[Zawgyi]

Laptop တစ္လုံး၀ယ္မယ္ဆိုရင္ ဘယ္အခ်က္ေတြ စဥ္းစားရမလဲ

Laptop တစ္လုံးဝယ္ေတာ့မယ့္အခါ ဘယ္ Brand အေကာင္းဆုံးလဲ၊ ေစ်းကေရာ ဘယ္ေလာက္ရွိလဲ စသျဖင့္ ေမးတတ္ၾကပါတယ္။ ဒီေနရာမွာ ဗဟုသုတလဲနည္း၊ အေတြ႔ၾကဳံလဲ မရွိတဲ့အခါ အၾကံဥာဏ္ေပးတဲ့လူ ေျပာတဲ့အတိုင္း ဝယ္ျဖစ္သြားၾကတာမ်ားပါတယ္။ ဆိုေတာ့ ကြန္ပ်ဴတာပဲျဖစ္ျဖစ္ ဖုန္းပဲျဖစ္ျဖစ္ ဝယ္ေတာ့မယ္ဆိုရင္ ဘယ္အခ်က္ေတြ စဥ္းစားသင့္သလဲဆိုတာ ေဖာ္ျပသြားပါ့မယ္။

Dell XPS

သုံးစြဲမယ့္ ေငြေၾကးနဲ႔ စြမ္းေဆာင္ရည္ အျမဲႏႈိင္းယွဥ္ပါ

ဒါနဲ႔ ပတ္သက္လို႔ ကြန္ပ်ဴတာမကလို႔ ဘာပဲဝယ္ဝယ္ ကိုယ္သုံးခ်င္တဲ့ ပမာဏနဲ႔ အံကိုက္ျဖစ္မယ့္ Model ၂ မ်ိဳး၊ ၃ မ်ိဳး ၾကိဳ ရွာထားပါ။ ဆိုလိုတာ ေဒၚလာ ၃၀၀ ဝန္းက်င္ Office ကြန္ပ်ဴတာ တစ္လုံးဝယ္ခ်င္တယ္၊ အဲ့ေစ်းနဲ႔ ရနိုင္မယ့္ Laptop (သို႔) Desktop ၂ မ်ိဳး ၃ မ်ိဳးေလာက္ လိုက္ၾကည့္ျပီး ေစ်းႏႈန္းနဲ႔ စြမ္းေဆာင္ရည္ေတြ ႏႈိင္းယွဥ္ၾကည့္ၾကည့္ပါ။ အဲ့ဒီလို Compare လုပ္ၾကည့္လို႔ ေစ်းကလဲ သိပ္မကြာဘူး Specification ကလည္း ကိုယ့္အၾကိဳက္ျဖစ္ေနျပီဆိုမွ ဝယ္ဖို႔စဥ္းစားပါ။

Acer Aspire

ကြ်မ္းက်င္သူေတြရဲ့ အၾကံဥာဏ္ရယူပါ

ဒီ Model ေလးၾကိဳက္လို႔ ဝယ္ခ်င္သပ ျဖစ္ေနျပီဆိုရင္လည္း Up-to-date ျဖစ္ရဲ႕လား အျမဲတန္း ဆန္းစစ္ပါ။ ဘာလို႔လဲဆိုရင္ ေရာင္းမကုန္လို႔ Clearance Sale နဲ႔ သြားတိုးနိုင္သလို Promotion ခ်တာမ်ိဳးနဲ႔ သြားၾကဳံနိုင္တာမလို႔ မဝယ္ခင္ ေသခ်ာစုံစမ္းပါ။ ေနာက္ျပီး ကြန္ပ်ဴတာမွာလည္း အျမဲလိုလို အသစ္ ထြက္ေနတာဆိုေတာ့ Processor ဘယ္ Generation ထြက္ေနျပီလဲ၊ RAM ကိုေရာ 4GB သုံးတာ ေလာက္ရဲ႕လား၊ Graphics ပါတာနဲ႔ မပါတာ ဘာကြာသြားသလဲ၊ Hard Disk ကေရာ 1TB (1000GB) ဆို ထပ္တိုးဖို႔ လိုသလားဆိုတဲ့ ေမးခြန္းမ်ိဳး ၀န္ထမ္းေတြ နားျငီးသြားတဲ့အထိ ထိုင္ေမးပါ။ ဒီအခ်က္က Gaming Laptop နဲ႔ Video Editing လို အျမင့္ပိုင္း Laptop ရွာဝယ္ရတဲ့အခါ ေစ်းေရာ Performance ပါ ထည့္ခ်ိန္ရတာမလို႔ ေစ့ေစ့ေပါက္ေပါက္ စုံစမ္းပါ။

