[Zawgyi]

၀င္းဂါး Wenger မရဖူးေသးတဲ့ ဖလား၊ ဂြါဒီယိုလာ Guardiola ရဲ႕ပထမဆံုးဖလား

လိဂ္ဖလားဆိုတာ ပရီးမီးယားအသင္းႀကီးေတြအာ႐ုံသိပ္မစုိက္တဲ့ဖလားဆိုတာ တကယ္ဟုတ္ရဲ႕လား။ လိဂ္ဖလားရဲ႕ ခ်န္ပီယံဆုေၾကးဟာ ေပါင္သိန္းဂဏန္းသာရွိတာက အသင္းႀကီးတခ်ဳိ႕ရဲ႕ဒီၿပိဳင္ပြဲအေပၚတန္ဖိုးထား မႈကို ေလ်ာ့က်ေစတာမ်ားလား။ ခ်န္ပီယံျဖစ္ရင္ယူ႐ိုပါလိဂ္၀င္ခြင့္ရတာကေရာ ပရီးမီးယားလိ္ဂ္အသင္းႀကီးေတြ ကို မဆြဲေဆာင္ႏုိင္ဘူးလား။ လိဂ္ဖလားဟာ အလယ္အလတ္အသင္းေတြရဲ႕ ေရႊေရာင္အိပ္မက္သက္သက္ပဲ လား။

လိဂ္ဖလားၿပိဳင္ပြဲရဲ႕ ခ်န္ပီယံသမုိင္းကိုျပန္ၾကည့္လိုက္ရင္ အေအာင္ျမင္ဆံုးက လီဗာပူးလ္အသင္း၊ ခ်န္ပီယံရွစ္ႀကိမ္ပုိင္ဆုိင္ထားတယ္။ ဒုတိယအေအာင္ျမင္ဆံုးက မန္ခ်က္စတာယူႏုိက္တက္အသင္း၊ ခ်န္ပီယံငါးႀကိမ္ပိုင္ဆုိင္ထားတယ္။ ေနာက္ဆံုး(၃)ရာသီမွာ ဗိုလ္စြဲခဲ့တာ မန္ခ်က္စတာယူႏုိက္တက္၊ ခ်ယ္လ္ဆီး၊ မန္စီးတီးအသင္းေတြ၊ ဒီေတာ့ လိဂ္ဖလားကိုပရီးမီးယားလိဂ္အသင္းႀကီးေတြအာ႐ံုမစုိက္ဘူးဆုိတဲ့အဆိုဟာ မဟုတ္ပါဘူး။ ခ်န္ပီယံဆုေၾကးဆိုတာထက္ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ႏွစ္သိမ့္ဆုဖလား၊ ဂုဏ္သိကၡာဆုဖလားျဖစ္လာပါၿပီ။ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ေမွ်ာ္လင့္ခ်က္ကင္းမဲ့သြားခ်ိန္မွာ လိဂ္ဖလားဟာ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ေျဖေဆးပါပဲ။ ေနာက္ဆံုး (၁၂)ရာသီအတြင္း လိဂ္ဖလားဗိုလ္လုပြဲေတြကို ျပန္ၾကည့္ရင္ ၂၀၁၃ ခုႏွစ္မွာ ဆြမ္ဆီးနဲ႔ ဘရက္ဖို႔ဒ္တို႔ရဲ႕ပြဲကလြဲၿပီး က်န္ရာသီေတြမွာ ဗိုလ္လုပြဲတစ္ေနရာကို မန္ခ်က္စတာယူႏုိက္တက္၊ မန္စီးတီး၊ လီဗာပူးလ္၊ အာဆင္နယ္၊ စပါး၊ ခ်ယ္လ္ဆီးစတဲ့ ပရီးမီးယားလိဂ္ Big Six ေတြသာလႊမ္းမိုးထားပါတယ္။

