[Zawgyi]

ညဘက္စားလည္း ဝိတ္တက္မွာစိုးရိမ္စရာမလိုတဲ႔ အစားအစာမ်ား

လူေတာ္ေတာ္မ်ားမ်ားက အစားအေသာက္စားရမယ္ဆုိ ႏွစ္သက္သူမ်ားပါတယ္။ စိတ္ဖိစီးမႈမ်ားတဲ႔အခါမ်ဳိးမွာလည္း စားတတ္သလို ဝမ္းနည္းၿပီး ေၾကကဲြတဲ႔အခါလည္း စားတတ္ၾကျပန္ေရာ၊ ပ်င္းပ်င္းရွိရင္လည္း အစားထစားၾကျပန္ပါေသးတယ္။ အဲလိုစားၾကတဲ႔အထဲမွာမွ ညဘက္မွေအးေအးေဆးေဆးနားရလုိ႔ ညဘက္မွအတုိးခ်စားျဖစ္တဲ႔သူေတြလည္း ရွိပါတယ္။ က်န္းမာေရးအသိရွိလာျပီး အလွပ်က္မွာေၾကာက္လာျပန္ေတာ႔ ညစာကို သတိထားလာၾကပါတယ္။ ဒီလုိစားလည္းစားခ်င္ အလွပ်က္မွာလည္းေၾကာက္သူေတြအတြက္ ညဘက္မွာလည္း စိတ္ခ်လက္ခ်စားလို႔ရတဲ့ ဝိတ္မတက္ေစတဲ့ အစားအစာေတြက ဘာေတြျဖစ္မလဲၾကည္႔လိုက္ရေအာင္။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

Cheese

Cheese ကို ညလယ္စာသေရစာအေနနဲ႔ စားမယ္ဆုိရင္ ဝိတ္မတက္ေစပါဘူးလို႔ေျပာရင္ ဟုတ္ပမလားဆိုၿပီး ထင္ၾကပါလိမ့္မယ္။ ညလယ္သြားေရစာအေနနဲ႔ စားတဲ့အခါမွာ Cheese တစ္ခ်ပ္ေလာက္စားေပးတာက ဝိတ္မတက္ေစပါဘူး။ ဘယ္အရာမဆို တန္ေဆးလြန္ေဘးရွိတဲ႔အတြက္ တစ္ခ်ပ္ထက္ပိုစားမိရင္ေတာ့ ဝိတ္တက္လာႏိုင္ပါတယ္။ Cheese က Protein ဓာတ္ၾကြယ္ဝတဲ႔ အစားအစာျဖစ္တဲ့အတြက္ ဗုိက္ခဏခဏဆာတာမ်ဳိးမျဖစ္ေစဘဲ ေနာက္တစ္ေန႔မနက္အထိ အဆာခံႏိုင္ပါတယ္။ Cheese လည္းစားခ်င္တယ္ ဝိတ္လည္းလုံးဝအတက္မခံခ်င္ဘူးဆိုသူေတြအေနနဲ႔ေတာ့ Low Fat Cheese ကို ေရြးခ်ယ္ၿပီး စားသံုးလို႔ရပါတယ္။

Cheese

Cheese

Cottage Cheese(မလိုင္ထုတ္ထားတဲ႔ဒိန္ခဲအေပ်ာ႔)

Cottage Cheese မွာ Casein Protein(ႏို႔န႔ဲ ႏို႔ထြက္ပစၥည္းေတြမွာပါဝင္တဲ႔ ပရုိတင္းဓာတ္) မ်ားစြာပါဝင္ပါတယ္။ Casein က ဗိုက္ျပည္႔လြယ္ၿပီး အစာေခ်ႏႈန္းေႏွးတဲ့အတြက္ ေတာ္ရုံနဲ႔ ဗိုက္ဆာတာမ်ဳိးမျဖစ္ေစလို႔ ညဘက္မွာ သေရစာအေနနဲ႔ စားမယ္ဆို စားလို႔ရပါတယ္။

Cottage Cheese

Cottage Cheese

Yogurt

သိပၸံပညာရွင္ေတြက Greek Yogurt ဟာ ညလယ္စာအေနနဲ႔ စားသံုးဖို႔ ၿပီးျပည္႔စံုတဲ႔ အစားအစာျဖစ္တယ္လို႔ သက္ေသျပခဲ႔ပါတယ္။ Yogurt က ပရိုတင္းဓာတ္ၾကြယ္ဝစြာပါဝင္ၿပီး အဆီဓာတ္နဲ႕ သၾကားဓာတ္နည္းတဲ႔ အစားအစာျဖစ္ပါတယ္။ Yogurt ကို အရသာပိုရွိေအာင္ ဘယ္ရီသီးနဲ႔ အခ်ဳိ႕ေသာအသီးအႏွံေတြ ေပါင္းစပ္ၿပီးလည္း စားလို႔ရပါတယ္။