Asus Vivobooks

အေကာင္းဆုံး အာမခံ ေပးနိုင္တာမ်ိဳးကိုပဲ ေရြးခ်ယ္ပါ

Dell အလုံးေလးၾကိဳက္တယ္၊ နိုင္ငံျခားက မွာခ်င္တယ္၊ ဒါမယ့္ နိုင္ငံျခားအလုံးေတြ ဒီမွာ အာမခံေပးရဲ႕လား ထပ္စဥ္းစားပါ။ ဘာလို႔လဲဆိုရင္ အာမခံ မရွိတဲ့ ဘယ္ပစၥည္းမဆို အေလ်ာ္အစားမရွိသလို တခုခု ပ်က္စီးသြားခဲ့ရင္ စိတ္ညစ္ရတာမလို႔ပါ။ အရင္တုန္းကဆိုရင္ Apple Brand မွာေတာင္ သီးသန္႔ Authorized Service Center မရွိခဲ့တာမို႔လို႔ iPhone နဲ႔ iPad ေတြ MacBook ေတြ တခုခုျဖစ္သြားခဲ့ရင္ Spare Parts (စပယ္ယာပတ္) ေတြ နိုင္ငံျခားကေန မွာေပးရတဲ့အထိ ဒုကၡမ်ားခဲ့ရတာပါ။ ဒါေၾကာင့္မလို႔ ျပင္ရ၊ ဆင္ရ တဲ့ကိစၥမ်ိဳးမွာ ရွိသင့္တဲ့ေစ်းႏႈန္းထက္ ေစ်းပိုၾကီးေနရသလို အခုခ်ိန္မွာ ဘယ္ Brand ပဲ ဝယ္ဝယ္ အေကာင္းဆုံး အာမခံ ေပးနိုင္တာမ်ိဳးကိုပဲ ေရြးခ်ယ္ပါ။

Apple MacBook Air

ကိုယ့္အၾကိဳက္ပဲ ျဖစ္ပါေစ

ဖုန္းပဲဝယ္ဝယ္၊ ကြန္ပ်ဴတာပဲဝယ္ဝယ္ ကိုယ့္ Favourite ျဖစ္ဖို႔ပဲ စဥ္းစားပါ။ ကိုယ္တတ္နိုင္တဲ့ ပမာဏဆိုတာထက္ ဒီဖုန္းေလးၾကိဳက္ေနတယ္၊ HP လက္ေတာ့ေလးၾကိဳက္ေနတယ္၊ ဝယ္ဖို႔လဲတတ္နိုင္ေနျပီဆိုရင္ ကိုယ္မၾကိဳက္တဲ့အခ်က္ ပါရဲ႕လား Review ေတြ လိုက္ဖတ္ပါ။ ဒီအခ်က္ကို Budget ကြန္ပ်ဴတာ ဆင္ခ်င္တဲ့သူေတြလည္း အေလးအနက္ စဥ္းစားရမွာ ျဖစ္ပါတယ္။ ဘာလို႔လဲဆိုရင္ ဝယ္ျပီးမွ ေနာင္တရတာမ်ိဳးထက္ မဝယ္ခင္ကတည္းက ဘယ္ Component သုံးမယ္၊ Processor ဘယ္ေလာက္ထည့္မယ္ Graphics ကို ဘယ္ေလာက္အထိ ဆြဲမယ္ စသျဖင့္ ေစ်းႏႈန္းေတြနဲ႔ Performance ေတြ Review လိုက္ဖတ္ျပီး အျမဲႏႈိင္းယွဥ္ဖို႔ မေမ့ပါနဲ႔။

