[Zawgyi]

အသင်းကြီး အများစုရလဒ်ကောင်းဖို့ရှိနေတဲ့ လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်များ

ဒီတစ်ပတ်ရဲ့ ကြားရက်ထဲမှာတော့ လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားနေကြပါတယ်။ ဒီနေ့( ဗုဒ္ဓဟူး)ညမှာ ကစားမယ့် လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေရဲ့ ပွဲတွေပါဝင်နေပြီး ပွဲစဉ်တွေရဲ့ အနေအထားတွေအရ အသင်းကြီး အများစုရလဒ်ကောင်းဖို့ရှိနေပါတယ်။

ဝက်စ်ဟမ်း – စပါး ( ကြာသပတေးမနက် ၂း၁၅ နာရီ )

West-Ham-Vs-Spur

West-Ham-Vs-Spur

လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တာကြောင့် စိတ်ဝင်စားစရာကောင်းနေပြီး အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တစ်ပွဲကိုမြင်တွေ့ရနိုင်ပါတယ်။ နှစ်သင်းလုံးရဲ့ ခြေစွမ်းဟာလက်ရှိမှာ အကျဘက်ကိုရောက်နေပြီး စပါးအသင်းဟာလည်း ပွဲဆက်တွေများနေတာကြောင့် ပွဲပန်းမှုဒဏ်ကိုခံရဖို့ရှိနေပါတယ်။ မိနစ်(၉၀)အတွင်း အဖြေထွက်ဖို့ခက်ခဲနိုင်ပြီး ပယ်နယ်တီအထိရောက်သွားနိုင်ပါတယ်။

ချယ်လ်ဆီး – ဒါဘီ ( ကြာသပတေးမနက် ၂း၁၅ နာရီ )

Lampard

Lampard

ချယ်လ်ဆီးနဲ့ လမ်းပတ် Lampard တို့ရဲ့တွေ့ဆုံမှုဖြစ်ပြီး မန်ယူကိုကျော်ဖြတ်နိုင်ခဲ့တဲ့ လမ်းပတ် ချယ်လ်ဆီးကိုရော ကျော်ဖြတ်ပြနိုင်မလားဆိုတာစိတ်ဝင်စားစရာပါ။ ဒါပေမယ့် လက်ရှိမှာ ချယ်လ်ဆီးအသင်းဟာ အကောင်းဆုံးမှာရှိနေတာကြောင့် လမ်းပတ်ရဲ့ ဒါဘီအနေနဲ့ ရလဒ်ကောင်းရဖို့ကတော့ မလွယ်တဲ့အရာပါ။ ချယ်လ်ဆီးအသင်း အနိုင်သေချာတဲ့ပွဲမျိုးဖြစ်ပြီး ဂိုးပြတ်နိုင်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။

အာဆင်နယ် – ဘလက်ပူးလ် ( ကြာသပတေးမနက် ၂း၁၅ နာရီ )

Arsenal

Arsenal

အာဆင်နယ်အသင်းကတော့ ဒီပွဲမှာ ထုံးစံအတိုင်း အဓိကကစားသမားတွေနဲ့ အရန်ကစားသမားတွေကို ရောစပ်ပြီး ကစားလာမှာပါ။ ဒီပွဲမှာ အာဆင်နယ် အနိုင်သေချာပြီး နှစ်သင်းပေါင်းသွင်းဂိုးများနိုင်ပါတယ်။ အာဆင်နယ် ( ၃ – ၁ ) ဘလက်ပူးလ်လောက်ဖြစ်နိုင်ပါတယ်။

မစ်ဒယ်ဘရော့ – ခရစ္စတယ်ပဲလေ့စ် ( ကြာသပတေးမနက် ၂း၃၀ နာရီ )

အဝေးကွင်းဖြစ်ပေမယ့် ခရစ္စတယ်ပဲလေ့စ် ရှုံးဖို့မရှိပါဘူး။ ခရစ္စတယ်ပဲလေ့စ် နောက်တစ်ဆင့်ကို တက်သွားပါလိမ့်မယ်။

Photo: Evening Standard , Eurosport , FOX Sports Asia
Ko Kyue(Akhayar)
www.akhayar.com