[Zawgyi]

လာအိုႏိုင္ငံက ဆည္ၿပိဳက်မႈေၾကာင့္ ရြာမ်ားေရျမဳပ္ၿပီး လူ၂၆ဦးခန္႕ေသဆံုးကာ ရာနဲ႔ခ်ီေပ်ာက္ေန

ဇူလိုင္လ ၂၃ရက္ေန႔ ည ၈နာရီဝန္းက်င္ခန္႔က လာအိုႏိုင္ငံ ေတာင္ပိုင္း၊ Attapeu ျပည္နယ္ထဲမွာ ေဆာက္လုပ္ေနဆဲျဖစ္တဲ့ Xepian-Xe Nam Noy ေရအားလွ်ပ္စစ္ဆည္ဟာ မိုးသည္းထန္စြာရြာၿပီးေနာက္ပိုင္း ၿပိဳက်ပ်က္စီးမႈျဖစ္ပြားခဲ့တာေၾကာင့္ ဆည္ထဲမွာသိုေလွာင္ထားတဲ့ ေရဂါလံ ၅ ဘီလီယံကုဗမီတာဟာ အနီးအနားပတ္ဝန္းက်င္မွာရွိတဲ့ ရြာငယ္ေတြထဲ အလံုးအရင္းစီးဝင္ကာ ရြာေပါင္းမ်ားစြာ ေရလႊမ္းမိုးခဲ့ရပါတယ္။

ေရလႊမ္းမိုးခံရေသာနယ္ေၿမမ်ား။

အဲ့ဒီေရဂါလံပမာဏဟာ အိုလံပစ္ၿပိဳင္ပြဲက်င္းပရာ ေရကူးကန္မ်ိဳး ၂သန္းဝန္းက်င္ခန္႔ ပမာဏေလာက္ရွိပါတယ္လို႔ သိရပါတယ္။ ဆည္ၿပိဳက်ရတဲ့ အေၾကာင္းရင္းကို မသိရေပမယ့္ လက္ရွိမွာေတာ့ လူေပါင္းရာခ်ီေပ်ာက္ဆံုးေနၿပီး ေနာက္ဆံုးသတင္းတင္ျပခ်က္ေတြအရ အနည္းဆံုး လူ ၂၆ဦး ေသဆံုးခဲ့တယ္လို႔ သတင္းရရွိပါတယ္။

ဆည္ထဲမွ ေရမ်ားၿပိဳက်ပံု။

ညဆယ္နာရီခန္႔မွာ ဆည္က်ိဳးပ်က္ၿပီး အလံုးအရင္းဝင္ေရာက္ခဲ့တဲ့ ေရလိႈင္းလံုးအားေၾကာင့္ ဆည္အနီးနားမွာရွိတဲ့ရြာငယ္ ၆ရြာလံုး ေရလႊမ္းမိုးခဲ့ရၿပီး လယ္ကြင္းေတြ၊ အိမ္ယာျခံေျမေတြနဲ႔ ပတ္ဝန္းက်င္တစ္ခုလံုးကို ရႊံ႕ႏြံအတိျဖစ္ေစခဲ့တဲ့အထိ ေရဖံုးလႊမ္းခဲ့ပါတယ္။ ေရ Level ဟာ ၃မီတာမွ ၅မီတာ( ၉ေပမွ၁၅ေပ) အထိျမင့္တက္ခဲ့တာျဖစ္ပါတယ္။

ေရေဘးဒဏ္ခံခဲ႔ရသူမ်ား။

လတ္တေလာအေနနဲ႔ လာအိုႏိုင္ငံေတာင္ဘက္ပိုင္း ကေမ႓ာဒီးယားနဲ႔ ဗီယက္နမ္ နယ္စည္း႐ိုးမွာရွိတဲ့ Attapeu ျပည္နယ္က လူေပါင္း ၇၀၀၀ ခန္႔ဟာ ေရေဘးဒုကၡနဲ႔ရင္ဆိုင္ေနရၿပီး အိမ္ေျခယာမဲ့ျဖစ္ခဲ့ၾကပါတယ္။ အသက္ရွင္က်န္ရစ္သူေတြဟာလည္း သစ္ပင္ေတြေပၚတက္ေျပးသူေတြနဲ႔ ေရ Level ထိပ္ဆံုးထိေရာက္ခဲ့တဲ့ အိမ္အမိုးအစြန္အဖ်ားေပၚတြယ္တက္ေနခဲ့ၾကသူေတြျဖစ္ပါတယ္။

