[Zawgyi]

လီဗာပူးလ္နဲ႔ ခ်ယ္လ္ဆီးတို႔ ထိပ္တိုက္ေတြ႕ဆံုေနတဲ႔ လိဂ္ဖလားတတိယအဆင္႔ပြဲစဥ္

လိဂ္ဖလား တတိယအဆင္႔ပြဲစဥ္ေတြမွာေတာ႔ အသင္းၾကီးေတြရဲ႕ ပြဲစဥ္ေတြပါ၀င္ေနျပီး ဒီအထဲမွာ လီဗာပူးလ္နဲ႔ ခ်ယ္လ္ဆီးတို႔ ပြဲစဥ္ပါ ပါ၀င္ေနတာေၾကာင္႔ စိတ္၀င္စားဖို႔ေကာင္းေနတာကေတာ႔ အမွန္ပါပဲ။

အာဆင္နယ္ ႏွင္႔ ဘရန္႔ဖို႔ဒ္ ( ၾကာသပေတး မနက္ ၁း၁၅ နာရီ)

Arsenal

Arsenal

အာဆင္နယ္အသင္းကေတာ႔ သူတို႔ရဲ႕ထံုးစံအတိုင္း လူငယ္ေတြနဲ႔႔ပဲ ပြဲထြက္လာမွာပါ။ အာဆင္နယ္ဟာ လက္ရိွမွာ ပံုစံေကာင္းရေနျပီး အိမ္ကြင္းမွာလည္း ကစားရမွာျဖစ္တာေၾကာင္႔ ဘရန္႔ဖို႔ဒ္အေနနဲ႔ ခက္ခဲမွာကေတာ႔ ေသခ်ာေနပါတယ္။ အာဆင္နယ္ အႏိုင္ေသခ်ာတဲ႔ပြဲျဖစ္ျပီး အနိမ္႔ဆံုး(၂)ဂိုးျပတ္ႏိုင္ပါလိမ္႔မယ္။

လီဗာပူးလ္ ႏွင္႔ ခ်ယ္လ္ဆီး ( ၾကာသပေတး မနက္ ၁း၁၅ နာရီ)

Liverpool-Vs-Chelsea

Liverpool-Vs-Chelsea

ပရီးမီးယားလိဂ္ မတိုင္ခင္ေတြ႕တဲ႔ပြဲပဲ ျဖစ္ပါတယ္။ လက္ရိွမွာ ႏွစ္သင္းလံုးဟာ ပံုစံေကာင္းမွာရိွေနတာေၾကာင္႔ ပြဲေကာင္းတစ္ပြဲျဖစ္လာမွာကေတာ႔ ေသခ်ာပါတယ္။ လိဂ္ဖလားပြဲစဥ္ျဖစ္တာေၾကာင္႔ ႏွစ္သင္းလံုးအေနနဲ႔ လူစံုပြဲထြက္လာဖို႔ကေတာ႔ ခက္ခဲပါလိမ္႔မယ္။ လီဗာပူးလ္အိမ္ကြင္း ျဖစ္ေနေပမယ္႔ ခ်ယ္လ္ဆီးအသင္းရဲ႕ မာေက်ာပံုေၾကာင္႔ မိနစ္(၉၀)အတြင္း အေျဖထြက္ဖို႔ခက္ပါလိမ္႔မယ္။ ပယ္နယ္တီအထိေရာက္သြားႏိုင္ပါတယ္။

စပါး ႏွင္႔ ၀က္ဖို႔ဒ္ ( ၾကာသပေတး မနက္ ၁း၃၀ နာရီ)

Tottenham-Hotspur-Vs-Watford

Tottenham-Hotspur-Vs-Watford

ႏွစ္သင္းလံုးဟာ ေျခစြမ္းပိုင္းမာေက်ာတဲ႔ အသင္းေတြျဖစ္ၾကျပီး ၀က္ဖို႔ဒ္အသင္းကေတာ႔ မန္ယူကို ရံႈးျပီးေနာက္ပိုင္းမွာ ေျခစြမ္း အနည္းငယ္က်သြားတာကို ေတြ႕ရပါတယ္။ အႏိုင္ရလဒ္အတြက္ အိမ္ရွင္စပါးအသင္းကိုပဲ ေရြးခ်ယ္ရမွာျဖစ္ျပီး ႏွစ္သင္းေပါင္းသြင္းဂိုးကေတာ႔ နည္းဖုိ႔ရိွပါတယ္။

