[Zawgyi]

သမားရုိးက်ဖက္ရွင္ေတြ ေခါက္ထားၿပီး ဖက္ရွင္ဒီဇိုင္းအလန္းေလးေတြ ဖန္တီးၾကည္႔ရေအာင္ရေအာင္

ဖက္ရွင္ေခတ္ႀကီးထဲမွာ ဖက္ရွင္ဒီဇိုင္းဆိုတာ အျမဲလိုလိုေျပာင္းလဲေနတတ္ၿပီး Trend ကလည္း အမ်ဳိးမ်ဳိးထြက္ေပၚလို႔ေနပါတယ္။ ထြက္ေပၚလာတဲ႔ ဖက္ရွင္ေရစီးေၾကာင္းေနာက္လိုက္ၿပီး ဝတ္တဲ႔သူေတြရွိသလို အမ်ားနဲ႔မတူ ထူးျခားတဲ့ဖက္ရွင္စတိုင္လ္ေတြရေအာင္ ဆန္းသစ္တီထြင္ၿပီး ဝတ္တဲ့သူေတြလည္းရွိပါတယ္။ သႀကၤန္လည္းေရာက္ခါနီးၿပီဆိုေတာ့ သႀကၤန္မွာ သူမ်ားနဲ႔မတူဘဲ လန္းေနႏိုင္ေအာင္ထူးျခားတဲ့ဖက္ရွင္စတုိင္လ္မ်ဳိး ဖန္တီးလို႔ရပါတယ္။ အခုေဖာ္ျပမယ္႔ ဖက္ရွင္စတိုင္လ္ေတြက သႀကၤန္မွာသာမကဘဲ ဘယ္လိုအခ်ိန္မ်ဳိးမဆို အမ်ားနဲ႔မတူကြဲထြက္ေနေစမယ္႔ ဖက္ရွင္ေတြျဖစ္ပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

Sparkle and Dazzle (တလက္လက္နဲ႔ ၿပိဳးၿပိဳးျပက္ျပက္အဝတ္အထည္မ်ား)

လူေတာ္ေတာ္မ်ားမ်ားက Sparkle ကို ညပဲြေတြနဲ႔သက္ဆိုင္တဲ့ ဖက္ရွင္လို သတ္မွတ္ထားၾကပါတယ္။ ဒီလိုသတ္မွတ္ခ်က္က မွန္ပင္ေသာ္ျငားလည္း ကိုယ္ကခဲြထြက္ၿပီး ေန႔ဘက္မွာ ဝတ္ၾကည္႔ရင္ သူမ်ားနဲ႔မတူတဲ႔ ဖက္ရွင္စတိုင္လ္ကို ပိုင္ဆိုင္မွာ အေသအခ်ာပါပဲ။ ဝင္းလက္ေတာက္ပေနတ႔ဲအက်ီၤနဲ႔ Boot ဖိနပ္ေတြကို စီးၿပီးသြားမယ္ဆို ေနေရာင္ေအာက္မွာ လန္းေနမွာ အေသအခ်ာပါပဲ။

blake-lively-sparkly-blazer

Blake Lively Sparkly Blazer

Dress နဲ႔ Pants ကို တဲြဝတ္ၾကည္႔ပါ

အရမ္းႀကိဳက္ႏွစ္သက္တဲ႔ Dress တစ္ထည္ကိုလည္း ဝတ္ခ်င္ၿပီး Pants အသစ္ဝယ္ထားလို႔ Pants ကလည္း ဝတ္ခ်င္ေနတဲ႔အခါ ဘယ္ဟာကို ဝတ္ရမလဲ စဥ္းစားဆံုးျဖတ္ရခက္ေနရင္ Pants နဲ႔ Dress ကိုသာ တဲြဖက္ဝတ္ဆင္လုိက္ပါ။ Dress နဲ႔ Pants ေတြကို တဲြစပ္ဝတ္ဆင္ျခင္းက စြန္႔စားၿပီး ဝတ္ဆင္ရတဲ့ ဖက္ရွင္စတုိင္လ္မ်ဳိးျဖစ္ေသာ္လည္း မတူတဲ႔ဖက္ရွင္ပံုစံႏွစ္ခုကို ေပါင္းစပ္ၿပီး ခပ္္မိုက္မုုိက္စတိုင္လ္ကို ဖန္တီးႏိုင္မယ္႔ အခြင္႔အေရးေကာင္းပဲ ျဖစ္ပါတယ္။ Dress နဲ႔ Pants ကို တဲြဖက္ဝတ္ဆင္ၿပီး အေပၚကေန အေႏြးထည္ေလးဝတ္လိုက္ရင္ သႀကၤန္အတြက္ အလန္းစားဖက္ရွင္ကို ရရွိသြားၿပီးျဖစ္ပါတယ္။

