[Zawgyi]

ကမာၻ႔အႀကီးဆံုး သြားႏွင့္ခံတြင္းက်န္းမာေရး အသိပညာေပးေဟာေျပာပြဲၾကီးအျဖစ္ ဆစ္ဂနယ္ျမန္မာက ဂင္းနစ္ကမာၻ႔ စံခ်ိန္သစ္တင္

ျမန္မာနိုင္ငံရွိ Unilever ၏ ထိပ္တန္း သြားက်န္းမာေရးအေလးေပး အမွတ္တံဆိပ္တစ္ခု ျဖစ္ေသာ ဆစ္ဂနယ္သည္ ေက်ာင္းသား၊ ေက်ာင္းသူစုစုေပါင္း ၂,၄၉၉ ေယာက္ပါ၀င္သည့္ ကမာၻ႔အႀကီးဆံုး သြားနွင့္ခံတြင္း က်န္းမာေရး အသိပညာေပး ေဟာေျပာပြဲႀကီးအားက်င္းပၿပီး ကမာၻ႔စံခ်ိန္သစ္တင္မႈကို ဂင္းနစ္ ကမၻာ့စံခ်ိန္ မွတ္တမ္းအဖြဲ႕အစည္းက အတည္ျပဳေပးလိုက္ၿပီ ျဖစ္သည္။ ယခုကဲ့သုိ႔ ဂင္းနစ္ကမၻာ့စံခ်ိန္သစ္ တင္ႏိုင္သူျဖစ္လာေသာ ဆစ္ဂနယ္၏ ေအာင္ျမင္မႈသည္ ျမန္မာနိုင္ငံရွိ မိသားစုမ်ားအတြက္ သြားပိုးေပါက္ ကင္းစင္ေသာ အနာဂတ္ ေဖာ္ေဆာင္မႈ ရည္ရြယ္ခ်က္အတြက္ႀကိဳးစား လုပ္ေဆာင္မႈမ်ားကို ပိုမို၍ အေထာက္အကူျပဳေစႏိုင္မည္ျဖစ္သည္။ “ဆစ္ဂနယ္အေနန ဲ႔ ျမန္မာႏုိင္ငံတြင္းမွာ အခုလို ဂင္းနစ္ ကမၻာ့စံခ်ိန္တစ္ခုကို ေအာင္ေအာင္ျမင္ျမင္စံခ်ိန္တင္လိုက္ႏုိင္တဲ့အတြက္ ျမန္မာနိုင္ငံအတြက္ေရာ ျမန္မာနိုင္ငံက ကေလးေတြအတြက္ကိုပါ အရမ္းကို ဝမ္းသာ ဂုဏ္ယူမိပါတယ္။ ဆစ္ဂနယ္အေနနဲ႔ သံုးစြဲသူျပည္သူေတြအတြက္အရည္အေသြးျမင့္ သြားတိုက္ေဆးေတြ မိတ္ဆက္ေပးေနတ ဲ့အျပင္ ကေလးငယ္ေတြနဲ႔ မိသားစုေတြကိုလည္း မွန္ကန္တဲ့ သြားနဲ႔ခံတြင္း က်န္းမာသန္႔ရွင္းေရး အေလ့အထေတြကို စဥ္ဆက္မျပတ္ မွ်ေ၀ေပးေနတာပါ။ ဆစ္ဂနယ္နဲ႔အတူ ဂင္းနစ္စံခ်ိန္ ခ်ိဳးသူေတြျဖစ္ၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြအားလံုးအတြက္လည္း ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း ေျပာခ်င္ပါတယ္” ဟု ဆစ္ဂနယ္၏ Senior Brand Manager ျဖစ္သူမဇင္မ်ဳိးထက္က ေျပာၾကားသည္။

