မိနစ်မှာတော့ ဘလက်ပူးလ်အသင်းချေပဂိုးရရှိခဲ့ပြီး O’Connor က ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး ၃ – ၂ ဒါဘီ

Chelsea

Chelsea

ချယ်လ်ဆီးနဲ့ လမ်းပတ် Lampard တို့ တွေ့ဆုံတဲ့ ပွဲစဉ်ကတော့ စိတ်ဝင်စားစရာကောင်းခဲ့ပြီး အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ ပွဲဟာ ပထမပိုင်းမှာတင် ( ၃ – ၂ )ဆိုတဲ့ရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ နှစ်ဖက်အသင်းဂိုးသမားတွေရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့်သာ သွင်းဂိုးတွေကိုထပ်မတွေ့ရတော့တာပါ။ ဒါဘီအသင်းပေးလိုက်ရတဲ့ (၃)ဂိုးမှာ (၂)ဂိုးက OG တွေဖြစ်နေတာကလည်း လမ်းပတ်အတွက် ကံဆိုးမှုတစ်ခုလို့ပဲပြောရမှာပါ။ ပွဲချိန်(၅)နဲ့(၂၁)မိနစ်တွေမှာ ဒါဘီကစားသမားတွေဖြစ်ကြတဲ့ Tomori နဲ့ Keogh တို့က OG တွေသွင်းယူခဲ့ကြတာဖြစ်ပြီး ချယ်လ်ဆီးအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန်(၄၁)မိနစ်မှာ ဖာဘရီဂတ်စ် Fàbregas ကသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါဘီအသင်းအတွက် ချေပဂိုး(၂)ဂိုးကိုတော့ ပွဲချိန်(၉)နဲ့(၂၇)မိနစ်တွေမှာ Marriott နဲ့ Waghorn တို့ကသွင်းယူခဲ့ကြပါတယ်။

လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ် ရလဒ်များ

West Ham United 1 – 3 Tottenham Hotspur
Chelsea 3 – 2 Derby County
Arsenal 2 – 1 Blackpool
Middlesbrough 1 – 0 Crystal Palace

Photo: Arsenal Twitter , Chelsea Twitter
Ko Kyue(Akhayar)
www.akhayar.com