Yogurt

Yogurt

Crackers

ညလယ္စာကို Cracker စားမယ္ဆိုရင္ ကယ္လိုရီနည္းတဲ့ ႏွံစားေျပာင္းအျပည္႔ပါဝင္တဲ႔ Cracker ကို စားသံုးေပးလို႔ရပါတယ္။ Cracker ကို စားတဲ့အခါမွာ ဒီတိုင္းပလိန္းႀကီးစားတာထက္ Cheese တစ္ခ်ပ္နဲ႔ Cottage Cheese တို႔နဲ႔ ေပါင္းစပ္ၿပီး အရသာရွိတဲ႔ သေရစာဖန္တီးလို႔ရပါတယ္။ ဒီသေရစာမွာပါဝင္တဲ႔ ပါဝင္ပစၥည္းေတြက Protein ဓာတ္ၾကြယ္ဝၿပီး ကယ္လိုရီနည္းတဲ႔ အစားအစာေတြျဖစ္လို႔ ဝမွာကိုလည္း လံုးဝစိုးရိမ္စရာမလိုပါဘူးေနာ္။

Popcorn

Popcorn က ညလယ္စာသေရစာအေနန႔ဲ စားဖို႔အတြက္ အသင္႔ေတာ္ဆံုး အစားအစာျဖစ္ပါတယ္။ ဒါေပမယ့္ ေထာပတ္နဲ႔လုပ္ထားၿပီး Microwave ထဲထည္႔ထားတဲ႔ Popcorn မ်ဳိးကို ညဘက္မွာ မစားသံုးသင္႔ပါဘူး။ ညဘက္စားမယ္ဆို ေထာပတ္မပါတဲ့ Popcorn အျဖဴထည္က အသင္႔ေတာ္ဆံုးပါပဲ။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

Eggs

ညဘက္ဗုုိက္ဆာလို႔ ဘာစားရမလဲမသိဘူးဆိုရင္ ၾကက္ဥကို ေရြးခ်ယ္စားသံုးလို႔ရပါတယ္။ ၾကက္ဥတစ္လံုးမွာ ၇၅ ကယ္လိုရီသာပါဝင္ၿပီး ပရိုတင္းဓာတ္ေတြ ၾကြယ္ဝစြာပါဝင္လို႔ ဗိုက္ခဏခဏဆာတာမ်ဳိးမျဖစ္ေစလို႔ အျခားဘာမွထပ္စားမိမွာမဟုတ္ပါဘူး။

Eggs

Eggs

Banana

ဌက္ေပ်ာသီးက ကယ္လိုရီျမင္႔တဲ႔ အစားအစာျဖစ္ေပမယ္႔ Potassium နဲ႔ Magnesium ၾကြယ္ဝစြာပါဝင္တဲ့အတြက္ စိတ္ကုိၾကည္လင္လန္းဆန္းေစပါတယ္။ ဌက္ေပ်ာသီးမွာ အိပ္ေပ်ာ္ေစတဲ႔ Melatonin ဓာတ္လည္းပါဝင္တဲ႔အတြက္္ ညဘက္မွာငွက္ေပ်ာသီးစားတာက ေကာင္းမြန္စြာ အိပ္စက္ႏုိင္ဖို႔အတြက္လည္း အေထာက္အကူျဖစ္ေစပါတယ္။

Banana

Banana

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ညဘက်စားလည်း ဝိတ်တက်မှာစိုးရိမ်စရာမလိုတဲ့ အစားအစာများ

လူတော်တော်များများက အစားအသောက်စားရမယ်ဆို နှစ်သက်သူများပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါမျိုးမှာလည်း စားတတ်သလို ဝမ်းနည်းပြီး ကြေကွဲတဲ့အခါလည်း စားတတ်ကြပြန်ရော၊ ပျင်းပျင်းရှိရင်လည်း အစားထစားကြပြန်ပါသေးတယ်။ အဲလိုစားကြတဲ့အထဲမှာမှ ညဘက်မှအေးအေးဆေးဆေးနားရလို့ ညဘက်မှအတိုးချစားဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ ကျန်းမာရေးအသိရှိလာပြီး အလှပျက်မှာကြောက်လာပြန်တော့ ညစာကို သတိထားလာကြပါတယ်။ ဒီလိုစားလည်းစားချင် အလှပျက်မှာလည်းကြောက်သူတွေအတွက် ညဘက်မှာလည်း စိတ်ချလက်ချစားလို့ရတဲ့ ဝိတ်မတက်စေတဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