ဒီရာသီမွာလည္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုဟာ မန္စီးတီးရဲ႕တစ္ဖက္သတ္လႊမ္းမိုးမႈေၾကာင့္ အက္ဖ္ေအနဲ႔ လိဂ္ဖလားေတြဆီ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ အာ႐ံုဟာၿပိဳက်လာပါတယ္။ အက္ဖ္ေအဖလားမွာ အာဆင္နယ္၊ မန္စီးတီးတို႔က မထင္မွတ္ဘဲၿပိဳင္ပြဲကုိေက်ာခုိင္းခဲ့ရေပမယ့္ က်န္ထိပ္သီးေတြက်န္ရစ္ေနဆဲပါပဲ။ လိဂ္ဖလားမွာဆုိရင္လည္း မန္စီးတီး၊ ခ်ယ္လ္ဆီး၊ အာဆင္နယ္၊ မန္ခ်က္စတာယူႏုိက္တက္တို႔ ေလးပြင့္ဆုိင္ ၿပိဳင္ပြဲျဖစ္လာမယ္လို႔ ထင္ခဲ့ရေပမယ့္ မန္ခ်က္စတာယူႏုိက္တက္က အသင္းငယ္ေလးဘရစၥတုိုးလ္ကို အံ့အားသင့္ဖြယ္အေရးနိမ့္ခဲ့လို႔  မန္စီးတီး၊ အာဆင္နယ္၊ ခ်ယ္လ္ဆီးတို႔ရဲ႕ သံုးပြင့္ဆုိင္ၿပိဳင္ပြဲျဖစ္သြားရတယ္။  ေနာက္ဆံုးဗို္လ္လုပြဲမွာ မန္စီးတီးနဲ႔ အာဆင္နယ္တုိ႔ ရင္ဆုိင္ေတြ႕ခဲ့တာပါပဲ။

အက္ဖ္ေအဖလားမွာ အေအာင္ျမင္ဆံုးအာဆင္နယ္ဟာ လိဂ္ဖလားမွာတစ္ႀကိမ္မွ ခ်န္ပီယံမျဖစ္ဖူးေသးတာ ထူးဆန္းပါတယ္။ လိဂ္ဖလားဗိုလ္လုပြဲကို အာဆင္နယ္က ၂၀၀၆-၀၇၊ ၂၀၁၀-၁၁ ေဘာလံုးရာသီေတြမွာ တက္ေရာက္ႏုိင္ခဲ့ေပမယ့္ ႏွစ္ႀကိမ္စလံုးဒုတိယလူအျဖစ္နဲ႔သာ ေက်နပ္ခဲ့ရတယ္။ အဲဒီအခ်ိန္ေတြတုန္းက အာဆင္နယ္ဟာ လိဂ္ဖလားကိုအမွန္တကယ္အာ႐ံုမစုိက္ခဲ့တာမ်ဳိးမဟုတ္ေပမယ့္ ဖလားလက္မဲ့ရာသီဆိုးကာလမွာ ကံတရားအရလြဲေခ်ာ္ခဲ့တာမ်ဳိးပါပဲ။ လက္ရွိအခ်ိန္မွာ အာဆင္နယ္အတြက္ လိဂ္ဖလားဟာအျဖစ္ႏုိင္ဆံုးဆုဖလားပံုစံျဖစ္ေနပါၿပီ။ ပရီးမီးယားလိဂ္ေမွ်ာ္လင့္ခ်က္ဟာ ကုန္ဆံုးသြားၿပီ။ ယူ႐ုိပါလိဂ္မွာ ေအစီမီလန္နဲ႔ပြဲက်ပ္ရင္ဆုိင္ရမယ္။ အက္ဖ္ေအက ထြက္လုိက္ရၿပီ။ ဒီေတာ့ လိဂ္ဖလားဟာ အာဆင္နယ္ရဲ႕ ဂုဏ္သိကၡာကယ္ဆယ္ပြဲပဲ။ အာဆင္နယ္နည္းျပ ၀င္းဂါးက ေနာက္ပိုင္းႏွစ္ေတြအတြင္းမွာ ပရိသတ္ေတြၿငိဳျငင္တာကို ခံလာရတယ္။ ရာထူးကထြက္ဖို႔လည္း အၿမဲလိုလိုဆႏၵျပခံရတယ္။ ဒီဖိအားေတြေၾကာင့္ ၀င္းဂါးဟာဖလားလက္မဲ့ရာသီဆုိးေတြနဲ႔ ရင္မဆုိင္ရေအာင္ အရင္ကထက္ပိုၿပီးအားထုတ္လာတာေတြ႕ရတယ္။ မႏွစ္တုန္းကအက္ဖ္ေအဖလားနဲ႔ ပရိသတ္ကို အာဆင္နယ္ႏွစ္သိမ့္ခဲ့သလို၊ လက္ရိွရာသီမွာလည္း လိဂ္ဖလားနဲ႔ ႏွစ္သိမ့္ဖို႔ ႀကိဳးစားပါဦးမယ္။ဂြါဒီယိုလာအတြက္လည္း လိဂ္ဖလားဟာဂုဏ္သိကၡာတုိက္ပြဲတစ္ခုပဲ။ အသင္းကို ႏွစ္ရာသီအတြင္းသူ႕စိတ္တုိင္းက် ျပင္ဆင္ထားၿပီးခ်ိန္မွာ ဆုဖလားေအာင္ျမင္မႈကို မန္စီးတီးအသင္းဆီ အျမန္ဆံုးေဆာင္ယူလာေပးဖို႔ လိုေနပါၿပီ။ ပရီးမီးယားလိဂ္ဖလားကို မန္စီးတီးပိုင္ဆုိင္ခြင့္ နီးစပ္ေနၿပီဆုိေပမယ့္ လိဂ္ဖလားဟာ ဂြါဒီယိုလာအတြက္ေစ်းဦးေပါက္ဖလားျဖစ္ေနလို႔ လက္လႊတ္ခံမွာမဟုတ္ပါဘူး။