လိဂ္ဖလား တတိယအဆင္႔ပြဲစဥ္မ်ား

Arsenal Vs Brentford
West Ham Vs Macclesfield Town
Liverpool Vs Chelsea
Nottingham Forest Vs Stoke City
Tottenham Hotspur Vs Watford

Photo: RealSport , The Liverpool Offside – SB Nation , Squawka , Cartilage Free Captain
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ လိဂ်ဖလားတတိယအဆင့်ပွဲစဉ်

လိဂ်ဖလား တတိယအဆင့်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေရဲ့ ပွဲစဉ်တွေပါဝင်နေပြီး ဒီအထဲမှာ လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ ပွဲစဉ်ပါ ပါဝင်နေတာကြောင့် စိတ်ဝင်စားဖို့ကောင်းနေတာကတော့ အမှန်ပါပဲ။

အာဆင်နယ် နှင့် ဘရန့်ဖို့ဒ် ( ကြာသပတေး မနက် ၁း၁၅ နာရီ)

Arsenal

Arsenal

အာဆင်နယ်အသင်းကတော့ သူတို့ရဲ့ထုံးစံအတိုင်း လူငယ်တွေနဲ့ပဲ ပွဲထွက်လာမှာပါ။ အာဆင်နယ်ဟာ လက်ရှိမှာ ပုံစံကောင်းရနေပြီး အိမ်ကွင်းမှာလည်း ကစားရမှာဖြစ်တာကြောင့် ဘရန့်ဖို့ဒ်အနေနဲ့ ခက်ခဲမှာကတော့ သေချာနေပါတယ်။ အာဆင်နယ် အနိုင်သေချာတဲ့ပွဲဖြစ်ပြီး အနိမ့်ဆုံး(၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

လီဗာပူးလ် နှင့် ချယ်လ်ဆီး ( ကြာသပတေး မနက် ၁း၁၅ နာရီ)

Liverpool-Vs-Chelsea

Liverpool-Vs-Chelsea

ပရီးမီးယားလိဂ် မတိုင်ခင်တွေ့တဲ့ပွဲပဲ ဖြစ်ပါတယ်။ လက်ရှိမှာ နှစ်သင်းလုံးဟာ ပုံစံကောင်းမှာရှိနေတာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာကတော့ သေချာပါတယ်။ လိဂ်ဖလားပွဲစဉ်ဖြစ်တာကြောင့် နှစ်သင်းလုံးအနေနဲ့ လူစုံပွဲထွက်လာဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ လီဗာပူးလ်အိမ်ကွင်း ဖြစ်နေပေမယ့် ချယ်လ်ဆီးအသင်းရဲ့ မာကျောပုံကြောင့် မိနစ်(၉၀)အတွင်း အဖြေထွက်ဖို့ခက်ပါလိမ့်မယ်။ ပယ်နယ်တီအထိရောက်သွားနိုင်ပါတယ်။

စပါး နှင့် ဝက်ဖို့ဒ် ( ကြာသပတေး မနက် ၁း၃၀ နာရီ)

Tottenham-Hotspur-Vs-Watford

Tottenham-Hotspur-Vs-Watford

နှစ်သင်းလုံးဟာ ခြေစွမ်းပိုင်းမာကျောတဲ့ အသင်းတွေဖြစ်ကြပြီး ဝက်ဖို့ဒ်အသင်းကတော့ မန်ယူကို ရှုံးပြီးနောက်ပိုင်းမှာ ခြေစွမ်း အနည်းငယ်ကျသွားတာကို တွေ့ရပါတယ်။ အနိုင်ရလဒ်အတွက် အိမ်ရှင်စပါးအသင်းကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး နှစ်သင်းပေါင်းသွင်းဂိုးကတော့ နည်းဖို့ရှိပါတယ်။

လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ

Arsenal Vs Brentford
West Ham Vs Macclesfield Town
Liverpool Vs Chelsea
Nottingham Forest Vs Stoke City
Tottenham Hotspur Vs Watford

Photo: RealSport , The Liverpool Offside – SB Nation , Squawka , Cartilage Free Captain
Ko Kyue(Akhayar)
www.akhayar.com