Checkered Dress Over Pants

Checkered Dress Over Pants

ဂ်င္းေဘာင္းဘီေတြအစား ဂ်င္းဂါဝန္ေတြကို ဝတ္ဆင္ပါ

ဂ်င္းလို႔ေျပာလိုက္တာနဲ႕ ေတာ္ေတာ္မ်ားမ်ားက ဂ်င္းေဘာင္းဘီကိုသာ ေျပးျမင္ၾကပါတယ္။ ဂ်င္းဂါဝန္ေလးေတြနဲ႔ ဂ်င္း Jumpsuits ေလးေတြနဲ႔လည္း သမားရုိးက်ကေနခဲြထြက္ၿပီး ဖက္ရွင္ကို အဆန္းထြင္လို႔ရပါတယ္။ ဖက္ရွင္အျမင္ရွိသူေတြက ဂ်င္းေဘာင္းဘီေတြခ်ည္းပဲ ဝတ္တာထက္ ဂ်င္းဂါဝန္ေလးေတြကိုပါ စမတ္က်ေအာင္ ဆဲြေဆာင္မႈရွိေအာင္ ဝတ္တတ္ၾကပါတယ္။ သႀကၤန္မွာ ဂ်င္းဂါဝန္ေလးေတြဝတ္ၿပီး ဂ်င္းကုတ္ေလးထပ္ဝတ္လိုက္ရင္ ခပ္မိမိ သႀကၤန္ဂ်င္းဖက္ရွင္ကို ရရိွႏိုင္မွာပါ။

Denim Shirtdress

Denim Shirtdress

ဆန္႔က်င္ဘက္ႏွစ္ခုကို တဲြဖက္ဝတ္ဆင္ျခင္း

Sneaker က အခ်ိန္အခါမေရြး ဝတ္ဆင္လို႔ရတဲ့ ဖိနပ္အမ်ဳိးအစားပဲ ျဖစ္ပါတယ္။ ဒါေပမယ္႔ ျမန္မာႏိုင္ငံကလူေတြက Sneaker ကို ထသြားထလာနဲ႔ အားကစားလုပ္တဲ့ အခ်ိန္မ်ဳိးမွာသာ ဝတ္ဆင္ၾကပါတယ္။ Sneaker ကို အနားတြန္ပါတဲ႔ ဂါဝန္ေလးေတြနဲ႔ တဲြဖက္ဝတ္ဆင္ျခင္းကလည္း စဲြမက္ဖြယ္ေကာင္းတဲ့ ဝတ္စားဆင္ယင္မႈပံုစံပဲ ျဖစ္ပါတယ္။ စြန္႔စားၿပီး ဝတ္ရတာကို ႏွစ္သက္တယ္ဆိုရင္ ဆန္႔က်င္ဘက္ျဖစ္တဲ႔ မိန္းမဆန္ၿပီး သိမ္ေမြ႔တဲ႔ဂါဝန္ပံုစံေလးေတြနဲ႔ ရဲ႕ရင္မာေက်ာျခင္းကုိ ေဖာ္ေဆာင္တဲ့ Sneaker နဲ႔ တဲြဖက္ဝတ္ဆင္ၾကည္႔ပါ။ သႀကၤန္မွာ ဒီလုိပုံစံကိုဝတ္ဆင္ၿပီး အေပၚကေနကုတ္ထပ္လုိက္ရင္ ခ်စ္ဖို႔ေကာင္းတဲ့ အသြင္ကို ရရွိပိုင္ဆိုင္သြားမွာပါ။