ပြဲႀကိဳသံုးသပ္ခ်က္

ႏွစ္သင္းစလံုးအဓိကကစားသမားေတြ ဒဏ္ရာကင္းစင္စံုလင္ေနတယ္။ အာဆင္နယ္မွာ အိုေဇးလ္ Ozil၊ ရမ္ေဆး Ramsay တို႔ျပန္လည္ပါ၀င္လာမယ္။ ၀ဲလ္႐ိႈင္းယား Wilshere ကအေကာင္းဆံုးေျခစြမ္းျပေနတယ္။ ဒါေပမဲ့ မန္စီးတီးကြင္းလယ္ရဲ႕ Creativity က အာဆင္နယ္ထက္ပိုၿပီးထက္ျမက္ပါတယ္။ မန္စီးတီးတုိက္စစ္အတြဲအဖက္က အသားက်ၿပီးသားျဖစ္လို႔ နားလည္မႈပိုအားေကာင္းတယ္။ အာဆင္နယ္တုိက္စစ္မွာ အူဘာမီယန္း Aubameyang က အဆံုးသတ္ေကာင္းေပမယ့္အသင္းနဲ႔ နားလည္မႈလိုအပ္ေနေသးတယ္။ ႏွစ္သင္းစလံုးရဲ႕ ခံစစ္အလုပ္႐ႈပ္ဦးမယ့္ပြဲမ်ဳိးျဖစ္တယ္။ အျပန္အလွန္ဂိုးေတြကို ျမင္ရႏုိင္တယ္။ မန္စီးတီး အႏုိင္ရမယ္။ ခ်န္ပီယံျဖစ္မယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

 

[Unicode]

ဝင်းဂါး Wenger မရဖူးသေးတဲ့ ဖလား၊ ဂွါဒီယိုလာ Guardiola ရဲ့ပထမဆုံးဖလား

လိဂ်ဖလားဆိုတာ ပရီးမီးယားအသင်းကြီးတွေအာရုံသိပ်မစိုက်တဲ့ဖလားဆိုတာ တကယ်ဟုတ်ရဲ့လား။ လိဂ်ဖလားရဲ့ ချန်ပီယံဆုကြေးဟာ ပေါင်သိန်းဂဏန်းသာရှိတာက အသင်းကြီးတချို့ရဲ့ဒီပြိုင်ပွဲအပေါ်တန်ဖိုးထား မှုကို လျော့ကျစေတာများလား။ ချန်ပီယံဖြစ်ရင်ယူရိုပါလိဂ်ဝင်ခွင့်ရတာကရော ပရီးမီးယားလိဂ်အသင်းကြီးတွေ ကို မဆွဲဆောင်နိုင်ဘူးလား။ လိဂ်ဖလားဟာ အလယ်အလတ်အသင်းတွေရဲ့ ရွှေရောင်အိပ်မက်သက်သက်ပဲ လား။