Cheese

Cheese ကို ညလယ်စာသရေစာအနေနဲ့ စားမယ်ဆိုရင် ဝိတ်မတက်စေပါဘူးလို့ပြောရင် ဟုတ်ပမလားဆိုပြီး ထင်ကြပါလိမ့်မယ်။ ညလယ်သွားရေစာအနေနဲ့ စားတဲ့အခါမှာ Cheese တစ်ချပ်လောက်စားပေးတာက ဝိတ်မတက်စေပါဘူး။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးရှိတဲ့အတွက် တစ်ချပ်ထက်ပိုစားမိရင်တော့ ဝိတ်တက်လာနိုင်ပါတယ်။ Cheese က Protein ဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်တဲ့အတွက် ဗိုက်ခဏခဏဆာတာမျိုးမဖြစ်စေဘဲ နောက်တစ်နေ့မနက်အထိ အဆာခံနိုင်ပါတယ်။ Cheese လည်းစားချင်တယ် ဝိတ်လည်းလုံးဝအတက်မခံချင်ဘူးဆိုသူတွေအနေနဲ့တော့ Low Fat Cheese ကို ရွေးချယ်ပြီး စားသုံးလို့ရပါတယ်။

Cheese

Cheese

Cottage Cheese(မလိုင်ထုတ်ထားတဲ့ဒိန်ခဲအပျော့)

Cottage Cheese မှာ Casein Protein(နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ ပရိုတင်းဓာတ်) များစွာပါဝင်ပါတယ်။ Casein က ဗိုက်ပြည့်လွယ်ပြီး အစာချေနှုန်းနှေးတဲ့အတွက် တော်ရုံနဲ့ ဗိုက်ဆာတာမျိုးမဖြစ်စေလို့ ညဘက်မှာ သရေစာအနေနဲ့ စားမယ်ဆို စားလို့ရပါတယ်။

Cottage Cheese

Cottage Cheese

Yogurt

သိပ္ပံပညာရှင်တွေက Greek Yogurt ဟာ ညလယ်စာအနေနဲ့ စားသုံးဖို့ ပြီးပြည့်စုံတဲ့ အစားအစာဖြစ်တယ်လို့ သက်သေပြခဲ့ပါတယ်။ Yogurt က ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး အဆီဓာတ်နဲ့ သကြားဓာတ်နည်းတဲ့ အစားအစာဖြစ်ပါတယ်။ Yogurt ကို အရသာပိုရှိအောင် ဘယ်ရီသီးနဲ့ အချို့သောအသီးအနှံတွေ ပေါင်းစပ်ပြီးလည်း စားလို့ရပါတယ်။

Yogurt

Yogurt

Crackers

ညလယ်စာကို Cracker စားမယ်ဆိုရင် ကယ်လိုရီနည်းတဲ့ နှံစားပြောင်းအပြည့်ပါဝင်တဲ့ Cracker ကို စားသုံးပေးလို့ရပါတယ်။ Cracker ကို စားတဲ့အခါမှာ ဒီတိုင်းပလိန်းကြီးစားတာထက် Cheese တစ်ချပ်နဲ့ Cottage Cheese တို့နဲ့ ပေါင်းစပ်ပြီး အရသာရှိတဲ့ သရေစာဖန်တီးလို့ရပါတယ်။ ဒီသရေစာမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက Protein ဓာတ်ကြွယ်ဝပြီး ကယ်လိုရီနည်းတဲ့ အစားအစာတွေဖြစ်လို့ ဝမှာကိုလည်း လုံးဝစိုးရိမ်စရာမလိုပါဘူးနော်။

Popcorn

Popcorn က ညလယ်စာသရေစာအနေနဲ့ စားဖို့အတွက် အသင့်တော်ဆုံး အစားအစာဖြစ်ပါတယ်။ ဒါပေမယ့် ထောပတ်နဲ့လုပ်ထားပြီး Microwave ထဲထည့်ထားတဲ့ Popcorn မျိုးကို ညဘက်မှာ မစားသုံးသင့်ပါဘူး။ ညဘက်စားမယ်ဆို ထောပတ်မပါတဲ့ Popcorn အဖြူထည်က အသင့်တော်ဆုံးပါပဲ။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

Eggs

ညဘက်ဗိုုက်ဆာလို့ ဘာစားရမလဲမသိဘူးဆိုရင် ကြက်ဥကို ရွေးချယ်စားသုံးလို့ရပါတယ်။ ကြက်ဥတစ်လုံးမှာ ၇၅ ကယ်လိုရီသာပါဝင်ပြီး ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ ဗိုက်ခဏခဏဆာတာမျိုးမဖြစ်စေလို့ အခြားဘာမှထပ်စားမိမှာမဟုတ်ပါဘူး။

Eggs

Eggs

Banana

ဌက်ပျောသီးက ကယ်လိုရီမြင့်တဲ့ အစားအစာဖြစ်ပေမယ့် Potassium နဲ့ Magnesium ကြွယ်ဝစွာပါဝင်တဲ့အတွက် စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ ဌက်ပျောသီးမှာ အိပ်ပျော်စေတဲ့ Melatonin ဓာတ်လည်းပါဝင်တဲ့အတွက် ညဘက်မှာငှက်ပျောသီးစားတာက ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

Banana

Banana

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။