ျမန္မာနိုင္ငံ၏ ထိပ္တန္းသြားက်န္းမာေရး အမွတ္တံဆိပ္ဆစ္ဂနယ္သည္ ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္ႏွင့္ သကၤန္းကြ်န္းၿမိဳ႕နယ္ရွိ အေျခခံပညာေက်ာင္း၁၆ ေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူ၂,၅၀၀ ေယာက္ျဖင့္ ဂင္းနစ္စံခ်ိန္ခ်ဳိးပြဲကို ၾသဂုတ္လ၊ ၁၇ရက္ေန႔၊ ၂၀၁၈ခုနွစ္တြင္ အမ်ဳိးသားအားကစားၿပိဳင္ပြဲရံု(၁)၊ သုဝဏၰ၌ က်င္းပခဲ့ သည္။ သ ြားနွင့္ခံတြင္း က်န္းမာေရးအသင္းမွ ဆရာဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ေဒါက္တာ ေမာင္ေမာင္ျမင့္ နွင့္ ေဒါက္တာ နွင္းႏြယ္ယ္ၿဖိဳး တို႔မွလည္း မွန္ကန္ေသာ သြားႏွင့္ခံတြင္းက်န္းမာေရး သင္ခန္းစာမ်ားကို သင္ၾကားပို႔ခ်ခဲ့ၾကသည္။  “အခုလို ျမန္မာနိုင္ငံအတြက္ ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ႏိုင္ေအာင္ႀကိဳးစားခဲ့တဲ့ ဆစ္ဂနယ္သြားတိုက္ေဆးအတြက္ မ်ားစြာဂုဏ္ယူမိပါတယ္။ ဆစ္ဂနယ္က ျမန္မာႏိုင္ငံရွိမိသားစုေတြ အားလံုးအတြက္ ကမာၻ႔အဆင့္မီသြားတိုက္ေဆးေတြ ေထာက္ပံ့ေပးရံုမကဘဲ မွန္ကန္တဲ့ သြားနဲ႔ခံတြင္း အေလ့အက်င့္ေတြ ရွိေနေအာင္ တစ္ဖက္တစ္လမ္းက ဝိုင္းဝန္းကူညီၾကတဲ့ အတြက္လည္းမ်ားစြာ ေက်းဇူးတင္ရွိပါတယ္”ဟု စံခ်ိန္ခ်ိဳးပြဲကို ပါ၀င္ဆင္ႏႊဲခဲ့ၾကေသာ ျမန္မာနိုင္ငံ သြားႏွင့္ခံတြင္း ဆရာဝန္အသင္း၏ ဥကၠဌျဖစ္သူ ပါေမာကၡ ေဒါက္တာသိန္းၾကဴက ေျပာၾကားသည္။

ရန္ကုန္တိုင္းေဒသၾကီး အစိုးရ၊ ပညာေရးဝန္ႀကီး ဌာန၊ က်န္းမာေရးဝန္ႀကီးဌာန၊ ျမန္မာနိုင္ငံသ ြားနွင့္ခံတြင္း ဆရာဝန္အသင္း၊ အားကစားနွင့္ ကာယသိပၸံဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ Unilever မွ ဝန္ထမ္းမ်ားနွင့္ တာေမြနွင့္ သကၤန္းကြ်န္းၿမိဳ႕နယ္အေျခခံပညာေက်ာင္း ၁၆ ေက်ာင္းမွ ေက်ာင္းသား ေက်ာင္းသူ ၂,၅၀၀ေက်ာ္တို႔သည္ စံခ်ိန္ခ်ိဳးပြဲကို တက္ေရာက္ခဲ့ၾကသည္။ ရုပ္ရွင္သရုပ္ေဆာင္လည္းျဖစ္ မိခင္တစ္ဦးလည္းျဖစ္ေသာ ဆစ္ဂနယ္ Brand Endorser အကယ္ဒမီသက္မြန္ျမင့္လည္း အခမ္းအနားကိုတက္ေရာက္အားေပးခဲ့သည္။ “ဒီ ၾကိဳးပမ္းမႈၾကီးျဖစ္ေျမာက္ေအာင္ အဖက္ဖက္က ကူညီေပးတဲ့ အစိုးရအဖြဲ႕အစည္းအသီးသီးက တာဝန္ရွိသူေတြ၊ ဆရာဆရာမေတြ၊ ေက်ာင္းသား ေက်ာင္းသူေတြ ဆစ္ဂနယ္ Brand Endorser မသက္မြန္ျမင့္၊ ျမန္မာႏုိင္ငံ သ ြားနွင့္ ခံတ ြင္း ဆရာဝန္အသင္း၊ UnileverEAC မွ ဝန္ထမ္း ေတြ၊ ပိုင္း၀န္းပံ့ပိုးကူညီၾကတဲ့ ေစတနာ့၀န္ထမ္းေတြ၊ ဝိုင္းဝန္းလုပ္ကိုင္ေပးတ ဲ့ ေအဂ်င္စီ ေတြကို အထူးပဲ ေက်းဇူးတင္ပါတယ္။ ဆစ္ဂနယ္ သြားတိုက္ေဆးကလည္း ျမန္မာနိုင္ငံရွိမိသားစုေတြ အားလံုးရဲ႕ သြားႏွင့္ခံတ ြင္း က်န္းမာေရးကို အျမဲဂရုစိုက္ကာကြယ္ေပးသြားမွာပါလို႔ ကတိေပးပါတယ္” ဟု မဇင္မ်ိဳးက ထပ္ေလာင္းေျပာၾကားခဲ့သည္။ ဆစ္ဂနယ္သည္ ျမန္မာနိုင္ငံ၏ သြားနွင့္ခံတြင္း က်န္းမာေရး ျမင့္တင္သည့္ အစီအစဥ္မ်ားကို ၂၀၁၃ ခုႏွစ္မွ စတင္လုပ္ေဆာင္ခဲ့သည္။ ေက်ာင္းသား ေက်ာင္းသူမ်ားအား သြားႏွင့္ခံတြင္းက်န္းမာေရး၏ အေရးႀကီးပံုမ်ားကို ေကာင္းမြန္စြာ အသိပညာေပးနိုင္ရန္ “Brush Day and Night” အစီအစဥ္ကို စတင္ေဆာင္ရြက္ခဲ့သည္။ ယခုအခါတြင္ ဆစ္ဂနယ္သည္ သြားႏွင့္ခံတြင္း က်န္းမာေရးအသိပညာကို ျမန္မာႏိုင္ငံရွိလူဦးေရ ၁၆ သန္းအထိေရာက္ရွိ အသိပညာေပးႏိုင္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္တြင္ လူသန္းေပါင္း ၃၀ အား ခံတြင္းသန္႔ရွင္းေရး စံႏႈန္းမ်ား မွ်ေဝေပးနိုင္ရန္လည္း ရည္ရြယ္ထားသည္။