ေရေဘးဒဏ္ခံခဲ႔ရသူမ်ား။

ဝန္ႀကီးခ်ဳပ္ Thongloun Sisoulith ကသတင္းစာရွင္းလင္းပြဲမွာ ေပ်ာက္ဆံုးေနသူ ၁၃၁ ဦးလို႔ ေျဖၾကားခဲ့ၿပီး လာအိုႏိုင္ငံအစိုးရတာဝန္ရွိသူတစ္ဦးကေတာ့ လူဒါဇင္နဲ႔ခ်ီေသဆံုးႏိုင္ၿပီး ထင္ထားတာထက္ ပိုအေရအတြက္မ်ားတဲ့လူရာခ်ီ ေပ်ာက္ဆံုးေနပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပိဳက် က်ိဳးေပါက္ခဲ႔ေသာ ဆည္ထဲမွ ေရမ်ား။

လာအိုႏိုင္ငံဟာ ေရအားလွ်ပ္စစ္စီမံကိန္းေပါင္း ၇၂ ခု ကို စီမံေဆာင္ရြက္ေနတာျဖစ္ၿပီး ႏိုင္ငံရဲ႕ အဓိကတင္ပို႔ကုန္ထဲကတစ္ခုျဖစ္တဲ့ ေရအားလွ်ပ္စစ္ကို အနီးအနားပတ္ဝန္းက်င္ႏိုင္ငံေတြဆီ ေရာင္းခ်ဖို႔ စီမံကိန္းခ်ထားတာျဖစ္ပါတယ္။

ၿပိဳက် က်ိဳးေပါက္ခဲ႔ေသာ ဆည္။

Xepian-Xe Nam Noy စီမံကိန္းထဲကတစ္ခုျဖစ္တဲ့ ေရအားလွ်ပ္စစ္ဆည္မက်ိဳးပ်က္ခင္ နာရီပိုင္းအလိုမွာပဲ ဒီေရအားလွ်ပ္စစ္စီမံကိန္းအတြက္ အက်ိဳးတူပူးေပါင္းထားတဲ့ လာအို၊ ထိုင္းနဲ႔ ေတာင္ကိုရီးယား Project အဖြဲ႕အစည္းဟာ သူတို႔တည္ေဆာက္ခဲ့တဲ့ ဆည္ေတြထဲကတစ္ဆည္ဟာ အႏၲရာယ္မ်ားၿပီး စိတ္ခ်ရမႈလံုးဝမရွိခဲ့ေၾကာင္းနဲ႔ အကယ္၍ ဆည္က်ိဳးေပါက္ခဲ့ပါက ေရလိႈင္းလံုးႀကီးဟာ အနီးအနားရြာေတြဆီ အရွိန္အဟုန္နဲ႔ၿပိဳက်လာႏိုင္ေၾကာင္း ႀကိဳတင္သတိေပးခဲ့တယ္လို႔ VOA သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ေတာင္ကိုရီးယားကယ္ဆယ္ေရးအဖြဲ႔မွ ကယ္ဆယ္ေရးလုပ္ေပးေနစဥ္၊

ဒီဆည္ စီမံကိန္းကို တာဝန္ယူေဆာက္လုပ္ခဲ့တဲ့ ကုမၸဏီေတြထဲက တစ္ခုျဖစ္တဲ့ ေတာင္ကိုရီးယား SK Engineering & Construction (SK E & C) ကုမၸဏီဟာ ဒီဆည္က်ိဳးပ်က္မႈမျဖစ္ခင္တည္းက ဆည္မွာျဖစ္ေပၚခဲ့တဲ့ အက္ေၾကာင္းေတြေတြ႕ရွိခဲ့တာနဲ႔ပတ္သက္ၿပီးအတည္ျပဳခဲ့ပါတယ္။ ဒါ့အျပင္ ဆည္အနီးအနားပတ္ဝန္းက်င္က ရြာ ၁၂ ရြာကိုလည္း ေရႊ႕ေျပာင္းေပးဖို႔ အၾကံေပးခဲ့ပါေသးတယ္။

