This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ျပင္သစ္သမၼတရဲ႕ ဖိတ္ၾကားမႈေၾကာင့္ ကမၻာ႔ဖလားဗိုလ္လုပြဲကို တက္ေရာက္ၾကည့္ရႈမယ့္ ကိုစီယဲလ္နီ

ျပင္သစ္သမၼတရဲ႕ ဖိတ္ၾကားမႈေၾကာင့္ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ေနာက္ဆံုးဗိုလ္လုပြဲကို အထူးဖိတ္ၾကားခံ ဧည့္သည္ေတာ္ တစ္ဦးအေနနဲ႔ ေနာက္ခံလူ ကိုစီယဲလ္နီ Koscielny တက္ေရာက္ၾကည့္ရႈမွာ ျဖစ္ပါတယ္။ ဒဏ္ရာျပႆနာေၾကာင့္ ၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့တဲ့ ျပင္သစ္ကစားသမားေတြျဖစ္တဲ့ ေနာက္ခံလူ ကိုစီယဲလ္နီ Koscielny နဲ႔ ကြင္းလယ္လူ ပါယက္ Payet တို႔ကို ျပင္သစ္သမၼတ မာကြန္ Marcon ကိုယ္တိုင္ ဖိတ္ၾကားခဲ့တာျဖစ္ပါတယ္။ ၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့ရတဲ့ ျပင္သစ္အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ ကိုစီယဲလ္နီ Koscielny နဲ႔ ပါယက္ Payet တို႔ဟာ ျပင္သစ္သမၼတနဲ႔အတူ ဗိုလ္လုပြဲကို တက္ေရာက္ၾကည့္ရႈခြင့္ရရွိမွာျဖစ္ပါတယ္။

French-President-Macron

French-President-Macron

ျပင္သစ္အသင္းရဲ႕ အဓိကတိုက္စစ္ကစားသမား တစ္ဦးျဖစ္တဲ့ ဂရစ္ဇ္မန္း Griezmann က “ၿပီးခဲ့တဲ့ ယူရိုၿပိဳင္ပြဲမွာ ကိုစီယဲလ္နီ Koscielny နဲ႔ ပါယက္ Payet တို႔ရဲ႕ အေရးပါပံုကို ျမင္ေတြ႔ခဲ့ၾကမွာပါ၊ သူတို႔ေတြဟာ ကမၻာ႔ဖလားၿပိဳင္ပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ေပမယ့္ ဒီညမွာေတာ့ ျပန္လည္ျမင္ေတြ႔ရမွာပါ၊ ကၽြန္ေတာ္တို႔ ကစားမယ့္ ဗိုလ္လုပြဲကို သူတို႔ တက္ေရာက္အားေပးမယ့္သတင္းက ကမၻာ႔ဖလားကို အရယူဖို႔ ခြန္အားေတြ ျဖစ္ေစပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ ျပင္သစ္အသင္းဟာ ၁၉၉၈ ကမၻာ႔ဖလားေနာက္ပိုင္း ခ်န္ပီယံဆုကို ရရွိဖို႔ ေရပန္းစားေနခဲ့ၿပီး ဒီည (တနဂၤေႏြည)မွာေတာ့ ရုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ရွိ လုဇ္နီကီကြင္းႀကီးမွာ ခရိုေအးရွားအသင္းနဲ႔ ေနာက္ဆံုး ဗိုလ္လုပြဲကို ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။

REF:The Sun
Photo:Olori Supergal, The National
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပြင်သစ်သမ္မတရဲ့ ဖိတ်ကြားမှုကြောင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်ကြည့်ရှုမယ့် ကိုစီယဲလ်နီ

ပြင်သစ်သမ္မတရဲ့ ဖိတ်ကြားမှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို အထူးဖိတ်ကြားခံ ဧည့်သည်တော် တစ်ဦးအနေနဲ့ နောက်ခံလူ ကိုစီယဲလ်နီ Koscielny တက်ရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာကြောင့် ပြိုင်ပွဲနဲ့ လွဲချော်ခဲ့တဲ့ ပြင်သစ်ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ကိုစီယဲလ်နီ Koscielny နဲ့ ကွင်းလယ်လူ ပါယက် Payet တို့ကို ပြင်သစ်သမ္မတ မာကွန် Marcon ကိုယ်တိုင် ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတဲ့ ပြင်သစ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကိုစီယဲလ်နီ Koscielny နဲ့ ပါယက် Payet တို့ဟာ ပြင်သစ်သမ္မတနဲ့အတူ ဗိုလ်လုပွဲကို တက်ရောက်ကြည့်ရှုခွင့်ရရှိမှာဖြစ်ပါတယ်။

French-President-Macron

French-President-Macron

ပြင်သစ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ ဂရစ်ဇ်မန်း Griezmann က “ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ကိုစီယဲလ်နီ Koscielny နဲ့ ပါယက် Payet တို့ရဲ့ အရေးပါပုံကို မြင်တွေ့ခဲ့ကြမှာပါ၊ သူတို့တွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့် ဒီညမှာတော့ ပြန်လည်မြင်တွေ့ရမှာပါ၊ ကျွန်တော်တို့ ကစားမယ့် ဗိုလ်လုပွဲကို သူတို့ တက်ရောက်အားပေးမယ့်သတင်းက ကမ္ဘာ့ဖလားကို အရယူဖို့ ခွန်အားတွေ ဖြစ်စေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ချန်ပီယံဆုကို ရရှိဖို့ ရေပန်းစားနေခဲ့ပြီး ဒီည (တနင်္ဂနွေည)မှာတော့ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ လုဇ်နီကီကွင်းကြီးမှာ ခရိုအေးရှားအသင်းနဲ့ နောက်ဆုံး ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

REF:The Sun
Photo:Olori Supergal, The National
Aung Kyaw Wai (Akhayar)
www.akhayar.com