Msi X-slim

From Office through Gaming

ဒီလိုပဲ Laptop ဝယ္ရင္လည္း ကိုယ္သုံးခ်င္တဲ့ အေနအထားလိုက္ ရုံးသုံးလုပ္ငန္းသုံး Notebook မ်ိဳးကေန Ultrabook လား Gaming လား WorkStation လားဆိုျပီး ကိုယ့္အၾကိဳက္နဲ႔ ထပ္တူက်မယ့္ Laptop မ်ိဳး ဝယ္ယူဖို႔ အၾကဳံျပဳခ်င္ပါတယ္။ ဒီေနရာမွာ ထည့္ေျပာခ်င္တာက Laptop ၀ယ္တဲ့အခါ Display ထက္ Performance ပိုင္းကိုပဲ ၾကည့္မဝယ္မိဖို႔ပါ။ ဆိုလိုတာ Performance လည္းအေရးၾကီးသလို Display ကလည္း ပဓာနက်တဲ့အခ်က္ ျဖစ္ေနလို႔ပါ။ ကိုယ္က Game ကစားခ်င္လို႔ Gaming Laptop တလုံးကို ၁၅ သိန္းေလာက္ေပး၀ယ္ထားျပီးမွ Display ဂြမ္းေနလို႔ Calibration လုပ္ ဒါမွမဟုတ္ External Display နဲ႔ ခ်ိတ္ကစားေနရရင္ မဟုတ္ေသးပါဘူး။

Lenovo Legion

ဒါေၾကာင့္မလို႔ Laptop ဝယ္တဲ့အခါ ေစ်းႏႈန္းနဲ႔ Performance နွစ္မ်ိဳးပဲ ၾကည့္ေရြးတာထက္ Display ပိုင္းကိုလည္း ဦးစားေပးစဥ္းစားပါ။ ဆိုေတာ့ ဒီေဆာင္းပါးေလးမွာ ကြန္ပ်ဴတာပဲ ျဖစ္ျဖစ္၊ ဖုန္းပဲျဖစ္ျဖစ္ ဝယ္ေတာ့မယ္ဆိုရင္ ကိုယ့္အၾကိဳက္ကိုပဲ ဦးစားေပးပါ။ အခုခ်ိန္က အင္တာနက္ ေခတ္ေကာင္းေနတာမလို႔ Review ေတြ လိုက္ရွာဖတ္ပါ။ ဒီအခ်က္က ေစ်းႏႈန္းလည္းသိပ္မကြာဘူး Performance ကိုလည္း Detail ႏႈိင္းယွဥ္ခ်င္တယ္ဆိုရင္ Review ဖတ္ထားေလးက အေထာက္အကူျဖစ္မွာမလို႔ပါ။ ေနာက္ဆုံးအေနနဲ႔ Warranty နဲ႔ Service နွစ္မ်ိဳးလုံး အာမခံ ေကာင္းေကာင္းေပးနိုင္မယ့္ Laptop Brand နဲ႔ Re-seller ေတြဆီမွာပဲ ဝယ္ယူဖို႔ အၾကံျပဳလိုက္ရပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

Laptop တစ်လုံးဝယ်မယ်ဆိုရင် ဘယ်အချက်တွေ စဉ်းစားရမလဲ

Laptop တစ်လုံးဝယ်တော့မယ့်အခါ ဘယ် Brand အကောင်းဆုံးလဲ၊ ဈေးကရော ဘယ်လောက်ရှိလဲ စသဖြင့် မေးတတ်ကြပါတယ်။ ဒီနေရာမှာ ဗဟုသုတလဲနည်း၊ အတွေ့ကြုံလဲ မရှိတဲ့အခါ အကြံဉာဏ်ပေးတဲ့လူ ပြောတဲ့အတိုင်း ဝယ်ဖြစ်သွားကြတာများပါတယ်။ ဆိုတော့ ကွန်ပျူတာပဲဖြစ်ဖြစ် ဖုန်းပဲဖြစ်ဖြစ် ဝယ်တော့မယ်ဆိုရင် ဘယ်အချက်တွေ စဉ်းစားသင့်သလဲဆိုတာ ဖော်ပြသွားပါ့မယ်။

