[Zawgyi]









ကြည်သာ (အခရာ)

www.akhayar.com
[Unicode]

ဆံရှည်လေး တစ်ယောက်ကိုဘေးနားရှိစေချင်တယ်လို့ပြောလိုက်တဲ့ အဆိုတော်လိမ္မော်သီး

သီချင်းဆိုရင်အာပေါင်အာရင်း သန်သန်သီဆိုတတ်တဲ့ အဆိုတော်လိမ္မော်သီး က ဆံရှည်လေး ကို ဘေးနားရှိသင့်တယ်ဆိုပြီး အပျော်အနှောက် စာလေးကို ပုံလေးတွေနဲ့ အခုလိုတင်လိုက်တာပါ။ မွန်မလေး ဖြစ်တဲ့ အဆိုတော်လိမ္မော်သီး က မင်းသားကျော်ကျော်ဗိုလ်ရဲ့ Country Home ဆိုင်လေးကိုရောက်နေစဉ် ခဏမှာ ဓါတ်ပုံလေးတွေရိုက်ပြီးတော့ သူမရဲ့လူမှုကွန်ရက်မှာအခုလိုတင်လိုက်တာ လည်းဖြစ်ပါတယ်။

“ဒီနေ့ညရဲ့ Country Home

Cowboy  လေးတစ်ယောက်တော့….

ဘေးနားရှိသင့်တယ်……….. ဆံရှည်လေးနဲ့ပေါ့”

သီချင်းဆိုတဲ့ အဆိုတော်ဆိုပေမယ့်လည်း မင်းသမီးတွေ နဲ့ တောင်မှားတဲ့အလှတရားကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။ မွန်တိုင်းရင်းသူတစ်ယောက်ဖြစ်လို့ မျက်လုံး ၊ မျက်ခုံး ကတော့ ပြောစရာမလိုအောင်ကို ဆွဲဆောင်မှုရှိလှတာကိုလည်း တွေ့ရမှာပါ။

သီချင်းတွေ သီဆိုရတာကို နှစ်သက်တဲ့ လိမ္မော်သီးနဲ့ သူမရဲ့ ဖက်ရှင်စတိုင်လေးကို ကြိုက်နှစ်သက်လို့ ပြန်လည်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လိမ္မော်သီး ရဲ့စတိုင်လေးကိုသဘောကျတယ်ဆိုရင်လည်း တခုခုပြောခဲ့ဦးနော်။

Photo Credit:Mi Mon Mon Thike Facebook

ကြည်သာ (အခရာ)

www.akhayar.com