လိဂ်ဖလားပြိုင်ပွဲရဲ့ ချန်ပီယံသမိုင်းကိုပြန်ကြည့်လိုက်ရင် အအောင်မြင်ဆုံးက လီဗာပူးလ်အသင်း၊ ချန်ပီယံရှစ်ကြိမ်ပိုင်ဆိုင်ထားတယ်။ ဒုတိယအအောင်မြင်ဆုံးက မန်ချက်စတာယူနိုက်တက်အသင်း၊ ချန်ပီယံငါးကြိမ်ပိုင်ဆိုင်ထားတယ်။ နောက်ဆုံး(၃)ရာသီမှာ ဗိုလ်စွဲခဲ့တာ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီး၊ မန်စီးတီးအသင်းတွေ၊ ဒီတော့ လိဂ်ဖလားကိုပရီးမီးယားလိဂ်အသင်းကြီးတွေအာရုံမစိုက်ဘူးဆိုတဲ့အဆိုဟာ မဟုတ်ပါဘူး။ ချန်ပီယံဆုကြေးဆိုတာထက် ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ နှစ်သိမ့်ဆုဖလား၊ ဂုဏ်သိက္ခာဆုဖလားဖြစ်လာပါပြီ။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မျှော်လင့်ချက်ကင်းမဲ့သွားချိန်မှာ လိဂ်ဖလားဟာ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ဖြေဆေးပါပဲ။ နောက်ဆုံး (၁၂)ရာသီအတွင်း လိဂ်ဖလားဗိုလ်လုပွဲတွေကို ပြန်ကြည့်ရင် ၂၀၁၃ ခုနှစ်မှာ ဆွမ်ဆီးနဲ့ ဘရက်ဖို့ဒ်တို့ရဲ့ပွဲကလွဲပြီး ကျန်ရာသီတွေမှာ ဗိုလ်လုပွဲတစ်နေရာကို မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ စပါး၊ ချယ်လ်ဆီးစတဲ့ ပရီးမီးယားလိဂ် Big Six တွေသာလွှမ်းမိုးထားပါတယ်။

ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုဟာ မန်စီးတီးရဲ့တစ်ဖက်သတ်လွှမ်းမိုးမှုကြောင့် အက်ဖ်အေနဲ့ လိဂ်ဖလားတွေဆီ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ အာရုံဟာပြိုကျလာပါတယ်။ အက်ဖ်အေဖလားမှာ အာဆင်နယ်၊ မန်စီးတီးတို့က မထင်မှတ်ဘဲပြိုင်ပွဲကိုကျောခိုင်းခဲ့ရပေမယ့် ကျန်ထိပ်သီးတွေကျန်ရစ်နေဆဲပါပဲ။ လိဂ်ဖလားမှာဆိုရင်လည်း မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်တို့ လေးပွင့်ဆိုင် ပြိုင်ပွဲဖြစ်လာမယ်လို့ ထင်ခဲ့ရပေမယ့် မန်ချက်စတာယူနိုက်တက်က အသင်းငယ်လေးဘရစ္စတိုးလ်ကို အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့လို့  မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီးတို့ရဲ့ သုံးပွင့်ဆိုင်ပြိုင်ပွဲဖြစ်သွားရတယ်။  နောက်ဆုံးဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ရင်ဆိုင်တွေ့ခဲ့တာပါပဲ။

