[ZawGyi]

ေပ်ာ္ေပ်ာ္ေနတတ္သူေတြနဲ႔ဘာေၾကာင္႔ေပါင္းသင္႔တာလဲ

အခ်ိန္ေတာ္ေတာ္မ်ားမ်ားရယ္ေမာေပ်ာ္ရႊင္ေနတတ္သူေတြ ေပ်ာ္ေပ်ာ္ေနတတ္သူေတြနဲ႔မိတ္ေဆြျဖစ္ေနပါသလား။ ဒါဆုိရင္ေတာ႔ သင္႔ကိုယ္သင္ကံေကာင္းသူလို႔ မွတ္ယူလုိက္ပါေတာ႔။ ကိုယ္႔ကိုရယ္ေမာေစတဲ႔သူဆုိရင္ လူေတြကပိုျပီးနက္နက္ရႈိင္းရိႈင္းခင္မင္ၾကသလုိခ်စ္သူရည္းစားစံုတြဲေတြမွာလည္း ေပ်ာ္ရႊင္ေပါ႔ပါးတဲ႔စံုတြဲေတြဟာပိုျပီး ျမဲျမံၾကပါတယ္တဲ႔။ တကယ္ေတာ႔ ရယ္ေမာတတ္ျခင္း အမ်ားရယ္ေမာေအာင္စြမ္းေဆာင္ႏိုင္ျခင္းေတြဟာ ဘုရားေပးတဲ႔လက္ေဆာင္တစ္ခုပါ။ ကိုယ္႔ေဘးမွာဘာလုိ႔ရယ္ေမာတတ္သူ ဟာသဥာဏ္ရွိသူေတြကို ဝန္းရံေစသင္႔တာလဲဆုိရင္ ရယ္ေမာျခင္းရဲ႕အက်ိဳးေက်းဇူးေတြကမနည္းမေနာမို႔ပါပဲ။ ရုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆုိင္ရာအျပင္ လူမႈဆက္ဆံေရးနယ္ပယ္ေတြမွာရတဲ႔ေကာင္းက်ိဳးေတြက မနည္းမေနာပါပဲ။

-ရယ္ေမာျခင္းက ခႏၶာကိုယ္တစ္ခုလံုးကို Relax ျဖစ္ေစပါတယ္။ ျပီးေတာ႔ ကိုယ္ခံအားေကာင္းေစတယ္။ အားရပါးရရယ္ေမာျခင္းက စိတ္နဲ႔ခႏၶာကိုယ္တင္းက်ပ္ဖိစီးေနမႈေတြကို သက္သာေစပါတယ္။ ကိုယ္နဲ႔စိတ္ကို အနည္းဆံုး ၄၅ မိနစ္ေက်ာ္ေက်ာ္အထိသက္သာေနေစတာျဖစ္ပါတယ္။
-ရယ္ေမာျခင္းက endorphins လို႔ေခၚတဲ႔ ခႏၶာကိုယ္ကိုသက္ေသာင္႔သက္သာျဖစ္ေစတဲ႔ chemicals တစ္မ်ိဳးကိုထုတ္ေပးပါတယ္။ ဇီဝကမၼအလုပ္ေတြကိုလုပ္ေစျပီး နာက်င္မႈေတြကိုသက္သာေစတဲ႔ အစြမ္းကိုရေစပါတယ္။
-ရယ္ေမာမယ္ဆုိရင္ ႏွလံုးက်န္းမာေရးအတြက္ေကာင္းေစတယ္။ ေသြးေၾကာေလးေတြရဲ႕လုပ္ေဆာင္မႈေကာင္းေစျပီး ေသြးလွည္႔ပတ္မႈေကာင္းေစပါတယ္။
-ကယ္လုိရီေတြကိုေလာင္ကၽြမ္းေစျပီး ၁၀ မိနစ္မွ ၁၅ မိနစ္ေလာက္ရယ္ေမာရံုနဲ႔ ကယ္လုိရီ ၄၀ ေလာင္ကၽြမ္းေစပါတယ္တဲ႔။ အရယ္သန္တဲ႔သူေတြ ပိုမ်ားပိန္သလားပဲေနာ္။
– ဒီႏႈန္းကို တစ္ႏွစ္လံုးစာနဲ႔တြက္ရင္ေတာ႔ ၃ ေပါင္ကေန ၄ ေပါင္အထိ က်ႏိုင္ပါတယ္တဲ႔။
– ရယ္ေမာျခင္းက အသက္ရွည္ေဆးလည္းျဖစ္ပါတယ္။ သုေတသနပညာရွင္ေတြရဲ႕ေျပာၾကားခ်က္အရ ဟာသဥာဏ္ရွိျပီးရယ္ေမာတတ္တဲ႔သူေတြဟာ ကင္ဆာေရာဂါနဲ႔တိုက္ပြဲဝင္ရာမွာပိုျပီးၾက႕ံခိုင္တယ္လုိ႔ ဆိုပါတယ္။