အခရာ (Akhayar)

[Unicode]

ကမ္ဘာ့အကြီးဆုံး သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကြီးအဖြစ် ဆစ်ဂနယ်မြန်မာက ဂင်းနစ်ကမ္ဘာ့ စံချိန်သစ်တင်

မြန်မာနိုင်ငံရှိ Unilever ၏ ထိပ်တန်း သွားကျန်းမာရေးအလေးပေး အမှတ်တံဆိပ်တစ်ခု ဖြစ်သော ဆစ်ဂနယ်သည် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂,၄၉၉ ယောက်ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး သွားနှင့်ခံတွင်း ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကြီးအားကျင်းပပြီး ကမ္ဘာ့စံချိန်သစ်တင်မှုကို ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့အစည်းက အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။ ယခုကဲ့သို့ ဂင်းနစ်ကမ္ဘာ့စံချိန်သစ် တင်နိုင်သူဖြစ်လာသော ဆစ်ဂနယ်၏ အောင်မြင်မှုသည် မြန်မာနိုင်ငံရှိ မိသားစုများအတွက် သွားပိုးပေါက် ကင်းစင်သော အနာဂတ် ဖော်ဆောင်မှု ရည်ရွယ်ချက်အတွက်ကြိုးစား လုပ်ဆောင်မှုများကို ပိုမို၍ အထောက်အကူပြုစေနိုင်မည်ဖြစ်သည်။ “ဆစ်ဂနယ်အနေန ဲ့ မြန်မာနိုင်ငံတွင်းမှာ အခုလို ဂင်းနစ် ကမ္ဘာ့စံချိန်တစ်ခုကို အောင်အောင်မြင်မြင်စံချိန်တင်လိုက်နိုင်တဲ့အတွက် မြန်မာနိုင်ငံအတွက်ရော မြန်မာနိုင်ငံက ကလေးတွေအတွက်ကိုပါ အရမ်းကို ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဆစ်ဂနယ်အနေနဲ့ သုံးစွဲသူပြည်သူတွေအတွက်အရည်အသွေးမြင့် သွားတိုက်ဆေးတွေ မိတ်ဆက်ပေးနေတ ဲ့အပြင် ကလေးငယ်တွေနဲ့ မိသားစုတွေကိုလည်း မှန်ကန်တဲ့ သွားနဲ့ခံတွင်း ကျန်းမာသန့်ရှင်းရေး အလေ့အထတွေကို စဉ်ဆက်မပြတ် မျှဝေပေးနေတာပါ။ ဆစ်ဂနယ်နဲ့အတူ ဂင်းနစ်စံချိန် ချိုးသူတွေဖြစ်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအားလုံးအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောချင်ပါတယ်” ဟု ဆစ်ဂနယ်၏ Senior Brand Manager ဖြစ်သူ မဇင်မျိုးထက်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ထိပ်တန်းသွားကျန်းမာရေး အမှတ်တံဆိပ်ဆစ်ဂနယ်သည် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်နှင့် သင်္ကန်းကျွန်းမြို့နယ်ရှိ အခြေခံပညာကျောင်း၁၆ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၂,၅၀၀ ယောက်ဖြင့် ဂင်းနစ်စံချိန်ချိုးပွဲကို သြဂုတ်လ၊ ၁၇ရက်နေ့၊ ၂၀၁၈ခုနှစ်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏ၌ ကျင်းပခဲ့ သည်။ သ ွားနှင့်ခံတွင်း ကျန်းမာရေးအသင်းမှ ဆရာဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ မောင်မောင်မြင့် နှင့် ဒေါက်တာ နှင်းနွယ်ယ်ဖြိုး တို့မှလည်း မှန်ကန်သော သွားနှင့်ခံတွင်းကျန်းမာရေး သင်ခန်းစာများကို သင်ကြားပို့ချခဲ့ကြသည်။  “အခုလို