ကယ္ဆယ္ေရးၿပဳလုပ္ေနပံု။

လက္ရွိမွာ ေရလႊမ္းမိုးျခင္းခံရတဲ့ နယ္ေျမတစ္ခုလံုးကို သဘာဝေဘးနယ္ေျမအေနနဲ႔သတ္မွတ္ထားၿပီး ေလွေတြ၊ လူေတြ၊ ကားေတြ၊ ရဟတ္ယာဥ္ေတြနဲ႔ ကယ္ဆယ္လ်က္ နီးစပ္ရာ အႏၲရာယ္ကင္းနယ္ေျမေတြဆီပို႔ေဆာင္ေပးလ်က္ရွိပါတယ္။ အစိုးရတာဝန္ရွိသူေတြဟာလည္း ႏိုင္ငံတကာမွ အစားအေသာက္၊ ေရ၊ အဝတ္အထည္နဲ႔ ေဆးဝါး၊ ေငြေၾကးအကူအညီလႈဒါန္းမႈေတြ ေတာင္းခံလ်က္ရွိပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

လာအိုနိုင်ငံက ဆည်ပြိုကျမှုကြောင့် ရွာများရေမြုပ်ပြီး လူ၂၆ဦးခန့်သေဆုံးကာ ရာနဲ့ချီပျောက်နေ

ဇူလိုင်လ ၂၃ရက်နေ့ ည ၈နာရီဝန်းကျင်ခန့်က လာအိုနိုင်ငံ တောင်ပိုင်း၊ Attapeu ပြည်နယ်ထဲမှာ ဆောက်လုပ်နေဆဲဖြစ်တဲ့ Xepian-Xe Nam Noy ရေအားလျှပ်စစ်ဆည်ဟာ မိုးသည်းထန်စွာရွာပြီးနောက်ပိုင်း ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့တာကြောင့် ဆည်ထဲမှာသိုလှောင်ထားတဲ့ ရေဂါလံ ၅ ဘီလီယံကုဗမီတာဟာ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ရွာငယ်တွေထဲ အလုံးအရင်းစီးဝင်ကာ ရွာပေါင်းများစွာ ရေလွှမ်းမိုးခဲ့ရပါတယ်။

ရေလွှမ်းမိုးခံရသောနယ်မြေများ။

အဲ့ဒီရေဂါလံပမာဏဟာ အိုလံပစ်ပြိုင်ပွဲကျင်းပရာ ရေကူးကန်မျိုး ၂သန်းဝန်းကျင်ခန့် ပမာဏလောက်ရှိပါတယ်လို့ သိရပါတယ်။ ဆည်ပြိုကျရတဲ့ အကြောင်းရင်းကို မသိရပေမယ့် လက်ရှိမှာတော့ လူပေါင်းရာချီပျောက်ဆုံးနေပြီး နောက်ဆုံးသတင်းတင်ပြချက်တွေအရ အနည်းဆုံး လူ ၂၆ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆည်ထဲမှ ရေများပြိုကျပုံ။

ညဆယ်နာရီခန့်မှာ ဆည်ကျိုးပျက်ပြီး အလုံးအရင်းဝင်ရောက်ခဲ့တဲ့ ရေလှိုင်းလုံးအားကြောင့် ဆည်အနီးနားမှာရှိတဲ့ရွာငယ် ၆ရွာလုံး ရေလွှမ်းမိုးခဲ့ရပြီး လယ်ကွင်းတွေ၊ အိမ်ယာခြံမြေတွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ရွှံ့နွံအတိဖြစ်စေခဲ့တဲ့အထိ ရေဖုံးလွှမ်းခဲ့ပါတယ်။ ရေ Level ဟာ ၃မီတာမှ ၅မီတာ( ၉ပေမှ၁၅ပေ) အထိမြင့်တက်ခဲ့တာဖြစ်ပါတယ်။

ရေဘေးဒဏ်ခံခဲ့ရသူများ။

လတ်တလောအနေနဲ့ လာအိုနိုင်ငံတောင်ဘက်ပိုင်း ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နယ်စည်းရိုးမှာရှိတဲ့ Attapeu ပြည်နယ်က လူပေါင်း ၇၀၀၀ ခန့်ဟာ ရေဘေးဒုက္ခနဲ့ရင်ဆိုင်နေရပြီး အိမ်ခြေယာမဲ့ဖြစ်ခဲ့ကြပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေဟာလည်း သစ်ပင်တွေပေါ်တက်ပြေးသူတွေနဲ့ ရေ Level ထိပ်ဆုံးထိရောက်ခဲ့တဲ့ အိမ်အမိုးအစွန်အဖျားပေါ်တွယ်တက်နေခဲ့ကြသူတွေဖြစ်ပါတယ်။