Black dress and Sneakers

Black dress and Sneakers

Heel ေတြကို ေမ့ထားလိုက္ပါ

Heel ဝတ္မွ စမတ္က်တယ္လို႔ထင္ရင္ အခုခ်ိန္ကစၿပီး ဒီသီအိုရီကို ေမ့လိုက္ပါ။ ညပဲြေတြကို တက္တဲ့အခါ ေဒါက္ေတြနဲ႔ တက္မယ္႔အစား Flat Shoe (သို႔မဟုတ္) Sandals ေတြကို အေျပာင္းအလဲအေနနဲ႔ ဝတ္ဆင္ၿပီး တက္ၾကည္႔ပါ။ အခုေခတ္မွာ လွပေပၚလြင္တဲ႔ Flat Shoe ေလးေတြနဲ႔ Sandals ဖိနပ္ေလးေတြေလး အေျမာက္အျမားေပၚေပါက္ေနလို႔ ကိုယ္နဲ႕လိုက္ဖက္တာကိုသာ မွန္ကန္ေအာင္ေရြးခ်ယ္ၿပီး ဝတ္ဆင္သြားရုံပါပဲ။ ဒီလိုဝတ္ဆင္ျခင္းက သူမ်ားေတြ ေဒါက္ဝတ္ၿပီးနာက်င္ေနတဲ့အခ်ိန္မွာ ကိုယ္ကေပါ့ပါးလြတ္လပ္ၿပီး လြင္႔လိုေကာင္း ကလိုေကာင္းေနအံုးမွာ ေသခ်ာမွာပါ။ သႀကၤန္ခ်ိန္ခါမွလည္း အပီအျပင္ကဲမယ္ဆိုရင္ ဖိနပ္အပါးေလးေတြကိုသာ ဝတ္ဆင္ၿပီး ရႈိးထုတ္ဖို႔ မေမ႔နဲ႔ေနာ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

အခုေဖာ္ျပတဲ့ အတဲြြအစပ္ေလးေတြကို သႀကၤန္ဖက္ရွင္အေနနဲ႕လည္း ဝတ္ဆင္လို႔ရသလို သာမန္အခ်ိန္မွာ အမ်ားနဲ႔မတူတဲ႔ ဆန္းျပားတဲ့ အလန္းစားဖက္ရွင္ကို ပိုင္ဆိုင္ခ်င္တဲ့အခါမ်ဳိးမွာလည္း ဝတ္ဆင္လို႔ရတဲ႔ ဖက္ရွင္အတဲြအစပ္ေလးေတြပဲ ျဖစ္ပါတယ္။ သႀကၤန္နားလည္းနီးေနၿပီမို႔ ဒီဖက္ရွင္စတိုင္လ္ေလးေတြကို ႀကိဳက္ႏွစ္သက္လို႔ ဝတ္ဆင္မယ္ဆို ႀကိဳတင္ျပင္ဆင္လို႔ရသလို အခုဖက္ရွင္အတဲြအစပ္ေလးေတြနဲ႔ ကိုယ္ပိုင္အိုင္ဒီယာေလးေတြနဲ႔ ေပါင္းစပ္ၿပီး ကိုယ္ပိုင္ဖက္ရွင္ေလးေတြလည္း ဖန္တီးၾကည္႔လို႔ ရပါတယ္ေနာ္။သႀကၤန္မွာ အလန္းအလန္းဆံုးေသာ ဖက္ရွင္ေတြကို ပိုင္ဆိုင္ၿပီး ေပ်ာ္ႏုိင္ၾကေစဖို႔ ဆုေတာင္းေပးလိုက္ပါတယ္။

H.H(အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သမားရိုးကျဖက်ရှင်တွေ ခေါက်ထားပြီး ဖက်ရှင်ဒီဇိုင်းအလန်းလေးတွေ ဖန်တီးကြည့်ရအောင်

ဖက်ရှင်ခေတ်ကြီးထဲမှာ ဖက်ရှင်ဒီဇိုင်းဆိုတာ အမြဲလိုလိုပြောင်းလဲနေတတ်ပြီး Trend ကလည်း အမျိုးမျိုးထွက်ပေါ်လို့နေပါတယ်။ ထွက်ပေါ်လာတဲ့ ဖက်ရှင်ရေစီးကြောင်းနောက်လိုက်ပြီး ဝတ်တဲ့သူတွေရှိသလို အများနဲ့မတူ ထူးခြားတဲ့ဖက်ရှင်စတိုင်လ်တွေရအောင် ဆန်းသစ်တီထွင်ပြီး ဝတ်တဲ့သူတွေလည်းရှိပါတယ်။ သင်္ကြန်လည်းရောက်ခါနီးပြီဆိုတော့ သင်္ကြန်မှာ သူများနဲ့မတူဘဲ လန်းနေနိုင်အောင်ထူးခြားတဲ့ဖက်ရှင်စတိုင်လ်မျိုး ဖန်တီးလို့ရပါတယ်။ အခုဖော်ပြမယ့် ဖက်ရှင်စတိုင်လ်တွေက သင်္ကြန်မှာသာမကဘဲ ဘယ်လိုအချိန်မျိုးမဆို အများနဲ့မတူကွဲထွက်နေစေမယ့် ဖက်ရှင်တွေဖြစ်ပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

