[Zawgyi] 
Ref: Digital Trends
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
Louis Vuitton ကထုတ်တဲ့ Luggage Tracker
နည်းပညာလောကထဲမှာ LV ကပစ်ထားလို့မရတဲ့ကုမ္ပဏီတစ်ခုပါ။ တန်ဖိုးကြီး Fashion ထုတ်ကုန်တွေရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ ခါးပတ်တွေကနေ iPhone Cover တွေအထိထုတ်လုပ်ရောင်းချနေပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ Smartphone နဲ့တွဲသုံးရတဲ့ Product ကတော့ Luggage Tracker ပဲဖြစ်ပါတယ်။ 
LV ရဲ့ Luggage Tracker ကိုတော့ iPhone ဒါမှမဟုတ် Android ဖုန်းတစ်လုံးနဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ Louis Vuitton Echo ဆိုတဲ့ Location Tracker ကို $370 နဲ့ရောင်းချနေပါပြီ။ ဈေးကွက်ထဲမှာ Luggage Tracker တွေအများကြီးရှိပေမယ့် အခု Tracker ကတန်ဖိုးကြီးပြီးတော့ LV ကသူတို့ Customer တွေအတွက်သီးသန့်ထုတ်ပေးထားတာဖြစ်ပါတယ်။ $6000 နီးပါးတန်ဖိုးရှိတဲ့ LV ကထုတ်တဲ့ Luggage တွေကိုပိုင်ဆိုင်ထားသူတွေအနေနဲ့တော့ သူတို့ရဲ့ Luggage တွေကိုလေဆိတ်တွေမှာပျောက်ဆုံးသွားတာမျိုးတွေလိုချင်မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် LV Luggage Model တော်တော်များများမှာ Echo Tracker လေးထည့်ဖို့နေရာသီးသန့်ပါဝင်မှာပဲဖြစ်ပါတယ်။ Echo ကတော့လောလောဆယ် နိုင်ငံတော်တော်များများက လေးဆိပ်ကြီးတွေမှာဆိုရင် သင့် Luggage ကိုသင့်ဖုန်းကနေခြေရာခံနိုင်မှာဖြစ်ပါတယ်။ လေဆိပ်တွေအားလုံးမှာတော့ အလုပ်လုပ်ဦးမှာမဟုတ်ဘူးလို့ LV ကပြောထားတဲ့အပြင် Echo အလုပ်လုပ်တဲ့ လေဆိပ်စာရင်းကိုလည်းသူတို့ Website မှာပြပေးထားပါတယ်။ 
LV ရဲ့ Tracker လေးတွေကို LV Horizon 50 ၊ 55 နဲ့ 70 အစရှိတဲ့ Luggage တွေမှာထည့်သွင်းအသုံးပြုဖို့ Design ဆွဲထားတာပဲဖြစ်ပါတယ်။ Echo ရဲ့အကောင်းဆုံုး Feature ကတော့ အလင်းကိုအာရုံခံနိုင်တာကြောင့် Luggage ကိုတစ်ယောက်ယောက်က ဇွင့်တယ်ဆိုရင်လည်း သင့်ဖုန်းကိုလှမ်းအသိပေးနိုင်မှာပဲဖြစ်ပါတယ်။ Echo ကိုအသုံုးပြုဖို့အတွက်တော့ LV Pass ဆိုတဲ့ App နဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပါတယ်။ Echo လေးကတော့ တစ်ခါအားအပြည့်သွင်းထားရင် ခြောက်လလောက်အသုံးပြုနိုင်မှာဖြစ်တာကြောင့် ခရီးခဏခဏထွက်တဲ့ LV Fan တွေအတွက်တော့တော်တော်အဆင်ပြေတဲ့ Device လေးပါပဲ။ သင့်ရဲ့တန်ဖိုးကြီး Luggage လေးကိုလည်းပျောက်သွားမှာ မပူရတော့ဘူးပေါ့။ 
Ref: Digital Trends
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။