ရေဘေးဒဏ်ခံခဲ့ရသူများ။

ဝန်ကြီးချုပ် Thongloun Sisoulith ကသတင်းစာရှင်းလင်းပွဲမှာ ပျောက်ဆုံးနေသူ ၁၃၁ ဦးလို့ ဖြေကြားခဲ့ပြီး လာအိုနိုင်ငံအစိုးရတာဝန်ရှိသူတစ်ဦးကတော့ လူဒါဇင်နဲ့ချီသေဆုံးနိုင်ပြီး ထင်ထားတာထက် ပိုအရေအတွက်များတဲ့လူရာချီ ပျောက်ဆုံးနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြိုကျ ကျိုးပေါက်ခဲ့သော ဆည်ထဲမှ ရေများ။

လာအိုနိုင်ငံဟာ ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၇၂ ခု ကို စီမံဆောင်ရွက်နေတာဖြစ်ပြီး နိုင်ငံရဲ့ အဓိကတင်ပို့ကုန်ထဲကတစ်ခုဖြစ်တဲ့ ရေအားလျှပ်စစ်ကို အနီးအနားပတ်ဝန်းကျင်နိုင်ငံတွေဆီ ရောင်းချဖို့ စီမံကိန်းချထားတာဖြစ်ပါတယ်။

ပြိုကျ ကျိုးပေါက်ခဲ့သော ဆည်။

Xepian-Xe Nam Noy စီမံကိန်းထဲကတစ်ခုဖြစ်တဲ့ ရေအားလျှပ်စစ်ဆည်မကျိုးပျက်ခင် နာရီပိုင်းအလိုမှာပဲ ဒီရေအားလျှပ်စစ်စီမံကိန်းအတွက် အကျိုးတူပူးပေါင်းထားတဲ့ လာအို၊ ထိုင်းနဲ့ တောင်ကိုရီးယား Project အဖွဲ့အစည်းဟာ သူတို့တည်ဆောက်ခဲ့တဲ့ ဆည်တွေထဲကတစ်ဆည်ဟာ အန္တရာယ်များပြီး စိတ်ချရမှုလုံးဝမရှိခဲ့ကြောင်းနဲ့ အကယ်၍ ဆည်ကျိုးပေါက်ခဲ့ပါက ရေလှိုင်းလုံးကြီးဟာ အနီးအနားရွာတွေဆီ အရှိန်အဟုန်နဲ့ပြိုကျလာနိုင်ကြောင်း ကြိုတင်သတိပေးခဲ့တယ်လို့ VOA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေးလုပ်ပေးနေစဉ်၊

ဒီဆည် စီမံကိန်းကို တာဝန်ယူဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ တောင်ကိုရီးယား SK Engineering & Construction (SK E & C) ကုမ္ပဏီဟာ ဒီဆည်ကျိုးပျက်မှုမဖြစ်ခင်တည်းက ဆည်မှာဖြစ်ပေါ်ခဲ့တဲ့ အက်ကြောင်းတွေတွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီးအတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဆည်အနီးအနားပတ်ဝန်းကျင်က ရွာ ၁၂ ရွာကိုလည်း ရွှေ့ပြောင်းပေးဖို့ အကြံပေးခဲ့ပါသေးတယ်။

ကယ်ဆယ်ရေးပြုလုပ်နေပုံ။

လက်ရှိမှာ ရေလွှမ်းမိုးခြင်းခံရတဲ့ နယ်မြေတစ်ခုလုံးကို သဘာဝဘေးနယ်မြေအနေနဲ့သတ်မှတ်ထားပြီး လှေတွေ၊ လူတွေ၊ ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်လျက် နီးစပ်ရာ အန္တရာယ်ကင်းနယ်မြေတွေဆီပို့ဆောင်ပေးလျက်ရှိပါတယ်။ အစိုးရတာဝန်ရှိသူတွေဟာလည်း နိုင်ငံတကာမှ အစားအသောက်၊ ရေ၊ အဝတ်အထည်နဲ့ ဆေးဝါး၊ ငွေကြေးအကူအညီလှုဒါန်းမှုတွေ တောင်းခံလျက်ရှိပါတယ်။

EiEiKhineMinn (Akhayar)