Sparkle and Dazzle (တလက်လက်နဲ့ ပြိုးပြိုးပြက်ပြက်အဝတ်အထည်များ)

လူတော်တော်များများက Sparkle ကို ညပွဲတွေနဲ့သက်ဆိုင်တဲ့ ဖက်ရှင်လို သတ်မှတ်ထားကြပါတယ်။ ဒီလိုသတ်မှတ်ချက်က မှန်ပင်သော်ငြားလည်း ကိုယ်ကခွဲထွက်ပြီး နေ့ဘက်မှာ ဝတ်ကြည့်ရင် သူများနဲ့မတူတဲ့ ဖက်ရှင်စတိုင်လ်ကို ပိုင်ဆိုင်မှာ အသေအချာပါပဲ။ ဝင်းလက်တောက်ပနေတဲ့အကျီၤနဲ့ Boot ဖိနပ်တွေကို စီးပြီးသွားမယ်ဆို နေရောင်အောက်မှာ လန်းနေမှာ အသေအချာပါပဲ။

blake-lively-sparkly-blazer

Blake Lively Sparkly Blazer

Dress နဲ့ Pants ကို တွဲဝတ်ကြည့်ပါ

အရမ်းကြိုက်နှစ်သက်တဲ့ Dress တစ်ထည်ကိုလည်း ဝတ်ချင်ပြီး Pants အသစ်ဝယ်ထားလို့ Pants ကလည်း ဝတ်ချင်နေတဲ့အခါ ဘယ်ဟာကို ဝတ်ရမလဲ စဉ်းစားဆုံးဖြတ်ရခက်နေရင် Pants နဲ့ Dress ကိုသာ တွဲဖက်ဝတ်ဆင်လိုက်ပါ။ Dress နဲ့ Pants တွေကို တွဲစပ်ဝတ်ဆင်ခြင်းက စွန့်စားပြီး ဝတ်ဆင်ရတဲ့ ဖက်ရှင်စတိုင်လ်မျိုးဖြစ်သော်လည်း မတူတဲ့ဖက်ရှင်ပုံစံနှစ်ခုကို ပေါင်းစပ်ပြီး ခပ်မိုက်မိုုက်စတိုင်လ်ကို ဖန်တီးနိုင်မယ့် အခွင့်အရေးကောင်းပဲ ဖြစ်ပါတယ်။ Dress နဲ့ Pants ကို တွဲဖက်ဝတ်ဆင်ပြီး အပေါ်ကနေ အနွေးထည်လေးဝတ်လိုက်ရင် သင်္ကြန်အတွက် အလန်းစားဖက်ရှင်ကို ရရှိသွားပြီးဖြစ်ပါတယ်။

Checkered Dress Over Pants

Checkered Dress Over Pants

ဂျင်းဘောင်းဘီတွေအစား ဂျင်းဂါဝန်တွေကို ဝတ်ဆင်ပါ

ဂျင်းလို့ပြောလိုက်တာနဲ့ တော်တော်များများက ဂျင်းဘောင်းဘီကိုသာ ပြေးမြင်ကြပါတယ်။ ဂျင်းဂါဝန်လေးတွေနဲ့ ဂျင်း Jumpsuits လေးတွေနဲ့လည်း သမားရိုးကျကနေခွဲထွက်ပြီး ဖက်ရှင်ကို အဆန်းထွင်လို့ရပါတယ်။ ဖက်ရှင်အမြင်ရှိသူတွေက ဂျင်းဘောင်းဘီတွေချည်းပဲ ဝတ်တာထက် ဂျင်းဂါဝန်လေးတွေကိုပါ စမတ်ကျအောင် ဆွဲဆောင်မှုရှိအောင် ဝတ်တတ်ကြပါတယ်။ သင်္ကြန်မှာ ဂျင်းဂါဝန်လေးတွေဝတ်ပြီး ဂျင်းကုတ်လေးထပ်ဝတ်လိုက်ရင် ခပ်မိမိ သင်္ကြန်ဂျင်းဖက်ရှင်ကို ရရှိနိုင်မှာပါ။