Dell XPS

သုံးစွဲမယ့် ငွေကြေးနဲ့ စွမ်းဆောင်ရည် အမြဲနှိုင်းယှဉ်ပါ

ဒါနဲ့ ပတ်သက်လို့ ကွန်ပျူတာမကလို့ ဘာပဲဝယ်ဝယ် ကိုယ်သုံးချင်တဲ့ ပမာဏနဲ့ အံကိုက်ဖြစ်မယ့် Model ၂ မျိုး၊ ၃ မျိုး ကြို ရှာထားပါ။ ဆိုလိုတာ ဒေါ်လာ ၃၀၀ ဝန်းကျင် Office ကွန်ပျူတာ တစ်လုံးဝယ်ချင်တယ်၊ အဲ့ဈေးနဲ့ ရနိုင်မယ့် Laptop (သို့) Desktop ၂ မျိုး ၃ မျိုးလောက် လိုက်ကြည့်ပြီး ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်တွေ နှိုင်းယှဉ်ကြည့်ကြည့်ပါ။ အဲ့ဒီလို Compare လုပ်ကြည့်လို့ ဈေးကလဲ သိပ်မကွာဘူး Specification ကလည်း ကိုယ့်အကြိုက်ဖြစ်နေပြီဆိုမှ ဝယ်ဖို့စဉ်းစားပါ။

Acer Aspire

ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ရယူပါ

ဒီ Model လေးကြိုက်လို့ ဝယ်ချင်သပ ဖြစ်နေပြီဆိုရင်လည်း Up-to-date ဖြစ်ရဲ့လား အမြဲတန်း ဆန်းစစ်ပါ။ ဘာလို့လဲဆိုရင် ရောင်းမကုန်လို့ Clearance Sale နဲ့ သွားတိုးနိုင်သလို Promotion ချတာမျိုးနဲ့ သွားကြုံနိုင်တာမလို့ မဝယ်ခင် သေချာစုံစမ်းပါ။ နောက်ပြီး ကွန်ပျူတာမှာလည်း အမြဲလိုလို အသစ် ထွက်နေတာဆိုတော့ Processor ဘယ် Generation ထွက်နေပြီလဲ၊ RAM ကိုရော 4GB သုံးတာ လောက်ရဲ့လား၊ Graphics ပါတာနဲ့ မပါတာ ဘာကွာသွားသလဲ၊ Hard Disk ကရော 1TB (1000GB) ဆို ထပ်တိုးဖို့ လိုသလားဆိုတဲ့ မေးခွန်းမျိုး ဝန်ထမ်းတွေ နားငြီးသွားတဲ့အထိ ထိုင်မေးပါ။ ဒီအချက်က Gaming Laptop နဲ့ Video Editing လို အမြင့်ပိုင်း Laptop ရှာဝယ်ရတဲ့အခါ ဈေးရော Performance ပါ ထည့်ချိန်ရတာမလို့ စေ့စေ့ပေါက်ပေါက် စုံစမ်းပါ။

Asus Vivobooks

အကောင်းဆုံး အာမခံ ပေးနိုင်တာမျိုးကိုပဲ ရွေးချယ်ပါ

Dell အလုံးလေးကြိုက်တယ်၊ နိုင်ငံခြားက မှာချင်တယ်၊ ဒါမယ့် နိုင်ငံခြားအလုံးတွေ ဒီမှာ အာမခံပေးရဲ့လား ထပ်စဉ်းစားပါ။ ဘာလို့လဲဆိုရင် အာမခံ မရှိတဲ့ ဘယ်ပစ္စည်းမဆို အလျော်အစားမရှိသလို တခုခု ပျက်စီးသွားခဲ့ရင် စိတ်ညစ်ရတာမလို့ပါ။ အရင်တုန်းကဆိုရင် Apple Brand မှာတောင် သီးသန့် Authorized Service Center မရှိခဲ့တာမို့လို့ iPhone နဲ့ iPad တွေ MacBook တွေ တခုခုဖြစ်သွားခဲ့ရင် Spare Parts (စပယ်ယာပတ်) တွေ နိုင်ငံခြားကနေ မှာပေးရတဲ့အထိ ဒုက္ခများခဲ့ရတာပါ။ ဒါကြောင့်မလို့ ပြင်ရ၊ ဆင်ရ တဲ့ကိစ္စမျိုးမှာ ရှိသင့်တဲ့ဈေးနှုန်းထက် ဈေးပိုကြီးနေရသလို အခုချိန်မှာ ဘယ် Brand ပဲ ဝယ်ဝယ် အကောင်းဆုံး အာမခံ ပေးနိုင်တာမျိုးကိုပဲ ရွေးချယ်ပါ။