ေပါင္းသင္းဆက္ဆံေရးနယ္ပယ္မွာလည္းရယ္ေမာျခင္းက အက်ိဳးသက္ေရာက္မႈေကာင္းပါေသးတယ္။
– ဟာသေျပာရယ္ေမာတတ္တဲ႔လူဟာ ပုိျပီးဆြဲေဆာင္မႈရွိတယ္။
– တစ္ဦးနဲ႔တစ္ဦးၾကား ေပါင္းသင္းဆက္ဆံေရးကိုပိုျပီးခိုင္ျမဲလာေစတယ္။
– Team နဲ႔အလုပ္လုပ္ရာမွာ ပိုျပီးအဆင္ေျပေခ်ာေမြ႔ေစတယ္။ အခ်င္းခ်င္းခင္မင္ရင္းႏွီးေအာင္ စြမး္ေဆာင္ေပးႏိုင္ပါတယ္။
– အဆင္မေျပမႈေတြကို ေျဖရွင္းရာမွာပိုျပီး အားသာခ်က္ရွိတယ္။

ဒါေၾကာင္႔ ျပံဳးပါ၊ ေပ်ာ္ေပ်ာ္ေနတတ္တဲ႔သူေတြနဲ႔ေပါင္းသင္းပါ။ စိတ္ႏုပ်ိဳသူေတြ၊ ေပ်ာ္ေပ်ာ္ေနတတ္သူေတြနဲ႔ေပါင္းတာက ကိုယ္႔ကိုအသက္ပိုရွည္ေစပါတယ္။

ဒါေၾကာင္႔လည္း”ရယ္ေမာျခင္းဟာ အေကာင္းဆံုးေဆး” လို႔ဆုိၾကတာျဖစ္ပါတယ္ေနာ္။ ကိုယ္႔သူငယ္ခ်င္းေတြထဲ အျမဲရယ္ေနတတ္သူေတြ၊ ဟာသဥာဏ္ရွိသူေတြကို သတိတရႏႈတ္ဆက္လုိက္ပါဦး။

www.akhayar.com

[Unicode]

ပျော်ပျော်နေတတ်သူတွေနဲ့ဘာကြောင့်ပေါင်းသင့်တာလဲ

အချိန်တော်တော်များများရယ်မောပျော်ရွှင်နေတတ်သူတွေ ပျော်ပျော်နေတတ်သူတွေနဲ့မိတ်ဆွေဖြစ်နေပါသလား။ ဒါဆိုရင်တော့ သင့်ကိုယ်သင်ကံကောင်းသူလို့ မှတ်ယူလိုက်ပါတော့။ ကိုယ့်ကိုရယ်မောစေတဲ့သူဆိုရင် လူတွေကပိုပြီးနက်နက်ရှိုင်းရှိုင်းခင်မင်ကြသလိုချ
စ်သူရည်းစားစုံတွဲတွေမှာလည်း ပျော်ရွှင်ပေါ့ပါးတဲ့စုံတွဲတွေဟာပိုပြီး မြဲမြံကြပါတယ်တဲ့။ တကယ်တော့ ရယ်မောတတ်ခြင်း အများရယ်မောအောင်စွမ်းဆောင်နိုင်ခြင်းတွေဟာ ဘုရားပေးတဲ့လက်ဆောင်တစ်ခုပါ။ ကိုယ့်ဘေးမှာဘာလို့ရယ်မောတတ်သူ ဟာသဉာဏ်ရှိသူေ
တွကို ဝန်းရံစေသင့်တာလဲဆိုရင် ရယ်မောခြင်းရဲ့အကျိုးကျေးဇူးတွေကမနည်းမနောမို့ပါပဲ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအပြင် လူမှုဆက်ဆံရေးနယ်ပယ်တွေမှာရတဲ့ကောင်းကျိူးတွေက မနည်းမနောပါပဲ။