အက်ဖ်အေဖလားမှာ အအောင်မြင်ဆုံးအာဆင်နယ်ဟာ လိဂ်ဖလားမှာတစ်ကြိမ်မှ ချန်ပီယံမဖြစ်ဖူးသေးတာ ထူးဆန်းပါတယ်။ လိဂ်ဖလားဗိုလ်လုပွဲကို အာဆင်နယ်က ၂၀၀၆-၀၇၊ ၂၀၁၀-၁၁ ဘောလုံးရာသီတွေမှာ တက်ရောက်နိုင်ခဲ့ပေမယ့် နှစ်ကြိမ်စလုံးဒုတိယလူအဖြစ်နဲ့သာ ကျေနပ်ခဲ့ရတယ်။ အဲဒီအချိန်တွေတုန်းက အာဆင်နယ်ဟာ လိဂ်ဖလားကိုအမှန်တကယ်အာရုံမစိုက်ခဲ့တာမျိုးမဟုတ်ပေမယ့် ဖလားလက်မဲ့ရာသီဆိုးကာလမှာ ကံတရားအရလွဲချော်ခဲ့တာမျိုးပါပဲ။ လက်ရှိအချိန်မှာ အာဆင်နယ်အတွက် လိဂ်ဖလားဟာအဖြစ်နိုင်ဆုံးဆုဖလားပုံစံဖြစ်နေပါပြီ။ ပရီးမီးယားလိဂ်မျှော်လင့်ချက်ဟာ ကုန်ဆုံးသွားပြီ။ ယူရိုပါလိဂ်မှာ အေစီမီလန်နဲ့ပွဲကျပ်ရင်ဆိုင်ရမယ်။ အက်ဖ်အေက ထွက်လိုက်ရပြီ။ ဒီတော့ လိဂ်ဖလားဟာ အာဆင်နယ်ရဲ့ ဂုဏ်သိက္ခာကယ်ဆယ်ပွဲပဲ။ အာဆင်နယ်နည်းပြ ဝင်းဂါးက နောက်ပိုင်းနှစ်တွေအတွင်းမှာ ပရိသတ်တွေငြိုငြင်တာကို ခံလာရတယ်။ ရာထူးကထွက်ဖို့လည်း အမြဲလိုလိုဆန္ဒပြခံရတယ်။ ဒီဖိအားတွေကြောင့် ဝင်းဂါးဟာဖလားလက်မဲ့ရာသီဆိုးတွေနဲ့ ရင်မဆိုင်ရအောင် အရင်ကထက်ပိုပြီးအားထုတ်လာတာတွေ့ရတယ်။ မနှစ်တုန်းကအက်ဖ်အေဖလားနဲ့ ပရိသတ်ကို အာဆင်နယ်နှစ်သိမ့်ခဲ့သလို၊ လက်ရှိရာသီမှာလည်း လိဂ်ဖလားနဲ့ နှစ်သိမ့်ဖို့ ကြိုးစားပါဦးမယ်။ဂွါဒီယိုလာအတွက်လည်း လိဂ်ဖလားဟာဂုဏ်သိက္ခာတိုက်ပွဲတစ်ခုပဲ။ အသင်းကို နှစ်ရာသီအတွင်းသူ့စိတ်တိုင်းကျ ပြင်ဆင်ထားပြီးချိန်မှာ ဆုဖလားအောင်မြင်မှုကို မန်စီးတီးအသင်းဆီ အမြန်ဆုံးဆောင်ယူလာပေးဖို့ လိုနေပါပြီ။ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးပိုင်ဆိုင်ခွင့် နီးစပ်နေပြီဆိုပေမယ့် လိဂ်ဖလားဟာ ဂွါဒီယိုလာအတွက်ဈေးဦးပေါက်ဖလားဖြစ်နေလို့ လက်လွှတ်ခံမှာမဟုတ်ပါဘူး။

ပွဲကြိုသုံးသပ်ချက်

နှစ်သင်းစလုံးအဓိကကစားသမားတွေ ဒဏ်ရာကင်းစင်စုံလင်နေတယ်။ အာဆင်နယ်မှာ အိုဇေးလ် Ozil၊ ရမ်ဆေး Ramsay တို့ပြန်လည်ပါဝင်လာမယ်။ ဝဲလ်ရှိုင်းယား Wilshere ကအကောင်းဆုံးခြေစွမ်းပြနေတယ်။ ဒါပေမဲ့ မန်စီးတီးကွင်းလယ်ရဲ့ Creativity က အာဆင်နယ်ထက်ပိုပြီးထက်မြက်ပါတယ်။ မန်စီးတီးတိုက်စစ်အတွဲအဖက်က အသားကျပြီးသားဖြစ်လို့ နားလည်မှုပိုအားကောင်းတယ်။ အာဆင်နယ်တိုက်စစ်မှာ အူဘာမီယန်း Aubameyang က အဆုံးသတ်ကောင်းပေမယ့်အသင်းနဲ့ နားလည်မှုလိုအပ်နေသေးတယ်။ နှစ်သင်းစလုံးရဲ့ ခံစစ်အလုပ်ရှုပ်ဦးမယ့်ပွဲမျိုးဖြစ်တယ်။ အပြန်အလှန်ဂိုးတွေကို မြင်ရနိုင်တယ်။ မန်စီးတီး အနိုင်ရမယ်။ ချန်ပီယံဖြစ်မယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။