Apple MacBook Air

ကိုယ့်အကြိုက်ပဲ ဖြစ်ပါစေ

ဖုန်းပဲဝယ်ဝယ်၊ ကွန်ပျူတာပဲဝယ်ဝယ် ကိုယ့် Favourite ဖြစ်ဖို့ပဲ စဉ်းစားပါ။ ကိုယ်တတ်နိုင်တဲ့ ပမာဏဆိုတာထက် ဒီဖုန်းလေးကြိုက်နေတယ်၊ HP လက်တော့လေးကြိုက်နေတယ်၊ ဝယ်ဖို့လဲတတ်နိုင်နေပြီဆိုရင် ကိုယ်မကြိုက်တဲ့အချက် ပါရဲ့လား Review တွေ လိုက်ဖတ်ပါ။ ဒီအချက်ကို Budget ကွန်ပျူတာ ဆင်ချင်တဲ့သူတွေလည်း အလေးအနက် စဉ်းစားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ဝယ်ပြီးမှ နောင်တရတာမျိုးထက် မဝယ်ခင်ကတည်းက ဘယ် Component သုံးမယ်၊ Processor ဘယ်လောက်ထည့်မယ် Graphics ကို ဘယ်လောက်အထိ ဆွဲမယ် စသဖြင့် ဈေးနှုန်းတွေနဲ့ Performance တွေ Review လိုက်ဖတ်ပြီး အမြဲနှိုင်းယှဉ်ဖို့ မမေ့ပါနဲ့။

Msi X-slim

From Office through Gaming

ဒီလိုပဲ Laptop ဝယ်ရင်လည်း ကိုယ်သုံးချင်တဲ့ အနေအထားလိုက် ရုံးသုံးလုပ်ငန်းသုံး Notebook မျိုးကနေ Ultrabook လား Gaming လား WorkStation လားဆိုပြီး ကိုယ့်အကြိုက်နဲ့ ထပ်တူကျမယ့် Laptop မျိုး ဝယ်ယူဖို့ အကြုံပြုချင်ပါတယ်။ ဒီနေရာမှာ ထည့်ပြောချင်တာက Laptop ဝယ်တဲ့အခါ Display ထက် Performance ပိုင်းကိုပဲ ကြည့်မဝယ်မိဖို့ပါ။ ဆိုလိုတာ Performance လည်းအရေးကြီးသလို Display ကလည်း ပဓာနကျတဲ့အချက် ဖြစ်နေလို့ပါ။ ကိုယ်က Game ကစားချင်လို့ Gaming Laptop တလုံးကို ၁၅ သိန်းလောက်ပေးဝယ်ထားပြီးမှ Display ဂွမ်းနေလို့ Calibration လုပ် ဒါမှမဟုတ် External Display နဲ့ ချိတ်ကစားနေရရင် မဟုတ်သေးပါဘူး။

Lenovo Legion

ဒါကြောင့်မလို့ Laptop ဝယ်တဲ့အခါ ဈေးနှုန်းနဲ့ Performance နှစ်မျိုးပဲ ကြည့်ရွေးတာထက် Display ပိုင်းကိုလည်း ဦးစားပေးစဉ်းစားပါ။ ဆိုတော့ ဒီဆောင်းပါးလေးမှာ ကွန်ပျူတာပဲ ဖြစ်ဖြစ်၊ ဖုန်းပဲဖြစ်ဖြစ် ဝယ်တော့မယ်ဆိုရင် ကိုယ့်အကြိုက်ကိုပဲ ဦးစားပေးပါ။ အခုချိန်က အင်တာနက် ခေတ်ကောင်းနေတာမလို့ Review တွေ လိုက်ရှာဖတ်ပါ။ ဒီအချက်က ဈေးနှုန်းလည်းသိပ်မကွာဘူး Performance ကိုလည်း Detail နှိုင်းယှဉ်ချင်တယ်ဆိုရင် Review ဖတ်ထားလေးက အထောက်အကူဖြစ်မှာမလို့ပါ။ နောက်ဆုံးအနေနဲ့ Warranty နဲ့ Service နှစ်မျိုးလုံး အာမခံ ကောင်းကောင်းပေးနိုင်မယ့် Laptop Brand နဲ့ Re-seller တွေဆီမှာပဲ ဝယ်ယူဖို့ အကြံပြုလိုက်ရပါတယ်။

2B (Akhayar)

www.akhayar.com