-ရယ်မောခြင်းက ခန္ဓာကိုယ်တစ်ခုလုံးကို Relax ဖြစ်စေပါတယ်။ ပြီးတော့ ကိုယ်ခံအားကောင်းစေတယ်။ အားရပါးရရယ်မောခြင်းက စိတ်နဲ့ခန္ဓာကိုယ်တင်းကျပ်ဖိစီးနေမှုတွေကို သက်သာစေပါတယ်။ ကိုယ်နဲ့စိတ်ကို အနည်းဆုံး ၄၅ မိနစ်ကျော်ကျော်အထိသက်သာနေေ
စတာဖြစ်ပါတယ်။
-ရယ်မောခြင်းက endorphins လို့ခေါ်တဲ့ ခန္ဓာကိုယ်ကိုသက်သောင့်သက်သာဖြစ်စေတဲ့ chemicals တစ်မျိုးကိုထုတ်ပေးပါတယ်။ ဇီဝကမ္မအလုပ်တွေကိုလုပ်စေပြီး နာကျင်မှုတွေကိုသက်သာစေတဲ့ အစွမ်းကိုရစေပါတယ်။
-ရယ်မောမယ်ဆိုရင် နှလုံးကျန်းမာရေးအတွက်ကောင်းစေတယ်။ သွေးကြောလေးတွေရဲ့လုပ်ဆောင်မှုကောင်းစေပြီး သွေးလှည့်ပတ်မှုကောင်းစေပါတယ်။
-ကယ်လိုရီတွေကိုလောင်ကျွမ်းစေပြီး ၁၀ မိနစ်မှ ၁၅ မိနစ်လောက်ရယ်မောရုံနဲ့ ကယ်လိုရီ ၄၀ လောင်ကျွမ်းစေပါတယ်တဲ့။ အရယ်သန်တဲ့သူတွေ ပိုများပိန်သလားပဲနော်။
– ဒီနှုန်းကို တစ်နှစ်လုံးစာနဲ့တွက်ရင်တော့ ၃ ပေါင်ကနေ ၄ ပေါင်အထိ ကျနိုင်ပါတယ်တဲ့။
– ရယ်မောခြင်းက အသက်ရှည်ဆေးလည်းဖြစ်ပါတယ်။ သုတေသနပညာရှင်တွေရဲ့ပြောကြားချက်အရ ဟာသဉာဏ်ရှိပြီးရယ်မောတတ်တဲ့သူတွေဟာ ကင်ဆာရောဂါနဲ့တိုက်ပွဲဝင်ရာမှာပိုပြီးကြံ့ခိုင်တယ်လို့ ဆိုပါတယ်။

ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာလည်းရယ်မောခြင်းက အကျိုးသက်ရောက်မှုကောင်းပါသေးတယ်။
– ဟာသပြောရယ်မောတတ်တဲ့လူဟာ ပိုပြီးဆွဲဆောင်မှုရှိတယ်။
– တစ်ဦးနဲ့တစ်ဦးကြား ပေါင်းသင်းဆက်ဆံရေးကိုပိုပြီးခိုင်မြဲလာစေတယ်။
– Team နဲ့အလုပ်လုပ်ရာမှာ ပိုပြီးအဆင်ပြေချောမွေ့စေတယ်။ အချင်းချင်းခင်မင်ရင်းနှီးအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
– အဆင်မပြေမှုတွေကို ဖြေရှင်းရာမှာပိုပြီး အားသာချက်ရှိတယ်။

ဒါကြောင့် ပြုံးပါ၊ ပျော်ပျော်နေတတ်တဲ့သူတွေနဲ့ပေါင်းသင်းပါ။ စိတ်နုပျိုသူတွေ၊ ပျော်ပျော်နေတတ်သူတွေနဲ့ပေါင်းတာက ကိုယ့်ကိုအသက်ပိုရှည်စေပါတယ်။

ဒါကြောင့်လည်း”ရယ်မောခြင်းဟာ အကောင်းဆုံးဆေး” လို့ဆိုကြတာဖြစ်ပါတယ်နော်။ ကိုယ့်သူငယ်ချင်းတွေထဲ အမြဲရယ်နေတတ်သူတွေ၊ ဟာသဉာဏ်ရှိသူတွေကို သတိတရနှုတ်ဆက်လိုက်ပါဦး။

www.akhayar.com