[Zawgyi] 
Ref: 9to5Mac
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
iPhone X မှာပျောက်နေတဲ့ Feature တစ်ခုကိုနောက် iPhone မှာပြန်ထည့်နိုင်
iPhone 6 Plus ကိုစမိတ်ဆက်တဲ့အချိန်ကို သင်မှတ်မိဦးမှာပါ။ iPhone 6 နဲ့ 6 Plus က Apple ရဲ့ Design နဲ့ အရွယ်အစား ပြောင်းလဲမှုအရှိဆုံး iPhone တွေအဖြစ်ဈေးကွက်ထဲကို ရောက်လာပြီးနောက်ပိုင်းမှာ iPhone Plus Model တွေ နေရာရလာပါတယ်။ iPhone Plus Model တွေမှာ ထူးထူးခြားခြား iPad ပဲရတဲ့ Landscape Home Screen Mode ပါလာပါတယ်။
iPhone X Plus Landscape In App Split View
iPhone X မှာတော့ Apple က Landscape Mode ကို ထည့်မပေးခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာ အဖြေမရှိသလို User တော်တော်များများကလည်း Complaint မတက်ပါဘူး။ Landscape Mode က iPhone 8 Plus အထိပဲပါနေပြီး iPhone Plus Model တွေမှာပဲ ထည့်ပေးထားတဲ့ Feature ဖြစ်နေပါတယ်။ အခုတော့ Landscape Mode က iPhone X Plus မှာ ပြန်ပါလာမယ်ဆိုတဲ့အကြောင်း iOS 12 Beta ထဲက Code တွေအရ သိရတာပါ။  Landscape Mode ကိုသုံးချင်ရင် iPhone Plus Model တစ်ခုခုကို ဝယ်မှရမှာပါ။
Landscape Mode in Messages
Landscape Mode ကတော့ ဖုန်းကို အလုပ်အတွက် အသုံးများသူတွေအဖို့ တကယ်ကိုအဆင်ပြေတဲ့ Feature လို့ပြောလို့ရပါတယ်။ မပါလည်း ဘာမှသိပ်မဖြစ်ပေမယ့် ပါရင်တော့ အလုပ်လုပ်ရတာ ပိုမြန်သွားစေပါတယ်။ Messages ၊ Mail နဲ့ တခြား App တော်တော်များများမှာ iPad လို နှစ်ခြမ်းမြင်နိုင်တာကြောင့် Display ကြီးတာကို အကျိုးရှိရှိ အသုံးချလို့ရသွားပါတယ်။ Plus ဖုန်းတွေမှာပဲရတဲ့ Feature ဖြစ်နေတာကြောင့် Landscape Mode က Plus User တွေအတွက် သီးသန့်ဖြစ်နေပါတယ်။ 
iPhone 6 Plus Landscape Home Screen
Apple အနေနဲ့လည်း ဒီနှစ်အတွက် iPhone ထုတ်တဲ့ Pattern ကိုပြောင်းမယ်လို့သတင်းထွက်နေတာ များနေပါပြီ။ လက်ရှိ iPhone 8 နဲ့ iPhone 8 Plus နေရာကို iPhone X နဲ့ iPhone X Plus အဖြစ်အစားထိုးသွားမှာဖြစ်ပြီး ဈေးနည်းနည်းပိုသက်သာတဲ့ iPhone တစ်လုံးကိုလည်း မိတ်ဆက်ပေးသွားမယ်လို့သိရပါတယ်။ ဈေးသက်သာတယ်ဆိုပေမယ့် လက်ရှိဈေးအသက်သာဆုံးဖြစ်နေတဲ့ iPhone SE တွေလောက်တော့ သက်သာမှာမဟုတ်ပါဘူး။ 
Ref: 9to5Mac
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။