Denim Shirtdress

Denim Shirtdress

ဆန့်ကျင်ဘက်နှစ်ခုကို တွဲဖက်ဝတ်ဆင်ခြင်း

Sneaker က အချိန်အခါမရွေး ဝတ်ဆင်လို့ရတဲ့ ဖိနပ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကလူတွေက Sneaker ကို ထသွားထလာနဲ့ အားကစားလုပ်တဲ့ အချိန်မျိုးမှာသာ ဝတ်ဆင်ကြပါတယ်။ Sneaker ကို အနားတွန်ပါတဲ့ ဂါဝန်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ခြင်းကလည်း စွဲမက်ဖွယ်ကောင်းတဲ့ ဝတ်စားဆင်ယင်မှုပုံစံပဲ ဖြစ်ပါတယ်။ စွန့်စားပြီး ဝတ်ရတာကို နှစ်သက်တယ်ဆိုရင် ဆန့်ကျင်ဘက်ဖြစ်တဲ့ မိန်းမဆန်ပြီး သိမ်မွေ့တဲ့ဂါဝန်ပုံစံလေးတွေနဲ့ ရဲ့ရင်မာကျောခြင်းကို ဖော်ဆောင်တဲ့ Sneaker နဲ့ တွဲဖက်ဝတ်ဆင်ကြည့်ပါ။ သင်္ကြန်မှာ ဒီလိုပုံစံကိုဝတ်ဆင်ပြီး အပေါ်ကနေကုတ်ထပ်လိုက်ရင် ချစ်ဖို့ကောင်းတဲ့ အသွင်ကို ရရှိပိုင်ဆိုင်သွားမှာပါ။

Black dress and Sneakers

Black dress and Sneakers

Heel တွေကို မေ့ထားလိုက်ပါ

Heel ဝတ်မှ စမတ်ကျတယ်လို့ထင်ရင် အခုချိန်ကစပြီး ဒီသီအိုရီကို မေ့လိုက်ပါ။ ညပွဲတွေကို တက်တဲ့အခါ ဒေါက်တွေနဲ့ တက်မယ့်အစား Flat Shoe (သို့မဟုတ်) Sandals တွေကို အပြောင်းအလဲအနေနဲ့ ဝတ်ဆင်ပြီး တက်ကြည့်ပါ။ အခုခေတ်မှာ လှပပေါ်လွင်တဲ့ Flat Shoe လေးတွေနဲ့ Sandals ဖိနပ်လေးတွေလေး အမြောက်အမြားပေါ်ပေါက်နေလို့ ကိုယ်နဲ့လိုက်ဖက်တာကိုသာ မှန်ကန်အောင်ရွေးချယ်ပြီး ဝတ်ဆင်သွားရုံပါပဲ။ ဒီလိုဝတ်ဆင်ခြင်းက သူများတွေ ဒေါက်ဝတ်ပြီးနာကျင်နေတဲ့အချိန်မှာ ကိုယ်ကပေါ့ပါးလွတ်လပ်ပြီး လွင့်လိုကောင်း ကလိုကောင်းနေအုံးမှာ သေချာမှာပါ။ သင်္ကြန်ချိန်ခါမှလည်း အပီအပြင်ကဲမယ်ဆိုရင် ဖိနပ်အပါးလေးတွေကိုသာ ဝတ်ဆင်ပြီး ရှိုးထုတ်ဖို့ မမေ့နဲ့နော်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

အခုဖော်ပြတဲ့ အတွဲွအစပ်လေးတွေကို သင်္ကြန်ဖက်ရှင်အနေနဲ့လည်း ဝတ်ဆင်လို့ရသလို သာမန်အချိန်မှာ အများနဲ့မတူတဲ့ ဆန်းပြားတဲ့ အလန်းစားဖက်ရှင်ကို ပိုင်ဆိုင်ချင်တဲ့အခါမျိုးမှာလည်း ဝတ်ဆင်လို့ရတဲ့ ဖက်ရှင်အတွဲအစပ်လေးတွေပဲ ဖြစ်ပါတယ်။ သင်္ကြန်နားလည်းနီးနေပြီမို့ ဒီဖက်ရှင်စတိုင်လ်လေးတွေကို ကြိုက်နှစ်သက်လို့ ဝတ်ဆင်မယ်ဆို ကြိုတင်ပြင်ဆင်လို့ရသလို အခုဖက်ရှင်အတွဲအစပ်လေးတွေနဲ့ ကိုယ်ပိုင်အိုင်ဒီယာလေးတွေနဲ့ ပေါင်းစပ်ပြီး ကိုယ်ပိုင်ဖက်ရှင်လေးတွေလည်း ဖန်တီးကြည့်လို့ ရပါတယ်နော်။သင်္ကြန်မှာ အလန်းအလန်းဆုံးသော ဖက်ရှင်တွေကို ပိုင်ဆိုင်ပြီး ပျော်နိုင်ကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။