မြန်မာနိုင်ငံအတွက် အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်အောင်ကြိုးစားခဲ့တဲ့ ဆစ်ဂနယ်သွားတိုက်ဆေးအတွက် များစွာဂုဏ်ယူမိပါတယ်။ ဆစ်ဂနယ်က မြန်မာနိုင်ငံရှိမိသားစုတွေ အားလုံးအတွက် ကမ္ဘာ့အဆင့်မီသွားတိုက်ဆေးတွေ ထောက်ပံ့ပေးရုံမကဘဲ မှန်ကန်တဲ့ သွားနဲ့ခံတွင်း အလေ့အကျင့်တွေ ရှိနေအောင် တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကူညီကြတဲ့ အတွက်လည်းများစွာ ကျေးဇူးတင်ရှိပါတယ်”ဟု စံချိန်ချိုးပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသော မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း၏ ဥက္ကဌဖြစ်သူ ပါမောက္ခ ဒေါက်တာသိန်းကြူက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံသ ွားနှင့်ခံတွင်း ဆရာဝန်အသင်း၊ အားကစားနှင့် ကာယသိပ္ပံဦးစီးဌာနမှ တာဝန်ရှိသူများ၊ Unilever မှ ဝန်ထမ်းများနှင့် တာမွေနှင့် သင်္ကန်းကျွန်းမြို့နယ်အခြေခံပညာကျောင်း ၁၆ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၂,၅၀၀ကျော်တို့သည် စံချိန်ချိုးပွဲကို တက်ရောက်ခဲ့ကြသည်။ ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ် မိခင်တစ်ဦးလည်းဖြစ်သော ဆစ်ဂနယ် Brand Endorser အကယ်ဒမီသက်မွန်မြင့်လည်း အခမ်းအနားကိုတက်ရောက်အားပေးခဲ့သည်။ “ဒီ ကြိုးပမ်းမှုကြီးဖြစ်မြောက်အောင် အဖက်ဖက်က ကူညီပေးတဲ့ အစိုးရအဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ ဆစ်ဂနယ် Brand Endorser မသက်မွန်မြင့်၊ မြန်မာနိုင်ငံ သ ွားနှင့် ခံတ ွင်း ဆရာဝန်အသင်း၊ UnileverEAC မှ ဝန်ထမ်း တွေ၊ ပိုင်းဝန်းပံ့ပိုးကူညီကြတဲ့ စေတနာ့ဝန်ထမ်းတွေ၊ ဝိုင်းဝန်းလုပ်ကိုင်ပေးတ ဲ့ အေဂျင်စီ တွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဆစ်ဂနယ် သွားတိုက်ဆေးကလည်း မြန်မာနိုင်ငံရှိမိသားစုတွေ အားလုံးရဲ့ သွားနှင့်ခံတ ွင်း ကျန်းမာရေးကို အမြဲဂရုစိုက်ကာကွယ်ပေးသွားမှာပါလို့ ကတိပေးပါတယ်” ဟု မဇင်မျိုးက ထပ်လောင်းပြောကြားခဲ့သည်။ ဆစ်ဂနယ်သည် မြန်မာနိုင်ငံ၏ သွားနှင့်ခံတွင်း ကျန်းမာရေး မြင့်တင်သည့် အစီအစဉ်များကို ၂၀၁၃ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့သည်။ ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေး၏ အရေးကြီးပုံများကို ကောင်းမွန်စွာ အသိပညာပေးနိုင်ရန် “Brush Day and Night” အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်။ ယခုအခါတွင် ဆစ်ဂနယ်သည် သွားနှင့်ခံတွင္း ကျန်းမာရေးအသိပညာကို မြန်မာနိုင်ငံရှိလူဦးရေ ၁၆ သန်းအထိရောက်ရှိ အသိပညာပေးနိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် လူသန်းပေါင်း ၃၀ အား ခံတွင်းသန့်ရှင်းရေး စံနှုန်းများ မျှဝေပေးနိုင်ရန်လည်း ရည်ရွယ်ထားသည်။

အခရာ (Akhayar)