[Zawgyi]




Man-City

Man-City



Manchester-United

Manchester-United



Burton Vs Burnley
Wycombe Vs Norwich
Millwall Vs Fulham
Blackpool Vs QPR

Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်စီးတီးနဲ့ မန်ယူတို့ ရလဒ်ကောင်းဖို့ရှိတဲ့ လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ

ဒီတစ်ပတ်ရဲ့ ကြားရက်ထဲမှာလည်း ဥရောပဘောလုံးပွဲတွေဟာ ပရိသတ်တွေအတွက် အသင့်ရှိနေပါတယ်။ အင်္ဂလန်မြေမှာတော့ လိဂ်ဖလားပွဲတွေကို ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး မန်စီးတီးနဲ့ မန်ယူတို့ ရလဒ်ကောင်းဖို့ရှိနေကြပါတယ်။

အောက်စ်ဖို့ဒ် နှင့် မန်စီးတီး ( ဗုဒ္ဓဟူးနေ့ မနက် ၁း၁၅ နာရီ )

Man-City

Man-City

လက်ရှိချန်ပီယံ မန်စီးတီးအသင်း နောက်တစ်ဆင့်တက်ဖို့ သေချာနေတဲ့ပွဲပါပဲ။ မန်စီးတီးအသင်းဟာ အရန်တွေနဲ့ပွဲထွက်လာမှာဖြစ်ပေမယ့် ဒီအနေအထားကိုတောင် အောက်စ်ဖို့ဒ်အနေနဲ့ ယှဉ်နိုင်ဖို့ကခက်ခဲပါတယ်။ အိမ်ကွင်းမှာ အောက်စ်ဖို့ဒ်အနေနဲ့ မထင်မှတ်တာတွေ လုပ်ပြမလား ဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။ မန်စီးတီးအနိုင်သေချာပြီး (၃)ဂိုးလောက်ပြတ်နိုင်ပါတယ်။

မန်ယူ နှင့် ဒါဘီ ( ဗုဒ္ဓဟူးနေ့ မနက် ၁း၃၀ နာရီ )

Manchester-United

Manchester-United

ဆရာတပည့်တွေဖြစ်ကြတဲ့ မော်ရင်ဟို Mourinho နဲ့ လမ်းပတ် Lampard တို့ရဲ့တွေ့ဆုံမှုဖြစ်တာကြောင့် စိတ်ဝင်စားဖို့ကောင်းနေတာကတော့ အမှန်ပါပဲ။ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်ယူအသင်းအနေနဲ့ ဖိအားတွေအောက်ကနေ ရုန်းထွက်နိုင်ဖို့အတွက် နိုင်ပွဲမဖြစ်မနေရယူနိုင်ဖို့ လိုအပ်နေပါတယ်။ နှစ်သင်းလုံးရဲ့ ခြေစွမ်းဟာထင်သလောက် အားရစရာမကောင်းသလို မန်ယူကွင်းလည်းဖြစ်နေတာကြောင့် အနိုင်ရလဒ်အတွက်တော့ မန်ယူအသင်းကိုပဲ ရွေးချယ်ရပါလိမ့်မယ်။ မန်ယူ (၂ – ၀ ) ဒါဘီ လောက်ဖြစ်နိုင်ပါတယ်။

လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ

Burton Vs Burnley
Wycombe Vs Norwich
Oxford United Vs Manchester City
Millwall Vs Fulham
Bournemouth Vs Blackburn Rovers
Preston North End Vs Middlesbrough
Wolverhampton Vs Leicester City
Blackpool Vs QPR
West Bromwich Vs Crystal Palace
Manchester United Vs Derby County

Photo: Evening Standard , NewIndianExpress , Premier League
Ko Kyue(Akhayar)
www.akhayar.com